ဖာသည် ဘ၀ အလွတ်ရုန်းကြ

Monday, May 18, 2009

မတရားတဲ့အမိန့်အာဏာ ဟူ သမျှ တာဝန်အရဖီဆန်ကြ ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူမ၏ အကြမ်းမဖက်ရေး လမ်းကြောင်းပေါ်တွင် ပြည်သူလူထုအကျိုးစီးပွားနှင့် စစ်မှန်အေးချမ်းသော ဒီမိုကရေစီပြည်ထောင်စုဖြစ်မြောက်ရေးအတွက်
နှလုံး ရည် ၊ဇွဲ ၊ ရိုးသား အနစ်နာခံမှု ၊ခွင့်လွှတ် နားလည် မှုအပေါ်အခြေခံသည့် သိမ်မွေ့ နက်နဲသော တိုက်ပွဲလမ်းကြောင်းပေါ်မှ ဒေ၀ဒတ်နှင့် မယ်ကုဝဏ်စပ်ကျလာသော စစ် ဗိုလ်ချုပ်များ အား သူမပြောခဲ့သည့်မူအတိုင်း အပြုံးမပျက် ဖြင့် အေးဆေး တည်ငြိမ်စွာ
လူထုမျက်နှာတခုထဲအတွက် ကြံ့ကြံ့ ခိုင်ခိုင် ရင်ဆိုင်လျှက် အိမ်တွင်း အကျယ်ချုပ်ချခါ မတရားသဖြင့် နှောင်ပိတ်မှုအား လူထု အကျိုးစီးပွားအတွက် သည်းခံလျှက် အချိန်တစ်ခုကိုစောင့်ခဲ့၏။

ယခုတော့ နအဖ သည် ဒေါ်အောင်ဆန်းစုကြည်၏ ခန္ဓီ ၊ပါရမီကို ရေကုန်မီးကုန် ဖျက်ဆီးရန် သာမန် ယောက်ျားများ ဘယ်သောအခါမှကြံစည်မည့်မဟုတ်သည့် အောက်တန်းကျ ယုတ်ကန်းလှသည့် လုပ်ရပ်ဖြင့် ကြိုးပမ်းလိုက်ပြန်၏။

ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ချောက်ဆင် ဖမ်းသည်ဟု နောက်ဆုံးကြားရ၏။ ထိုသတင်းမကြားခင် နိုင်ငံခြားသတင်းဌာနများ ပြည်ပရောက် မြန်မာသတင်းဌာနများနှင့် ဗျူး ကြ သော ဦးညဏ်ဝင်းတို့ ၏ စကားများအားနားထောင်မိသောအခါ
ဒီလူကြီး ဟုတ်မှဟုတ်သေးရဲ့လား ဟု ပင်တွေးမိလာ၏။ နအဖ ဘက်က ဘာပုဒ်မ ညာပုဒ်မနှင့်စွဲမည်ဆိုသည့် လေသံမထွက်သေး ၊ထောင်ချောက်တော့ဆင်ပြီးပြီ ဂွင်သွင်း ရန်သာကြံတော့သည့်အခြေအနေတွင် NLD ၏ပြောရေးဆိုခွင့်ရှိသူဆရာသမားက
ခပ်တည်တည်ပင် ပုဒ်မ တပ်၊ နှစ် အပိုင်းအခြား ပင် ကြိုသတ်မှတ်ပေးလိုက်သေး၏။ သည်တော့မတရားသည့်အမိန့် အာဏာဖြစ်နေလျှက် မတရားသည့်အမိန့် အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ရန် သတ္တိ မရှိပေ၍လော၊ သို့ မဟုတ် ညံ့လွန်းတုံးလွန်း
၍ပင်လော၊ သို့မဟုတ် ပုလင်းတူဗူးစို့  ဖြစ်၍ ပေလော...။ အူတူတူအ တတ နိုင်လွန်းသည် တကယ်မှန်လျှင်လည်း NLD အနေဖြင့် ပြောရေးဆိုခွင့်ရှိသူ ပြောင်းသင့်ချိန်တန်ပေပြီ ။

နအဖ၏ မတရားသည့်ဥပဒေ များကို ကိုးကားကာ ပြောဆို မျှော်လင့် တစ်ပေး တွက်ချက်နေကြသည့် တော်လှန်ရေး ခေါင်းဆောင်များ ဆိုတော့လဲ ခက်ဘူးလားလကွယ် ဟုပင် ငြီးရတော့မလို ။

ကိုယ့်ထမင်းကိုယ် လက်ကြောတင်းအောင်ရှာ၍ တခါဖူးမျှ မစားခဲ့ဖူးသည့် ပြည်ပရောက်ကျွမ်းကျင်သူများဆိုသည့် တချိန်တုန်းကခေါင်းေ ဆာင်ဖြစ်ခဲ့ဖူးသောသူများကလည်း ယခုအခါ ပုဂ္ဂိ္ဂုလ်ရေးတည်ဆောက်မှုနှင့် အနေအစားချောင်ရေး လောက်အတွက်သာ ရပ်တည်ကြတော့၏။
ဗျူးလိုက်ရတဲ့ အင်တာဗျူး ၊ခန့် မှန်းလိုက်ရတဲ့ ခန့် မှန်းချက် ၊ ပေးလိုက်ရတဲ့နှပ်ကြောင်း၊ ကျော်ဝင်း ၊ ဇော်ဦး ၊တင်မောင်သန်း ၊ဇာနည် ၊ဇော်ဝင်းမောင် ၊ အောင်သူငြိမ်း၊ အောင်နိုင်ဦး၊ ၀င်းမင်းနှင့် ထိုသူတို့ ၏ အဆွယ်အပွား များ အဟုတ်ကြီးထင်ကာကြိတ်လေးစားနေကြသော ကိုယ့်ကိုယ်ကိုယ်
အကဲဒမစ်များ ၊အကဲဒမစ်ပေါက်စများ ဟု အသားလွတ်အထင်ရှိဟန်တူသော သူများ တတိယ အုပ်စု ၊ စတ္တုတ္ထ ဥစုပ် များ ၏ နအဖ ရွေးကောက်ပွဲ လမ်းကြောင်းနောက်လိုက်ရေး ၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် မရှိသည့် အပြစ် ကို ရှာကြံပုံချရေး လောက်ကို သာ လုပ်တတ်ကြပြီး တကယ်တန်းတော့
ထိုသူတို့ ၏ ဘ၀တလျှောက်ပြန်ကြည့်လျှင် လူလည် ၊ လူနပ် ၊လူပါး ၊ လူ့ မလိုင် များ သာ ဖြစ်ကြ၏။ လူ့ မလိုင်များ ဘ၀သို့  မရောက်ရောက်အောင်မသွားခင်ကလဲ ချီးပုံထိပ်များက လေသလပ်သည့် ပြောင်းဖူးစေ့များ သာ ဖြစ်ကြ၏။ ကြည့်ပါ မ.က.ဒ.တ တွင် ဖြတ်သန်းခဲ့သော ထိုသူများ မ.က.ဒ.တတွင်
ဖြတ်သန်းခဲ့သည့် သက်တန်းတလျှောက် တိုက်ပွဲမပြောနှင့် ၊ ရှေ့ တန်းစခန်းတွင် ပင် တပါတ်ပြည့်အောင် ပွင့်လင်းကာလမဟုတ်သည့်အချိန်တွင်ပင် ရဲဘော်ရဲဘက်များနှင့် ရေခပ် ထမင်းချက် ကင်းစောင့်လုပ်ခဲ့ဖူးပါသလား ။

ကျော်ဝင်းဆိုသည့်သူကလည်း ၊ အမေရိကန်နိုင်ငံမှ သေးသေးမွှားမွှားတက္ကသိုလ်လေးတစ်ခုတွင် သွားရောက် ခဲ့စဉ်ကာလက ၊ မာ့က်စ် လီနင် ၀ါဒ ဘာဖြစ်သလေးညာဖြစ်သလေးဖြင့် ကိုရွှေအမေရိကန်ကြီး များ ကမေးစေ့ပွတ်ပြီး 'ကောင်လေး ၊ လိမ်မာလာပြီ'ဟူသောအကြည့်ဖြင့် အကြည့်ခံရယုံ
ထိပ်ပုတ်ခေါင်းပုတ် ဖြင့် ဆက်ဆံခံရယုံလေး အတွက် ထောင်ထဲတွင် အထုခံလိုက်ရသည်ကလည်းရှိဆိုတော့ကာ....တချက်ထဲ အနီမှ တခါထဲ ပန်းရောင်ဖြစ်၍ ပန်းရောင်မှတဆင့်မျောက်ဖင်နီ ပျားတုတ်သလို အရောင်မျိုးစုံပြောင်းလျှက် ၊ နအဖ ၏ ငယ်မွေးခြံပေါက်ဘ၀သို့  ဘ၀မကူးပဲ ခုန်ပြောင်းသွား ရင်း ပလွေတို တို့  ဘာဂျာ ကျယ်တို့ 
ရေးသည့် စာအုပ်များ ကို အကိုးကားကြီးကိုးကားရင်း ပြည်သူလူထုကို ဆရာကြီးလုပ်စော်ကားပြန်သေး၏။



တကယ်တော့ မြန်မာပြည်၏ အမျိုးသား ပြသနာများသည် စစ်တပ် ကြောင့်လည်းမဟုတ်၊ ဒီမိုကရေစီလိုလားသူ ပြည်သူလူထုကြောင့်လဲမဟုတ် ၊ ဒီမိုကရေစီအင်အားစုများကြောင့်လဲမဟုတ်၊ ကိုယ်ကျိုးစွန့် ရမည်ဆိုလျှင် အိလေးကွလေး ဖြင့် အလွယ်လမ်း လိုက်ကာ မှိန်း ပြီး ဆရာကြီးလုပ်အကိုးကွယ်ခံချင်
အနေအစားချောင်ချင်သည့် သူများနှင့် တပ်မတော်ကြီးတစ်ရပ်လုံးအား အိမ်ကျွန် လို ခွေးလိုနွားလို အနိုင်ကျင့် ဆက်ဆံနေသော စစ်အာဏာရှင် တစုကြောင့်သာလျှင်ရှင်းမရ လောက်အောင် ခက်ခဲနေရခြင်းဖြစ်၏။

ထို့ ပြင်တ၀ ပရောဂျက် နှင့် ပရိုပိုဇယ်နိုင်ငံရေး ခေတ်ကို ထူထောင်ကာ မိန်းမပေါင်ပေါ်စတော်ဘယ်ရီသီးလျှက် ခွေးလို ဟပ်ချင်သည့် ကောင်များ ကြောင့်လည်းခက်ခဲနေရခြင်းဖြစ်၏။

တကယ်တန်း တပ်မတော်မှ မည်သည့် အရာရှိ မည်သည့် ရဲဘော်နှင့်မျှ ၊ ဒီမိုကရေစီလိုလားသူ ပြည်သူလူထု တရပ်လုံး တွင် ပုဂ္ဂိ္ဂုလ်ရေး အာဃာတမရှိ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပုဂ္ဂိ္ဂုလ် ရေးအာဃာတမရှိ၊ ထို့ ပြင် မည်သည့် လက်နက်ကိုင်အင်အားစုနှင့်မျှ လည်း ပုဂ္ဂိ္ဂုလ် ရေး အာဃာတမရှိ။

တပ်မတော်သည် စစ်အာဏာရှင်၏ ဖျက်ဆီးမှုဖြင့် ဖာသည်ဘ၀သို့ လုံးလုံးရောက်ရ၏။ တော်လှန်ရေးသည် ပရောဂျက် ပရိုပိုဇယ် နိုင်ငံရေး သမားတို့ ကြောင့်ဖာသည်ဘ၀လုံးလုံးရောက်ရ၏။ ပြည်သူလူထု၏ နားမျက်စိတို့ သည်ကား တတိယအုပ်စုလို ကောင်များ၏ နေ့ တဓူ ၀မုဒိန်းကျင့်မှုဖြင့်
ကြိုက်ကုန်းဘ၀သို့ ရောက်ရ၏။ ထိုဖာသည် ဘ၀ ကြိုက်ကုန်းဘ၀ များကို လုံးလုံးရပ်ကာ အေအိုင်ဒီအက်စ်နှင့်တူသည့် တမျိုးသားလုံး ပျက်သုန်း သိက္ခာကျ သေဆုံးခြင်းမဖြစ်ခင် ပြောင်းလဲမှုတရပ်အား ၀ိုင်းဝန်း ကြိုးစားလုပ်ဆောင်မှသာလျှင် ကျနော်တို့ တိုင်းပြည် အား ပြန်လည်ကယ်တင်နိုင်မည်ဖြစ်၏။
သို့ မဟုတ်ပါက ကျနော်တို့ အားလုံး ဖာသည်များဘ၀ဖြင့်သာ လျှင် ဖာ ဇာတ်လမ်းမဆုံးပဲ ဖာဒီမိုကရေစီတိုင်းပြည်ကြီးကို ဖာနည်းဖာဟန်ဖြင့် တည်ဆောက်ယုံသာရှိတော့သတည်း။


တုတ်ကြီး (တာဝတိံသာ)

2 Comments:

ဗီလိန် said...

လေးစားမိပါ၏

တေဇာ (လရောင်လမ်း) said...

ဖာဖာထေးထေးလေးတောင် ဖေးဖေးမမ မပြောတော့ဘူးလားဟင်...(၀မ်းနည်းစွာဖြင့်...)