mmblogpress.com အား ဆြာတုတ်ကြီး ဖောင်ဒေးရှင်းမှ ဆုငွေ တသန်းချီးမြှင့်ခြင်း

Thursday, December 25, 2008

ယခုတလော ကျွန်ုပ် ဆြာတုတ်ကြီး အလုပ်အင်မတန်များနေ၏။ မနက်ခြောက်နာရီ လော်ကယ်ရထားအဆိုက် ကုန်စိမ်း အမှီပို့ ရ၏။ ညခုနှစ်နာရီလောက်မှ ဆိုက်ကား ဂိတ်က အိမ်ပြန်ရောက်၏။
အိမ်ပြန်ရောက်တော့ ထမင်းလေးတအိုးချက် ဖြစ်သလိုလေး စားပြီးတော့ ဆောင်းအေးအေးမှာ စောင်စုတ်ကလေး ခြုံလျှက် မီးတိုင်မှုတ်၍ ကွေးပါတော့၏။
ဒါက စိတ်ကူးယဉ် version ပါ ဆိုက်ကားငှားပြီး မြို့ တပါတ်ပါတ် ပစ်လိုက်မည်ဟု အစောတလျှင် ကြုံးဝါးမထားပါနှင့်မိတ်ဆွေ။

မနက် ခြောက်နာရီ ထပြီး ရုပ်မြင်သံကြားမှ မနက်ခင်း traffic သတင်းကြည့်နေကြ။ ကွန်ပြူတာ လေးဖွင့်ပြီး မိတ်ဆွေအချို့ နှင့် ပြောနေကြ။
ဒီကနေ့ တော့ ခရစ္စမတ်အကြိုဆိုတော့ အလုပ်ပိတ်၊ ခရစ္စမတ်နေ့ လည်းအလုပ်ပိတ် သဖြင့် အေးအေးလူလူ နှစ်ပေထုရှိသော အိစက်ညက်ညောသည့်မွေ့ ယာကြီးပေါ်တွင် ဇိမ်ခံကာ Gtalk ဖွင့်လိုက်တော့
တယောက်သော သူငယ်မက mmblogpress ဆိုသည့် ဗမာ သတင်းသမဂ္ဂမှကြီးမှူးသည် ဆိုသော bloggers များအား မဲပေး ရွေးချယ် သူကောင်းပြုမည့် အင်တာနက်စာမျက်နှာတခုကိုလာပြ၏။
What a generosity?
oh....yeah.....philanthropically righteous idea!!! Oh My my.... စသည်ဖြင့် ကျွန်ုပ်၏ အတွေးထဲတွင် ငပိသံဖြင့် အာမေဋိတ်တို့ ပဲ့ တင်ထပ်သွားစေပါတော့၏။
BMA ဆိုပါလား ။ ကျွန်ုပ် ငယ်ငယ်က BMX စက်ဘီးပြိုင်ပွဲထိုင်ငေးရင်း ငါးကျပ်တော့ကောက်ရဖူးပေ၏။ ခုတော့ BMA ဘော်ချက်မှု ကိုထိုင်ငေးရတော့မည့် ကိန်းဆိုက်နေရင်း မိမိ၏ ဘလော့များ
သည် အနှီ အရင်းမစိုက် ရွှေဖြစ်ငွေဖြစ် ဖော်မြူလာဖြင့် အလုပ်ဖြစ်နေသော အဂ္ဂိရတ်သမားများ၏ Big Malicious Asses ဆိုသော အဖွဲ့ အစည်းကြီး၏ သားကောင်ဘ၀သို့ ရောက်မှန်းမသိရောက်သွားပေတော့၏။

ကဲ ... ဆန်းစစ်မှုတခုကို ဦးစံရှား ဆေးတံမငှားပဲ ခေါင်းပေါင်းဖြုတ်ခေါင်းကုတ်ရင်း စတင်ကြရအောင်လား ပရိဿတ်။
ကဲ .... စကြည့်လိုက်ရအောင်။
သူတို့ ၏ အင်တာနက်စာမျက်နှာမှ အကြောင်းအရာများ အား လေ့လာမိတော့....

MBAA အကြောင်း

MBAA 2008 (Myanmar Blog Academy Award 2008 Programme) အကြောင်း

(က) မြန်မာဘလောဂ့်လောက အတွက် အခြေအနေနှင့် အချိန်အခါအရ လိုအပ်သည်ဟု ယူဆမိ၍ ဤ MBAA ကို နည်းပညာ၊ သုတ၊ ရသပိုင်းများ ရေးသားဖြန့်ဝေရာတွင် နေရာတစ်ခု ရရှိနေကြသော မြန်မာဘလော်ဂါ လူငယ်တစ်စုက တိုင်ပင်သင့်သော သူများ၏ အကြံဥာဏ်များကို ယူ၍ စတင်ခဲ့ ပါသည်။

(ခ) MBAA ၏ လုပ်ငန်းဆောင်တာများအတွက် Myanmar Blog Press ဝက်ဘ်ဆိုဒ် (Domain,Hosting & Setup) ကို သတ္တမနည်းပညာရပ်ဝန်း (Technical 7) က ကူညီ ပံ့ပိုးပါသည်။ ဆိုဒ်ပြင်ဆင်မှုနှင့် လိုအပ်သော နည်းပညာကိုလည်း ၎င်းအဖွဲ့မှပင် ပံ့ပိုးပါသည်။

(ဂ) ဆုများ ပေးအပ်ချီးမြှင့်ရာတွင် အများ၏ ဆန္ဒမဲပေးမှု အဆင့်အတန်းအရ ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2008 ၏ ဂုဏ်ပြုမှတ်တမ်းတင်လွှာ တစ်ခုစီနှင့်၊ မြန်မာ သတင်းသမဂ္ဂ ၏ အမှတ်တရ လက်ဆောင် ပစ္စည်း တစ်ခုစီ ဆုရရှိသူ ဘလော်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2008 Programme မှ အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

(ဃ) MBAA 2008 Programme သည် အခြား မည်သည့် အဖွဲ့အစည်း၊ ငွေကြေးကိစ္စများနှင့် လုံးဝ(လုံးဝ) ပတ်သက်မှုမရှိပါ။

ကျွန်ုပ်မေးလိုသည်မှာ (က) အဘယ်ကဲ့သို့ သော ဒေါက်တာ ဘွဲ့  ပိုင်ရှင်များက ယူဆ ကြသနည်း ။နေရာတစ်ခု ရရှိတယ်ဆိုသည် က အဘယ်ကဲ့သို့ သော နေရာဖြစ်သတုန်း။
(ခ) သတ္တမ နည်းပညာ ရပ်ဝန်းနှင့်ပတ်သက်၍ တော့ မသိ မပြောလိုပါ wordpress CMS သုံးထား တာကိုတော့တွေ့ ရပေ၏။
(ဂ) အမှတ်တရလက်ဆောင်ပစ္စည်းများကို နေထိုင်ရာမြို့ ရွာ နိုင်ငံအရောက် အခမဲ့ပို့ ဆောင်သွားမည် ဆိုပဲ ။ ပြည်တွင်းမှ နအဖ ဆန့် ကျင်ရေး ရေးသားနေသော ဘလော့ဂါလူငယ်များ အား ဆုများပေးပြီးလျှင် အင်းစိန်သို့ ပါအခမဲ့ပို့ ဆောင်ပေးမည့်
အစီအစဉ် က အပိုဆုအဖြစ် ပါလာမည်လော ။
(ဃ) လေးစားပါ၏။ မိမိတို့ ၏ တကယ့် ချွေးနှဲစာဖြင့် ယခုလို ပေးကမ်းစွန့် ကြဲသည်ဆိုလျှင်တော့တနှစ်လုံး အလုပ်လုပ်မှ ဒေါ်လာ တသိန်းမရသေးသော တုတ်ကြီးတို့ အိပ်မက် လှလှမက်ရချည်သေးရဲ့။
---------------------
ရည်ရွယ်ချက်

MBAA Programme ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပခြင်း ဖြစ်ပါသည်။

(က) ဘလော့ဂ်ကို အားတက်သရော ရေးသား၍ အနုပညာ၊ အသိပညာများကို ဖြန့်ဖြူးပေးနေသူများအား အသိအမှတ်ပြုရန်။
ဘလော့ကို အားတက်သရော ရေးသား၍ အနုပညာ ၊အသိပညာများကို ဖြန့် ဖြူး ပေးနေသူများအား အသိအမှတ်ပြုရန် ဆိုပဲ ။ ကျွန်ုပ်နာမည် ပေါင်း ဆယ်ခုကျော်ဖြင့် တနှစ်အတွင်း ဆောင်းပါး ၊ကဗျာ ၊သရော်စာ ၊ပန်းချီ ၊စသည်ဖြင့် ဖန်တီးမှု ငါးရာကျော် ရေးခဲ့၏။
ဘယ် ခွေးမသား တကောင်တမြီး၏ အသိအမှတ်ပြုမှုအတွက်မှရေးခြင်းမဟုတ်။ တခြား သော စာရေးဝါသနာပါသူ လူငယ်များ အနေဖြင့်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ကောင်းဖြစ်မည်ဟုယူဆ၏။

(ခ) မြန်မာ အင်တာနက် လူမှုအသိုင်း၏ သုတ၊ ရသ ဖြန့်ဖြူးမှု အခန်းကဏ္ဍကို မှတ်တမ်းတင်ထားရန်။
ဘလော့ဆိုသည်မှာ ပိုက်ဆံမပေးနိုင်တော့လျှင် domain name expire ဖြစ်သွားသော ကိစ္စမဟုတ်။ webspace ကို Delete လုပ်ခံလိုက်ရမည့်နေရာမဟုတ်။ သွားလေသူ ဖိုးဇေ၏ ဘလော့ ။ နအဖ ဖမ်းဆီးခံလိုက်ရသော နေဘုန်းလတ်တို့ ဘလော့ပင် ဆက်လက်ရှင်သန်နေ၏။ သူ့ ဟာနှင့်သူ အင်တာနက်တွင် ဆက်လက်ရှိနေမည့်ကိစ္စဖြစ်၏။ အော် လေးစားဖွယ် ရွှေဥာဏ်တော်များပေကိုး။ ထို့ ပြင် တခု မေးလိုသည်က လူမှုအသိုင်း ဆိုတာ ဘာတုန်း လဗျာ။

(ဂ) မြန်မာ ဘလောဂ့်လောကကို ပိုမို နီးကပ် စည်းလုံးမှု ရရှိစေရန်။

ထိုအတွက် မြန် မာ့ရိုးရာ ပွေးညှက်နှင့်ကျွဲကော် သင်ကြိုက်ရာရွေးနိုင်ပါပေ၏ မိတ်ဆွေ ။ ခေတ်ဆန် မော်ဒန်ဖြစ်လွန်းချင်ပါက ဆူပါဂလူး ရှိပါပေ၏။

(ဃ) အနည်းဆုံးအားဖြင့် မြန်မာဘလော်ဂါများ ရင်းနှီး ပျော်ရွင်မှု ရစေရန်။
အနည်းဆုံးအားဖြင့် မြန်မာ စာရေးသားသူအများ အနေဖြင့် ရင်းလည်းရင်းနှီးပျော်လည်းပျော်နေကြပြီးသားဖြစ်ပါ၏။ ကိုရင်တို့  ဘရာစီယာကလစ်ဖြုတ် အတင်း ကလိထိုးမှ အဟင့် ခစ်ခစ်ဖြစ်ကြမည့် သူများ တယောက်မှမပါပါ။ ပါချင်လည်း ပါပေမပေါ့ဒါကတော့
တုတ်ကြီးမစမ်းသပ်ဖူးသေးသော ကိစ္စ ။ လေးစားပါပေ၏။

(င) နိုင်ငံတကာရှိ ပရော်ဖက်ရှင်နယ် ဘလော်ဂါများနှင့် ရင်ဘောင်တန်းနိုင်ကာ အရည်အသွေးနှင့် အရည်အချင်း အရပါ ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန်။
နိုင်ငံတကာရှိ ပရော် ဖက်ရှင်နယ် ဘလော့ဂါများနှင့်ရင်ဘောင်တန်းရန်အတွက် ခြောက်လက်မရှိသော ဒေါက်ဖိနပ်များ အား ၀ယ်စီးရင်း နှင်း ကျသည့် ညတွင် ခြေကျိုးသွားသော ဘလော့ဂါမလေးများပေါ်ပေါက်လာလျှင်အသင်တို့ ဆေးကုသပေးပါမည်လော။
To be internationally professional bloggers , shouldn't we write in English ? လိုပါသလား ထိုကိစ္စကရော..........။
After all, Who are you dudes ? , do we actually need to care and be judged by a bunch of rascals from so-called BMA?

အထက်ပါအချက်အလက်များကတော့ ကျွန်ုပ်၏ စိတ်ထဲ ဖရိုဖရဲပေါ်လာသော မေးခွန်း အနည်းငယ်သာဖြစ်ပေသေး၏။ တကယ်တော့ တုတ်ကြီးဆိုသည့် ကျွန်ုပ်သည် ဘလော့ဂါမဟုတ်။ အင်္ဂလိပ် အဘိဓါန် ပြန်ကြည့်ပါဟုပြောလာလျှင်လည်း
quote blogger unquote မဟုတ် ဟု သာ ရိုးရိုးဖြေမည်ဖြစ်ပါသည်။ ကျွန်ုပ် စာ ၊ ကဗျာ ၊ ဟာသ တို့ အား နာမည်အမျိုးမျိုးဖြင့် ဘလော့တော်တော်များများတွင် ရေးသားသလို လူငယ် ထုနှင့်လည်း ပြောဆိုပတ်သက်မှုရှိပါပေ၏။
ထိုလူငယ်ကလေးများသည် သူတို့ ၏ တဦးချင်း၏ true identity ကို ဖော်ထုတ်အသိပေးပြီးမှ ထိုဆုဆိုသော အရာကို ယူ ရမည်လော။ မိမိအိမ်လိပ်စာ မိမိအမည်အရင်း မိမိ ၏အကြောင်းကို ဖွင့်ချပြရမည်လော။

BMA ဆိုသဖြင့် BMA မှ ပါဝင်သူများဖြစ်သော ကိုသာမညတို့ တွေလည်း မသိကြ။ သို့ သော် BMA ဆိုသော ဟာကြီးကလဲပြူးပြဲ တွဲလွဲ ဖြင့် ညာဘက် အောက်ဆုံးတွင် မြင်နေရပြန်ပေ၏။
တို့ တာဝန်အရေး အပါး များစွာဖြင့် ကိုးပါးဆေး က ပင် ပါပါးခေါ်ရလောက်အောင် များပြားသော အပါးအပါးတွေနှင့် နီရဲပြူးပြဲ လှသော စာမျက်နှာတစ်ခု အဘယ်အတွက် ကြောင့်ပေါ်လာသည် ၊ ထို စာမျက်နှာ၏ ဆုပေးပွဲအစီအစဉ်နောက်တွင်
မည်ကဲ့သို့ သော ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေရှိသည်ကိုတော့ ကျွန်ုပ်မသိချင်ပါ ဂရုလည်းမစိုက်ပါ။ သို့ သော် ကျွန်ုပ်၏ စာမျက်နှာနှစ်ခုအား ဖြုတ်ပေးပါရန်ကိုတော့ စာရေးအကြောင်းကြားထားပြီးဖြစ်သော်လည်း ယခုထိ မဖြုတ်ပေးသေးသည်ကိုမြင်ရပေ၏။

သို့ ဖြစ်စေကာမူ ကျွန်ုပ်၏ တုတ်ကြီး ဖောင်ဒေးရှင်းမှ ဂရုဏာ စေတနာဗရပွဖြင့် ယခုကဲ့သို့ ရည်ရွယ်ချက်ကောင်းသော mmblogpress ကို ငွေသား တသန်းတိတိချီးမြှင့်လိုပါကြောင်း မဲပေးရွေးချယ်ရန်ပင်မလိုပဲ ကမ်းလှမ်းလိုက်ပါသည်။


မှတ်ချက် ။ ။ ဇင်ဘာဘွေ ငွေတသန်းဖြစ်ပါသည်။ ထိုငွေတသန်းကိုလဲ မူဂါဘီ ထံတွင် project ရေးကာတင်တောင်းထားနေဆဲဖြစ်ကြောင်း ကြိုတင် မညာတမ်းအသိပေးအပ်သကဲ့သို့  မိမိအားလည်း ကိုကိုတုတ် ဟု ခေါ်ရန်မလိုပါ ။ မိတ်ဆွေသင်္ဂဟများအားအတင်း ရော အဓမ္မရော “မီးကို မဲပေး မီးကို မဲပေးနော် .. ဟွန့် ချိတ်ချိုးပစ်မယ် မပေးရင် ဒါဘဲ ဒါဘဲ ” ဟု အပူကပ်စရာမလိုပါ ။

တုတ်ကြီး ခေတ္တ တာဝတိံသာ

7 Comments:

Forrest Gump said...

Individually လွတ်လွတ်လပ်လပ်ဖြစ်ပေါ်လာတဲ့ Burmese Blogs တွေအပေါ်BMA က ဒိုင်ဗင်ဝင်ပစ်ပြီး ဆရာကြီး နေရာရအောင် ကြိုးစားမှုတစ်ခုလို့မြင်တယ်။ အနှီ ဗမာ blogs များဖြစ်ပေါ်လာမှု့တွင် BMA
၏ကြိုးစားအားထုတ်မှု့စိုးစဉ်းမျှမပါ။ ဘာနဲ့တူလဲဆိုတော့ မြန်မာပြည်ရုပ်ရှင်အကယ်ဒမီပေးပွဲက
ဗိုလ်ခင်ညွန့်လိုပင်၊
ကိုယ်နဲ့လဲမဆိုင်၊ကန့်လန့်ကန့်လန့်နှင့် ရုပ်ရှင်လောကအကြားဆရာဝင်လုပ်၊
ကျနော်၊ကျမတို့ခုလိုအကယ်ဒမီရတာ
နိုင်ငံတော်နဲ့ ဘဘဗိုလ်ချုပ်တို့ရဲ့
စေတနာနဲ့ပံ့ပိုးမှု့တွေကြောင့်ပါစသည့်ဖြင့်
ရုပ်ရှင်လောကသားတွေ ကြိုးစားအားထုတ်မှု့အပေါ်
အညွန့်ခူးနာမည်ယူလို့သည့်နအဖစတိုင်ကို BMA အားကျနေသည်လားမသိ။ Blogs လောကသည်လွတ်လပ်သည်၊
အုပ်ချုပ်သည့်လူတန်းစားမရှိ၊
လူတိုင်းကိုယ့်အမြင်ကိုယ်လွတ်လပ်စွာ
ဖေါ်ထုတ်ရေးသားနိုင်သည်၊၊ဗမာတွေ
မခံစားခဲ့ရသည့်၊ငတ်မွတ်ခဲ့ရသည့်
freedom ဆိုသည့်အရသာကိုblogs လောကတွင်ယနေ့လူငယ်တွေ အားရပါးရမြီးစမ်းသောက်
သုံးနေကြတုန်း၊
ဗိုလ်ခင်ညွန့်နဲ့တူသည့် BMA ကြီး အတင်းအဓမ္ဓ colonize လုပ်ဖို့ဝင်ကြိုးစားသည်နှင့်တူသည်။
Blogs လောကကိုဝင်ရောက်
ထိန်းသိမ်းပေးရမည်၊ချီးမြှင့်ပံ့ပိုးပေးရမည်ဟု့
BMA သည့် ကိုယ့်ကိုကိုယ်အထင်ရောက်နေလားမသိ၊၊
တော်ပါတော့ အုပ်ချုပ်ချင်သူ
ခေါင်ကိုင်ဖခင်လူတန်းစားတွေရယ်...

Anonymous said...

မှန်ဧ။်ဗျား.......ဘယ်ကကောင်တွေမှန်းမသိဘူး.ဆုတော်ငွေလေးများချီးမြင်.ဦးမတဲ..အဟီး.....နှစ်ကုန်တော.ခါတော်မှီလုပ်စားတွေက ဘလော.ပေါ်မှာလည်းရှိနေတာ.အံမယ်လေး...ဟေးဟေးဟေး....နေရာတိုင်းမှာပါလာ.....ကွယ်ရို...

Unknown said...

Dear Ko Toke Kyi and blogger friends,

With this comment, I would like to explain Burma Media Association's position on MBAA Award.

The award was initiated by a group of Burmese bloggers, both of inside the country and overseas. The group is composed of respected bloggers including a Buddhist monk and authors of a Blogger Handbook (who also are friends of Ko Nay Phone Latt).

As we see it is worthwhile to support such a noble initiative, BMA did not hesitate to support it, and we will continue to do so.

I can assure you that BMA has no plans to seek any sort of financial support from any organization with regard to this award.

BMA has been for many years constantly working for the press freedom in Burma and protecting journalists and bloggers. So it is not strange that we wholeheartedly support this award.

While I admire very much of the skill of Ko Toke Kyi's satire writing, I do regret to see the abusive language and unfounded accusations he made in his satire. As for me, all responsive writings including satires must be based on true facts and it should be written in decent language.

Sincerely,

Maung Maung Myint
President
Burma Media Association

Unknown said...

Maung Maung Myint
email: myintm@bma-online.org

Anonymous said...
This comment has been removed by the author.
Anonymous said...

ရှုထောင့်တစ်ခုက အတွေးသစ်ကို လာရောက်မှတ်သားသွားတယ်ဗျာ.... ထောက်ပြခြင်းတွေ သုံးသပ်ပေးခြင်းတွေက ကောင်းလှပါပေတယ်..

Unknown said...

&yf uGuf xJ rSm Asm........ wkwfMuD; .........
wkwfMuD; wdkh rsm; tvkyf &SKyf vdkuf yHkrsm; vGefbm a&mh vm; ....
avmf u,f & xm;udk r rDS csif a,mif aqmif jyD; oumv vrf; ab; vufzuf&nf qdkif jyD; [dk aumifr....
awmf awmf wif MuD; yJ....
[dk vl MuD; olh rdef; r udk u vd xdk; wm vuf vGef jyD; qdk bJ... nm bJeJh vkyf pD; ae awm. .... b,f rD r vJ...
oa&mfpm qdk wm tjrif r awmf wm? vlh ywf 0ef; usif eJh rtyf pyf wm udk acsm awmh aigh wm vdkh usKyf em vnf wm yJ/
tck acwf Blogger awG u vJ cyf wHk; wHk;awG r[kwf Mu yg bl;/
MBAA qdk wm u vJ olhtvkyf olvkyf ae wmyJ/ r awmf w a&mf ykqdk; csGwf aNy; ae wm rS r[kwf wm/
aygufp wdkh taz wkwfMuD; a& oa&mfpm qdkwm bm vJ [if vdkh..................................