အတိုင်းသား ငေး ရမယ့် အိုဘယ့် ဗဂျိုင်းနားဒေး

Sunday, January 25, 2009

ရာသီ ဥတု က မိုးပဲရွာတော့မလိုလို နေပဲပူတော့မလိုလို ဟိုလိုလို ဒီလိုလို နှင့် ....။

ကျွန်ုပ်သည် ရှမ်းဘောင်းဘီ ခါးကြားတွင် လိတ်ထည့်ထားသော ကွမ်း ယာ အထုတ်ကို ထုတ်ယူလိုက်ပြီး ဗမာဆေး နိုင်နိုင် ထုံးဖြူ အာမွှေး ကွမ်းတစ်ယာကို ပါးစောင်တွင်းသို့

ဖြေးဖြေး သာသာ သွင်းလိုက်ရင်း ငုံလိုက်၏။
ပြီးတော့ ရှမ်းဘောင်းဘီ ဘယ်ဘက် အစ ကို လိတ်တင်လိုက်ပြီး ဘေး ဘီကိုကြည့်လိုက်၏။

ခွေးတကောင်ကြောင်တမြီးမှ မရှိ အဆင်ပြေလိုက်သည့်ဖြစ်ခြင်း ..။

ခြံထောင့်သရက်ပင်ကြီးကို အားရှိပါးရှိ ချိန်ကာ ငယ်ငယ်ကအရံမီးသတ် တပ်ဖွဲ့  တွင် ဗိုလ်ကြီး ဖြစ် ချင်သော စိတ်ကူးယဉ်မှု မကုန်သေးသည့်အလား မီးသတ်သမား ကဲ့သို့ အိုက်တင်အပြည့်ဖြင့် အမြှုပ်တစီစီကျင်ငယ်

တို့ ကိုပက်ဖျန်း စွန့် ထုတ်ပြီးနောက် ကျက်သီး တချက်နှစ်ချက်ထကာ ဘယ်ညာ ခါရမ်း ပြီး သကာလ လက်နှစ်ဖက်ဆန့် ၍ သမ်းမိပါတော့၏။
ထို့နောက် ရှမ်းဘောင်းဘီ အတို တဖက် အရှည် တဖက်ဖြင့် အိမ် ဘေးနံရံ နားက မိုးရေခံ သော အင်တုံ ဆီသို့ သွားလိုက်၏။ ပြီးတော့ အုန်းမှုတ်ရေခွက်ကို ရိုးတံမှကိုင်ကာ အသာလက်ဆေးလိုက်၏။

ထမင်းဟင်းချက်ရဦးမည် ။ ဒီနေ့ တော့ ထုံးစံအတိုင်း ပဲ ပုတ်ထောင်း၊ မုန်ညင်းဟင်းချို ၊ ၀က်သားဆီပြန် ချက်မည်ဟု တွေးထားသည့်အတိုင်း နေလှမ်းထားသော ပဲပုတ် ဗန်းကို ပါ တပါတည်း သယ်ရင်း အိမ်ပေါ်ပြန်တက်လာခဲ့၏။

မီးဖို အပြင် ဖက် ရေ ကပြင်တွင် မုန်ညင်း ပင်များအား ကျကျနန ဆောင့်ကြောင့်ထိုင်ကာ ဆေးနေခိုက် ဘေး အိမ်က မတင်လှ နှင့် ကိုထွားကြီးတို့  သမီးများဖြစ်သော ရင်ရင်ထွား က သူ့ ညီမ တင်တင်ထွား နှင့် စွာကျယ် စွာကျယ် ငြင်းခုံသံတို့  အား အတိုင်းသားကြား နေရ၏။

“ဟဲ့ မိတင် ရဲ့ ငါ့ကို ဖိတ်တာဟဲ့ ” ဟု ရင်ရင်ထွား က မျက်စချီကာ ခပ်မာမာပြော၏။
“ အို.. မဟုတ်ပါဘူး မမရင် ရယ် ကျမကိုလည်း ဖိတ်ပါတယ်” ဟု တင်တင်ထွား ကလည်းမနိုင်ရင် ငါ ပြန်ငြင်း၏။

“ဟယ် ဒီကောင်မလေးတွေ ငါကလည်း ဘိုစာ ပဲစာ မတတ် ၊ ဒီတော့ နင့်အဖေ ကိုကိုထွားပြန်လာမှ ဘယ်သူ့ ဖိတ်တယ်ဆိုတာ သေချာမေး ညည်းတို့ မလဲ ဘိုစာလေး တတ်တယ်ဆိုမှ အဲဒီ အင်တာနက်နဲ့ ကွန်ပြူတာ ကို ပဲ လု သုံးလိုသုံး ငြင်းလိုငြင်းနဲ့ ဘာကောင်မတွေလဲမသိဘူး ဣနြေ္ဒ ကိုမရှိပါဘူးတော်” ဟု မတင်လှ က အော်ပြန်၏။ သို့ သော် မတင်လှကို မတွေ့ ရ ၊ သူ့ မီးဖို ထဲ ကနေ လှမ်းအော်နေပုံရ၏။

ကျွန်ုပ်တုတ်ကြီး မနေနိုင်တော့ ။ အရပ်ထဲ ဆူညံဆူညံ ဆိုလျှင် မျက်နှာပိုးသေသေလေးဖြင့် အသာ ထိုင်ကြည့်ကာ ပိုင်ပဟေ့ ဆိုမှ ၀င်ဝင် ဆရာလုပ်တတ်သော ၀မ်းတွင်းပိုးက ထ ထိုးပါလေတော့၏။

ဆောင့်ကြောင့်ထိုင် ပြီး မုန်ညင်း ပင် လေးတွေ ဆေးကြောနေရာမှ အပြီးထတာလဲ မဟုတ် ထိုင်တာလဲမဟုတ် တ၀က်တပျက် ကုန်းကုန်းကွကွ ဖြင့် ဆေးပေါ့လိပ်တိုကို ခဲ ထားရင်း ကွမ်း ငုံထားသော ပါးစပ်ဖြင့် ဟိုဘက်အိမ်ကိုလှည့်ကာ လက်က မုန်ညင်းပင် တစု ကို ကိုင်ရင်း “ဟဲ့.. ဟိုဘက် အိမ်က ညီအမ... နင်တို့ တွေ ဘာတွေငြင်းနေကြတာတုန်းဟ...သေချာ ဘာသာမပြန်တတ်ရင် ပြောလေ နင်တို့ ကလည်း သိပ်ခက်တာပဲ ငါတယောက်လုံး အိမ်နားကပ်နေတာကိုများ ခက်ပါပေတယ် ” ဟု အော်ပြောလိုက်၏။

မနူးမနပ် အငယ် မ တင်တင်ထွားက “ ဟယ် အန်ကယ် တုတ်ကြီး ရှိတာပဲ ဒီလို အန်ကယ်ရေ
ဒီလို .. ထွား တို့ ကို အင်တာနက်က နေ အီးမေးတစ်စောင်ပို့ တယ်တော့်..အဲဒါကို ထွား မမ ..
မမရင် က အတင်းပဲ ငြင်းနေတယ် သူ့ ကိုပဲ ပို့ တာပါတဲ့ မီးကိုဖိတ်တာဟုတ်ဘူးတဲ့” ဟု နှုတ်ခမ်း ထူထူ လေးကိုစူကာ ကနွဲ့ ကလျ မခို့ တယို့ အသံပြဲ အသံပြာဖြင့် အော်ပါတော့၏။

ကျွန်ုပ်ကလည်း ဆရာလုပ်ရန်ဂွင်ဝင်ပြီဟူသောအသိဖြင့် ချက်ဖို့ ပြုတ်ဖို့ ဆေးနေသည့် မုန်ညင်း ပင်များ အား စဥ့်အင်တုံထဲ ပြန်ပစ်ထည့်ရင်း “ ဟဲ့ ဒါလေးများ ဒါဆို ပရင့်ထုတ်လာခဲ့ဟေ့ နင်တို့ နှစ်ယောက်လုံး ဟာတွေကို ငါ သေချာ ကြည့်ပေးမယ် ” ဟု ပြန်အော်လိုက်တော့ လင်လိုချင်နေသည်မှာ တပိုင်းသေယုံမက ကိုးမား ပါ ဖြစ်နေပုံရသော အကြီးမ ရင်ရင်ထွားက “ ဦးတုတ်နော် ဦးတုတ် စကားကို ရှင်းရှင်းလင်းလင်းပြော ဘာ နင်တို့ နှစ်ယောက်လုံး ဟာတွေကို ငါသေချာ ကြည့်ပေးမယ်လဲ ဟွန်း” ဟု ကြာသံ ခရာသံအပြည့်နှင့်

နွားပိန်မ ပေါက်ဆိန်ဖြင့် အထုခံရသလို လှမ်းအော်ပါတော့၏။

ကွန်ုပ်တုတ်ကြီးကလည်း ရှက် ချင်ယောင်ဆောင်ကာ “ ဟွန် ....... ကောင်မလေးနော်လူကြီးကို လျှောက်နောက်နေပြန်ပြီ ” ဟူသော အသံနှင့် တဖက်ကလည်း ညီမငေးရယ် အကိုကြီး ကိုကိုတုတ် က အဲသလို မရည်ရွယ်ပေမယ့် ညီမငေး က ဂလို ဘာသာပြန်ပြီး ညုတုတုတွေလုပ်နေမှတော့ ဟူသော အတွေးနှင့် မိန့် မိန့် ကြီး ငေးနေလိုက်၏။

တင်တင်ထွားနှင့် ရင်ရင်ထွားသည် သူတို့ အိမ်တွင်းပြန်ဝင်သွားပြီးများမကြာမှီပင် တယောက်စာရွက်တရွက်ကိုင်ကာ နိမ့် တုံမြင့်တုံ ရင်အစုံဖြင့် ကျွန်ုပ်မစ္စတာ တုတ်ကြီး၏ မြင်ကွင်းသို့ တလှမ်းချင်းဝင်ရောက်လာကာ နောက်ဖေးလှေကားမှ တက်လာပါတော့၏။

အငယ်မ တင်တင်ထွားက စာရွက်ကို ကျွန်ုပ်လက်ထဲသို့ ထည့်ပေးလိုက်၏။ အကြီး မ ရင်ရင်ထွားက ကျွန်ုပ်၏ ဘယ်ဘက်ဘေး ပုခုန်းနားမှ သူ မ ၏ ရင်သားနှင့် ကျွန်ုပ်၏ လက်မောင်း ထိလုမတတ် ကပ်ကာ စာရွက်ကို ဘေးမှ ကြည့်နေ၏။ အို.... ရင်ဖိုရပါလား လကွယ် ခွိခွိခွိ ဟု စိတ်ထဲတွင်တွေးမိပါရင်း စာကို လေယူလေသိမ်း ဘုန်းကြီးကျောင်း ထွက်၏

ငပိ အက်ဆန့် ဖြင့် ဆပ် ဘဂျက် ကိုလုံ ဗဂျိုင်းနား ဒေး ဟေးဟေး ဟေး..........မှ အစချည်ကာ အောက်ပါအတိုင်း ခပ်တည်တည်ဖတ်လိုက်ပါတော့၏ ။

Subject:Vagina Day (V-Day) Supporters
Date:Tue, 20 Jan 2009 11:39:56 +0700

From:nai shwe

Dear V-Day supporters,



Thank you for taking an interest in our campaign to end violence
against women and girls. Tickets for our show are now on sale!! Our
poster is also attached.


Dates: Fri 27 February, Sat 28 February, Sun 1 March
Where: Patravadi Theater, Theater in the Garden (main stage)


Book before Feb 1 and get special prices!
Standard Ticket, 350B
Premium Ticket, 550B
VIP Ticket (includes dinner at the Theater before the show): 700B

We also have group discounts and student discounts (50%).

You can purchase tickets through Total Reservation by:


1. www.totalreservation.com
2. Call their call center, 02 833 5555
2. Go to one of their ticket offices in Paragon, Emporium, Mo Chit and
Victory Monument BTS stations, and other locations

All proceeds will go to Emergency Home, a safe house for women and
girls who have been raped or victims of violence. Our money will go
to the operations of their safe house and to initiate a new violence
prevention campaign.

Book now to reserve your seat to Bangkok's first V-Day production!
We'd also appreciate it if you could pass this information on to your
friends and family who may be interested.


All the best,



The V-Day Bangkok Team
--

Yours,

In peace

kmshwe

+ 66 87 5717 966

စာ အပြည့်အစုံကိုဖတ်ပြီးသကာ လ ကျွန်ုပ် မှာ ရင်တုန်ပန်းတုန်ဖြင့် ( စကား မစပ် ....ရင်တုန်တာတော့ဟုတ်ပါပြီ ၊ ဘယ်က ပန်းကတုန်တာလဲ မသိ) ရင်ရင်ထွား ၏ မျက်နှာလေး သည် နီရဲ ရှက်သွေးဖြန်းလျှက် ၊ တင်တင်ထွားကတော့ အလိုက်ကန်းဆိုးမသိ

“ အန်ကယ် တုတ်ကြီး အန်ကယ် တုတ်ကြီး ဗဂျိုင်းနား ဒေးဆိုတာ ဘာလဲ ဟင်” ဟု မေးပါတော့၏။

ကောင်းကင်ကိုကြည့်လိုက်တော့ အုံ့ မှိုင်းမှောင်ရီကာ တိမ်မဲ ညိုတို့  အနောက်ဖက်သို့  လေပြေနှင့်အတူ တငြိမ့်ငြိမ့် တလိမ့်လိမ့်ပြေးလွှားနေ၏။ ခြံစောင်ရင်း မန်ကျည်းပင်မှ မန်ကျည်းရွက်ငယ်တို့ တဖွဲဖွဲ တဖြေးဖြေး လေအဝှေ့ နှင့် တစိမ့်စိမ့်ကြွေ နေကြ၏။

ရင်ရင်ထွား၏ကိုယ်သင်းနံ့ကလေးသည် ပိုမိုသင်းပျံ့ လာသည်ထင်ရသလို သူမ၏ ရွှေ ရင်အစုံသည်လည်း လပြည့်ည ဒီ ရေလှိုင်းတို့ လို မို့ မောက် လှုပ်ရှား နိ မ့်မြင့်ဖြင့် ...။

“အိုဘယ့် ဖြားသခင် ....ဘဇာကြောင့် ကျွန်ုပ် တုတ်ကြီးအား ယခုကဲ့သို့ ကျဉ်းထဲ ကျပ်ထဲ အတင်း ၀င်ခိုင်းချင်ပါသနည်း” ဟု သော အာမေဋိတ်ကစိတ်အာရုံတွင် ပဲ့တင်ထပ်နေ၏။

တကယ်တန်းတော့ တုတ်ကြီးတို့ က ဘယ်လောက်ကျပ်ကျပ် ဘယ်လောက်ကျဉ်းကျဉ်း အရည်အချင်းအပြည့်ဖြင့် အချိန် ယူ ကာ ညင်ညင်သာသာ ၀င်နိုင်ထွက်နိုင် ကိုင်နိုင်တွယ်နိုင်သော အရည်အချင်း ရှိသည်ကို ဖြားသခင် သိသဖြင့် ယခုကဲ့သို့ စစ်ဆေးတော်မူလေသလော ။

“ဦးတုတ်....ဆို မေးနေတယ်လေ ဖြေလဲ အဖြေဘူး ” ဟု ရင်ရင်ထွား က နှုတ်ခမ်းထူထူကလေးကို စူကာ ဗေလုဝနှင့်နင်လားငါလား ထွားကြိုင်း သန်မာသော ကျွန်ုပ်၏ လက်မောင်းအိုး ကြီးများအား ခပ်ဆဆ လေး ဆွဲရင်း မေးပါတော့၏။

“ဟေ... ရင်ရင်ရဲ့ မင်း ဘာမေးနေသတုန်းကွယ့် ” ဟု ပြန်မေးတော့

“ကြည့်ပါလား သူများမေးနေတာဆို ဘာမေးလို့ မေးမှန်းကိုမသိဘူး ဘာတွေကိုအာရုံရောက်နေမှန်းမှမသိတာ ဦးတုတ် နော် ဦးတုတ် ”ဟု သူမ လေး က ညုလိုက်ပြန်၏။

“ ဟုတ်ပါဘူး ကွယ် သူတို့ စာအရ Tickets for our show are now on sale!! ဆိုလို့ပါ ရင်ရင်ရယ် အဲသလို ဆိုလို့ ပါ ” ဟု ကြေကြေကွဲကွဲ ကြီးဖြေချလိုက်၏။

“ ဟယ် အန်ကယ်တုတ်ကြီး ကြည့်ရတာ ဒီဖိတ်စာဖတ်ပြီးမှ ၀မ်းနည်းနေသလိုကြီးပဲ မမရင် ” ဟု အငယ်မ တင်တင်ထွား က မှတ်ချက်ချ၏။

ဗဂျိုင်းနား ဒေးမှာ ပြမယ့် ရှိုး ကို ဘယ်သူ စိတ်မ၀င်စားပဲ နေနိုင်မှာလဲ ကလေးတို့ ရယ် ဟု သာ အော်မေးပစ်လိုက်ချင်၏။ ဒီ တင်တင်ထွားလဲ တော်တော်အလိုက်ကန်းဆိုးမသိလေခြင်း ကွယ် ..........။

“ ဦးတုတ် ဦးတုတ် .... First V-day Production ဆိုတာဘာလဲမသိဘူးနော် ဘာတွေ ထုတ်မှာလဲမသိဘူးနော်” ဟု ရင်ရင်ထွား က ဖီလင်သံလေးဖြင့် အားတက်သရောမေးပြန်၏။

“အော်ရင်ရင် ရယ်... သူတို့ Show ကို production လို့ သုံးသွားတာဖြစ်မှာပေါ့ကွယ် ” ဟု ဖြေရင်း မယုံမရဲဖြင့် ငါရွှီးတာမှားကြောင်း ယခု လို....

“မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် မြန်မာ အမျိုးသမီးတို့ ဖိနှိပ်ခံရမှု မှ လွတ်မြောက်ရေးရှေှး ရှုကာ

မိမိကိုယ် မိမိအားကိုးရေးစိတ်ဓါတ် စိုက်ထူမှုအရ မိမိတို့ အဖွဲ့ အစည်း၏ မူပေါ်လစီနှင့်အညီ

စမ်းသပ် အောင်မြင် အတည်ပြု ထုတ်လုပ်ထားသော Industrial strength ပုရိဿဖွားဖက်တော် အတု များအားလည်း ရောင်းချပေးသွားရင်းတပြိုင်နက်ထဲ ကမ္ဘာ့စားနပ်ရိက္ခာ ပြသနာ အား တချက်ခုတ်နှစ်ချက်ပြတ်ဖြေရှင်း ပေးသွား ပြီး ခရမ်းသီး သခွားသီး မျိုးတုန်းမှု ကိုလည်း ကာကွယ်ပေးပြီးသားဖြစ် မည်ဖြစ်ကြောင်း” ဟု သာ ထို ဗဂျိုင်းနားဒေး ပြပွဲတွင် ဗဂျိုင်းနား စင်မြင့်ပေါ်မှ ဗဂျိုင်းနား ပြသမှု ညချမ်းတွင် ကြေငြာလိုက်ပါက .... တုတ်ကြီးကိုယ်ကျိုးနည်းပါပေါ့။

သို့ တည်းမဟုတ်လည်း နအဖ စစ်တပ်၏ မုဒိန်းကျင့်မှုများမှ အပြစ်မဲ့တိုင်းရင်းသား အမျိုးသမီးငယ်များ လွတ်မြောက်ကင်းဝေး စေရန် နအဖ စစ်တပ် တစ်ခုလုံးအားဣထိယ ယောနိ အတုများ military issue အဖြစ် ထုတ်ဝေ ပေးနိုင်ရန် စတင် ရံပုံငွေရှာသော ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ချက်တခုဖြစ်ချင်လည်းဖြစ်နိုင်သေးသပေါ့ ဟု ဟိုဒီတွေးတောရင်း အနှီဗဂျိုင်းနားပြပွဲကြီးကျင်းပရာ ဘန်ကောက်ရွှေမြို့ တော်နှင့် အင်မတန်ဝေးကွာနေသော တုတ်ကြီးဘ၀ ကို ၀မ်းအနည်းကြီးနည်းမိရင်း ရင်ရင်ထွားနှင့် တင်တင်ထွားတို့ ညီအမ သူတို့ အိမ်ဘက် ပြန်လှည့်သွားသည့် လှပ ကျော့ရှင်းသော နောက်ကျောပြင်ကိုသာ ငေးရင်း ကျွန်ုပ်တုတ်ကြီးတယောက် ဘန်ကောက်သို့ ခရီးတထောက်ထွက်ရန် အားခဲမိပါတော့၏။

အဲ့.......ဟယ်..... over-used vagina ကြီးတွေ များ ပြပွဲ တင်ပြရင် ငါ့ ခရီးစားရိတ်ဆုံး တာပင် အဖတ် တင်ဦးမည် မဟုတ်လော ဟု ပြန်တွေးမိပြီးသကာလ စဥ့်အင်တုံထဲ မှ မုန်ညင်း ပင်လေးများအား ဆယ်ယူကာ မီးဖို ခန်းတံခါးဖွင့်လျှက် စတင်ချက်ပြုတ်ရန် ခပ်ကွင်းပြင်လိုက်မိပါတော့၏။

တုတ်ကြီး တာဝတိံသာ

2 Comments:

ရောင်စုံ said...

ရေးလိုက်ရင် ဒီလိုချည်းပဲ..
စာပေ အဆိပ်အတောက်ဆိုတာ ဒါကို ပြောတာနေမယ်...
ဦးမင်းဒင်ပြောတာ သိပ်မှန်တယ်...

chim said...

ရောင်စုံလေး သရော်စာ မဖတ်ဖူးဘူး ထင်တယ် ဒါပေသိ ရေးလိုက်ရင် ဒီလိုချည်းပဲဆိုကတည်းက ဖောက်သည်နဲ့ ထင်တယ် လာဖတ်တယ်ဆိုကတည်းက အားပေးတာပဲ ဟဲဟဲ ဦးမင်းဒင်ကြီးတော့ ဆွဲမထည့်နဲ့ကွယ်