မှားသမှ လွဲ တားမရလဲ နေ ကျပ်ပွားမွှေ

Saturday, May 16, 2009

ယခု ရက်ပိုင်း ကျွန်ုပ် စိတ်ပိုင်းဆိုင်ရာကြည်လင်မှုမရှိသည့်အလျှောက် ၊ အာနာပါနကမ္မဌာန်းလေး စီးဖြန်းလိုက်၊ အလုပ်ကလေးပြေးလုပ်လိုက် ၊ ၀မ်းစာအတွက် တိတ်ဆိတ်အေးဆေးစွာချက်ပြုတ်စားသောက်လိုက်ဖြင့်
ကျွန်ုပ်၏ ကိုယ်ပိုင်ကမ္ဘာကျဉ်းကျဉ်းကလေးထဲတွင် အေးငြိမ်းရာရှာဖွေရင်း နေစိမ့်သူကြီး တဦးအလား လောကကြီးနှင့် လောကီ ဖြစ်စဉ်တို့ ကို ဥပေက္ခာပြု နေထိုင်နိုင်ရန်ကြိုးစားမိသော်လည်း အရံသင့် အမြဲဆောင်ထားသော
ပယင်းရောင် ယစ်ရွှေရည်ပုလင်းကိုတော့ မျက်စောင်းတထိုးထိုးနေမိပြန်၏။

နေ၀င်ရီတရော အပုတ်ချိန် တွင် သတင်းများကိုဖတ်မိတော့....
နအဖ စစ်အာဏာရှင် က ကြောင်တိကြောင်တောင် အဖြူကောင်ကို အင်းလျားကန်ထဲမှ ဆယ်ထုတ် ဖမ်းခေါ်သွားသည်ဆို၏။ အကြောင်းကား ထို အမေရိကန် ကောင်သည် သူ၏ စာအုပ်အတွက် ဒေါ်အောင်ဆန်းစုကြည်
နှင့်တွေ့ ဆုံရန် တိတ်တဆိတ်ဖြင့် အင်မတိအင်မတန်အစောင့်အကြပ်ထူပြောကာ စက္ကန့် နှင့်အမျှ စောင့်ကြည့် ထိမ်းချုပ်ထားသော အိမ်ခြံဝင်းတွင်းသို့  ၀င်ရောက်သွားကာ နှစ်ရက်နေခဲ့သည်ဆိုသော ကိစ္စဖြစ်လာ၏။
ထို့နောက်... ကော်တာပဲ ကွ ဟူသော အပေါက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါတီဝင် အမျိုးသမီး သားအမိကိုပါ အင်းစိန်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြန်၏။
ထိုအဖြူကောင်နှင့်ပါတ်သက်၍လည်း တချို့  ဂုရုများဟု မိမိကိုယ်မိမိအထင်ရှိသူများက 'သူဟာ ဒီမိုကရေစီကိုထောက်ခံသူဖြစ်တယ်၊ဘာဖြစ်တယ်၊ညာဖြစ်တယ်၊ ဟိုဒင်းဖြစ်တယ် ၊ဟိုဟာဖြစ်တယ်' ဟု မိန့် မိန့် ကြီးဖြင့်
ဖြီးကြပြန်၏။

ထိုအချိန်တွင် ဘဘသန်းတို့ ကတော့...အကြံပိုင်သော ငခွေးပေါ့.......... ဂွင်ပဲပေါ့.... အီစကိုကွပေါ့......ဘာရမလဲ သာဝ ပဲပေါ့.... ။
အဲသလို ကို အူမြူးသွားလျှက် ရေးကြီးသုတ်ပြာ ဆုံးဖြတ် ပစ်လိုက်၏။ နောက်ကွယ်တွင် ပိုမို ကောက်ကျစ်ယုတ်မာ လူမဆန်သော အစီအစဉ်များ လည်းဆက်လက်ရှိနေမည်မှာ ကျိန်းသေ၏။

ထိုကိစ္စနှင့်ပါတ်သက်၍ ဘိလပ်လို ဆောင်းပါးလေးတပုဒ်ရေးအပြီး မိတ်ဆွေဖြစ်သူ ၏ ဘလော့ကို ၀င်ကြည့်မိပြန်သည်။
ဆုမွန်၏ ဘလော့တွင် တင်ပြထားသော ဒေါ်ခင်ခင်ဝင်း တို့ သားအမိနှင့်ပါတ်သက်သော ရေးသားချက်၊ထို့ နောက် ကာယကံရှင်၏ သမီး ဖြစ်သူ၏ ရေးသားချက်များ ကို ဖတ်မိတော့ တော်တော်စိတ်မကောင်းဖြစ်မိသလို၊
ပြည်ပရောက် မြန်မာ သတင်းထောက်ဆိုသူများ၏ မြန်မာစာ နှင့်မြန်မာစကား ၊ သတင်း သမား ကျင့်ဝတ်နှင့် ရပ်တည်မှု၊ ကိုယ်ကျင့်တရားနှင့် တာဝန်ယူမှု အပေါ် ထားရှိသော တန်ဘိုး နှင့် ခံယူချက်ကို အတော် ပင် အံ့သြ မိသလို အင်မတန်လဲ စိတ်ပျက်မိ၏။

အိမ်ဖော်၊ အစေအပါး၊ အခိုင်းအစေ ဆိုသည့် ဝေါဟာရနှင့် အမျိုးသမီး ပါတီဝင်ရဲဘော် ၊ ခေါင်းဆောင်နှင့်အတူ ဒုက္ခခံကာ မားမားမတ်မတ် အတူတကွ ရပ်တည်ခါးဆီး ရင်ဆိုင်သူ၊ ဘယ်နေရာမှာ တူညီမှုရှိပါသနည်း။
ပြီးခဲ့သောနှစ်ကလည်း ဧရာဝတီ သတင်းဌာန က အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားချက်တစ်ခုတွင် ကျောင်းသားတပ်မတော်ကို သောင်းကျန်းသူလို့ သုံးသွားကာ နအဖ ကို အစိုးရဟု သုံးစွဲရေးသားသွားပြန်၏။
ရေးချင်တိုင်းရေးကာ သူတို့ ကိုယ်သူတို့  တင့်တယ် လွန်းလှသည် ထင်နေကြသည့် ကောင်များ ကတော့ စားဝတ်နေရေး အဆင်ပြေ၊ အသောက်အစား လျှံပယ်ကာ ၊ ကြွယ်ကြွယ် ၀၀ နေရလျှင် တခြား ဘာကိုများ ဒီကောင်တွေက
လေးလေးနက်နက်ဂရုစိုက်ဦးမည်နည်း။

ဒီနေရာတွင် ဘီအမ်အေ ဆိုသော ဆရာများ ဖက်က တုံဏှိဘာဝေ ဆိတ်ဆိတ်နေကာ တရားဝင် ဘာသံမှထွက်ပေါ်လာခြင်းမရှိ။ ဟိုစပ်စပ်ဒီစပ်စပ် ဖြင့် ဆရာကြီး ၀င်လုပ်ကာ ပဏာယူ မည့်ကိစ္စများဆိုလျှင်တော့ ဒင်းတို့ ကရှေ့ ဆုံးကဖြစ်၏။
ပုံမှန်လည်ပါတ်မှုရှိနေသော အဖွဲ့ အစည်းတစ်ရပ်မှ ဟုတ်ပါလေစ။ မျက်စိစုံမှိတ်ကာ သတင်းဖြစ်ပြီးရော ရေးသားနေသော ပြည်ပရောက်မြန်မာ သတင်း သမားဆိုသူများ၏ တာဝန်မဲ့မှုနှင့်ပါတ်သက်ကာ တေမိဇာတ်ခင်းလျှက် အမုန်းမခံ
ပရောဟိတ်ဟန်များဖြင့် ၀စီပိတ်ကျင့်နေကြ၏။


မြန်မာ့အလင်း ကြေးမုံနှင့် ဒီဖက်က ကောင်များ၏ သတင်း ဌာနများသည်လည်း သိပ်တော့မထူးလှပါ ။ သူ့ နည်းနှင့်သူ ဘယ်သူ သေသေ ငတေမာ လျှင် ပြီးရော စောက်ကျင့်များဖြင့် သက်ဆိုင်သူများ အား စော်ကား ပြီးရင်းစော်ကားရင်း လုပ်ရပ်ကို
ရပ်တန်းကမရပ်ကြ။ သူတို့ ကိုယ်သူတို့  တိုင်းပြည်၏ ကယ်တင်ရှင်များလိုလို တကယ့် ဆယ်လစ်ဘရစ်တီများလိုလို ၊ ဘန်ကီမွန်းထက်ပင် ပိုမို အလုပ်များ ကာ ကင်ချီး စိမ်နေကြသလိုလို အချိုးမျိုးဖြင့် ကလောင်ဖင်ကြားညှပ်ကာ မိုးမမြင်လေမမြင်ဖြစ်နေကြ၏။
ထို့ ပြင် လေလှိုင်းမှ လေလည်နေကြသော ဘီဘီစီ ၊ အာအက်ဖ်အေ၊ ဘီအိုအေ၊ ဒီဗွီဘီ တို့ မှ ဆရာသမား များသည်လည်း စောက်ချိုးက အတူတူပင်ဖြစ်ကြ၏။ ပြည်သူလူထုတရပ်လုံးက သူတို့ လောက်မသိ ၊ သူတို့ လောက် နားမလည်သလို လေသံများ ဖြင့်။

ဒီတော့... ဒီကောင်တွေ လို နိုင်ငံခြား စပွန်ဆာဖြင့် မမောက်မာနိုင်ပဲ ကိုယ့်ထမင်းကိုယ်စားကာ တိုင်းပြည် နှင့်လူမျိုး အတွက် ၊ မိမိခေါင်းဆောင် အတွက် မိမိတို့ ၏ လွတ်လပ်ခွင့်နှင့် ဘ၀ကို ပေးထားကြသော ထိုသားအမိဖက်မှ နားလည်စာနာမှုဖြင့် ကျွန်ုပ် လည်း
မအီမသာ ဤ စာ အား ရေးလိုက်ရင်း တဆက်တည်းလည်း ဒေါ်အောင်ဆန်းစုကြည် အား အင်းစိန်ထောင်ထဲပို့ ထားသည့် ကိစ္စနှင့်ပါတ်သက်ကာ
ငပွအရေးကျွမ်းကျင်သူများ ၊ နအဖ ဖက်မှ ရှေ့ နေလိုက်ကာ တတ်ယောင်ကား လေသံပစ်နေသော ကောင်များ ၏ ထင်မြင်ချက်များပေါ်မလာသေးခွေးမသားတွေဘာကို ဆက်ပြီးတတ်ယောင်ကားလုပ်ကြဦးမည်နည်းဟု
တွေးရင်းခပ်ကင်းကင်း ခပ်ပြတ်ပြတ် ဆောင်းပါးများထပ်မံရေးသားမှဖြစ်ဦးတော့မည်ဟု စဉ်းစားမိပါ၏။


တုတ်ကြီး (တာဝတိံသာ)

1 Comment:

တေဇာ (လရောင်လမ်း) said...

အော.. ကျွန်တော်က ပြောင်းပြန်ပြန်ဖတ်နေတာဆိုတော့... နောက်ပိုင်းမှာ ခပ်ပျော့ပျော့လေးတွေဖြစ်ကုန်တော့မလားမသိဘူး..။ ♥♥♥