Saturday, March 7, 2009
But Remember…! The people from Burma are not Barbie dolls in your toy basket.
Tote Kyi(Tar wa tain thar)
Published and posted in Dr. Lun Swe's blog
အောင်မြင်မှုအပေါင်း ခညောင်းကြပါစေ နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။ ကြံတိုင်းအောင်လို့ သကြားတိုင်း ပုရွက်ဆိတ်ကင်းဝေးပါစေ။
Posted by Nyein Zay Oo at 11:22 PM 0 comments
Labels: article
Posted by Nyein Zay Oo at 7:34 PM 1 comments
Labels: article
တုတ်ကြီး အလုပ်က ပြန်လာတော့အတော်ပင်မိုးချုပ်နေပြီ။
ဒီတော့ ထုံးစံအတိုင်း ထမင်းကျန်ဟင်းကျန်ကလေးနှင့် ဘုန်းပေးရင်း အင်တာနက်စာမျက်နှာကလေးများအားဝင်ကြည့်လိုက်မိတော့၏။
ခေတ်ပြိုင်ဖက် လှည့်မိတော့ ပြူးကနဲပြဲ ကနဲ မြင်လိုက်ရသည်က ၀န်ကြီး ဦးအောင်သောင်း
Safety First ဆောင်ပုဒ်ပြင်ခိုင်း ဟု ဖြစ်တော့၏။
အော် ၀န်ထမ်းတွေ ပြည်သူတွေရဲ့ လုံခြုံရေးကအဓိက ပထမဦးစားပေးရမည့်ကိစ္စအား တကယ်ကို မောင်အောင်သောင်းကြီးကအလိုမရှိသည်မှာ ထင်ရှားလွန်းပေတော့၏။
ထို့ ပြင်တ၀ ယခုကဲ့သို့ ဆောင်ပုဒ်ပြောင်းခိုင်းရခြင်း၏ အကြောင်းရင်းကား ဤသို့ တည်း................
တနေ့ သ၌ ဦးအောင်သောင်းသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ အား သွားရောက်စစ်ဆေး သယောင်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ငါဖြင့် ၀င်ရောက်ယှဉ်ပြိုင်လိုက်လျှင်တော့
ငါ့ ကြံ့ဖွတ်နှင့်ဆိုလျှင် မလွဲဧကန် ပင် သမ္မတ ဖြစ်ကောင်းတော့၏ဟူသော ရည်ရွယ်ချက်ဖြင့် သူ၏ မဲမှောင် ရွတ်တွသော သောက်ခွက်ပြောင်ကြီးဖြင့် ဂွင်ရိုက်တော်မူ၏။
ထိုသို့ သွားရာ၌ ဆောက်လုပ်ရေး ဆိုက်ထဲ အ၀င်ဝတွင် ဆောက်လုပ်ရေးအင်ဂျင်နီယာများ နှင့်အခြား နယ်ဘက် စစ်ဘက် ၀န်ထမ်းများမှာထုံးစံအတိုင်း ၀ါးရင်းဒုတ်စာမိမည့်အရေးတွေးပူလျှက်
ပြာပြာသလဲ လိုလေသေးမရှိကြိုဆိုကြ၏။
မောင်အောင်သောင်း တယောက် အကျေနပ်ကြီးကျေနပ်လျှက် ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ အခင်းအကျင်း အနေအထားအားလုံးကို သိသယောင်ယောင်တတ်သယောင်ယောင်နပ်သယောင်ယောင်ဖြင့်
လှည့်ပတ်ကြည့်ကာ တွေ့ သမျှအကုန် လက်ညှိုးထားရင်း ဆရာလုပ်ခြင်းစတင်တော့၏။
တနေရာတွင် ဗိသုကာ အင်ဂျင်နီယာ၏ စားပွဲလေးဘေးတွင် ထောင်ထားသော တီစကွဲယား ပေတံကိုမြင်သောအခါ မောင်အောင်သောင်းသည် ဒေါသတကြီးဖြင့် စတင် အော်ဟစ်မေးမြန်းသည်မှာ”ဟေ့ကောင်
မင်းကဘာလဲ ”
”ကျနော်က အာခီတက်ခ်ပါ ၀န်ကြီး”
“အဲဒါမင်းပေတံလား”
”ဟုတ်ကဲ့ ပါ ၀န်ကြီး ဒါကျနော့်ပေတံပါ ”
“ဟင်း.. အလကားကောင်ပဲမင်းက အာခီတက်ခ်သာဆိုတယ် မင်း ဘေးနားထောင်ထားတဲ့ ကိုက်တံကြီးထိပ်မှာ သစ်သားပြားကပ်ရိုက်ထားတာတောင်မဖြုတ်ပဲသုံးနေတဲ့ကောင်” ဟု
ခပ်တည်တည် ငေါက်ငန်းလိုက်၏။
ထို့နောက် ဆောက်လုပ်ရေးအင်ဂျင်နီယာ၏ စားပွဲ နောက်နံရံတွင်ချိတ်ထားသော "Safety First" ဆိုသည့် ဆိုင်းဘုတ်ကိုမြင်သောအခါ မောင်အောင်သောင်းသည် တချက် မျက်မှောင်ကြုံ့ ကြည့်ရင်း
မကျေမချမ်းဖြင့် ဟေ့ကောင် "ဒါဘယ်သူ့ ဝန်ကြီးဌာနလဲကွ " ဟု မေးလိုက်၏။
ထိုအခါ ဆောက်လုပ်ရေး အင်ဂျင်နီယာကလည်း မဆိုင်းမတွပင် ကြောက်ကြောက်လန့် လန့် ထဖြေလိုက်၏။
“ ၀န်ကြီးရဲ့ ၀န်ကြီးဌာန ပါ ခင်ဗျား”
“ မင်းတော်တော် အသုံးမကျတဲ့  ကောင်ပဲကွ ငါ့ဝန်ကြီးဌာနမှန်းသိရက်နဲ့ဘာလို့ ဆေဖတီ က ဖပ်စ်ရမှာလဲ ” ဟု ပြန်မေးလိုက်ကာ ထို အင်ဂျင်နီယာအားဒေါသတကြီးဖြင့် ငေါက်ငန်းတော့၏။
ထိုဖြစ်ရပ်ဖြစ်ပြီး တပတ်အကြာတွင် ယခုကဲ့သို့  Safety First ဆောင်ပုဒ်အားပြင်ခိုင်းကြောင်း တိုက်တိုက်ဆိုင်ဆိုင် ဖတ်လိုက်ရသော ကျွန်ုပ်မှာ Safety first ၊ အောင်သောင်းဘိတ်ချေးဟု သာ မှတ်ချက်ချရင်း
ပြုံးမိပါတော့၏။
တုတ်ကြီးတာဝတိံသာ
Posted by Nyein Zay Oo at 11:43 PM 2 comments
Labels: satire
| final.mp3 |
Posted by Nyein Zay Oo at 1:17 AM 2 comments