အ သုံးလုံးသင်တန်းဆင်း၏ အမြင်

Friday, February 27, 2009


ယခုတလော ပြည်ပရောက် မြန်မာ စကော်လာများ နိုင်ငံရေးသမားများခပ်စိတ်စိတ်သုံးနေသော ဝေါဟာရတစ်ရပ်မှာ
result oriented ဆိုသည့် ဝေါဟာရဖြစ်သည်။ သူတို့ ပြောသွားဆိုသွားရေးသွားကြသည်ကို တစေ့တစောင်း လေ့လာကြည့်မိတော့ Historical trend analysis ဆိုသည့်ကိစ္စနဲ့ပါတ်သက်၍ တချက်ကလေးမျှ နှုတ်မဟကြ။
တိုင်းပြည်တပြည်ကို ဦးဆောင်မည့် တိုင်းပြည်တပြည်၏ နိုင်ငံရေး စီးပွားရေးလူမှုရေး အုပ်ချုပ်ရေးအစစအရာရာကိုပြောင်းလဲပစ်မည့်အရေးကိစ္စများ ထိုအရေးကိစ္စများအတွက် အကောင်အထည်ဖော်ရန် ဆောင်ရွက်ကြိုးစား သော ပဋိပက္ခများ (၀ါ) ခေတ်ပြောင်းစနစ်ပြောင်းတော်လှန်ရေး ကိစ္စရပ်များနှင့် ထိုအရေးကိစ္စများအား ဦးစီးဦးဆောင် ရှေ့ တန်းမှ ဆောင်ရွက်မည့် လူပုဂ္ဂိုလ် အဖွဲ့ အစည်း အင်အားစု တစ်ရပ်ခြင်းစီအား historical trend analysis လုပ်ရန်ဆိုသည့်ကိစ္စရပ်အား မှိန်ဖျော့ မေ့ထားလိုကြသည်ကိုမြင်နေရ၏။


နအဖ စစ်အာဏာရှင်၏ ၂၀၁၀ ရွေးကောက်ပွဲ ကို ၀မ်းသာအားရ ဇွတ် ရောအတင်းပါ ၀င်ရမည့်ကိစ္စဖြစ်၏ ၀င်သင့်သည့်ကိစ္စဖြစ်၏ ဟု ရေဒီယိုများအင်တာနက်စာမျက်နှာများ မှ ရေးသားပြောဆို အင်တာဗျူးပွဲများ ပေါ်ပေါက်လာကြသလို ပြည်တွင်းတွင်လဲ အချို့သော လူပုဂ္ဂိုလ်တို့ က ၀င်ရမည်ဝင်မည်ဆိုသည့် လေသံများဖြင့် ပါတီ များ ဖွဲ့ စည်းခြင်း စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်ရန်စတင်ခြင်းတို့ကို ပြင်ဆင် နေကြ၏။

ရွေးကောက်ပွဲဆိုသည်မှာ ဝေးသေး၏ ။ နာဂစ်မုန်တိုင်းကြောင့်သိန်းချီသေဆုံး နေရသော ပြည်သူလူထု၏ မိုးစိုရေစို မျက်ရည်စိုအောက်တွင်ဆန္ဒခံယူပွဲ အတုအယောင်ဖြင့် နအဖ သည် ၄င်းတို့ ဖြစ်ချင်သလို ဖြစ်အောင် သာသာလေးလုပ်သွားခဲ့သည်မှာ ပူပူနွေးနွေးရှိသေး၏။

ရွေးကောက်ပွဲအား စမ်းတိုးသင့်သည် ဟူသော ပညာတတ်များ၏ ရွှေဥာဏ်တော်စူးရောက်ပုံသည် မဆလခေတ်ဦးတွင် ပူးသတ်မည်ဆိုသောအုပ်စု၏ စိတ်ကူးယဉ်မှုနှင့် အနှစ်သာရအရ မခြား နားလှ။ ခေတ်၏ အခြေအနေ နည်းပညာတိုးတက်မှု ကမ္ဘာကြီး သေးကျုံ့ သွားရသည့်သတင်းကွန်ယက် ဖြစ်ထွန်းမှုတို့ တဖက်က ဖြစ်ပေါ်သာလွန်လာသော်လည်း ထိုအရာများနှင့် ယနေ့ ခေတ်နိုင်ငံတကာ ဆက်ဆံရေး ကုန်သွယ်ရေးစစ်ရေး သံတမန်ဆက်ဆံရေးပုံစံတို့  မတူပြောင်းလဲလာသော်လည်း ထိုအရာများသည် အားသာချက်တရပ်အဖြစ် မိမိတို့  မြန်မာပြည်သူများအနေဖြင့်အသုံးပြုကာ ဒီမိုကရေစီ စနစ်သစ်သို့ နအဖ ၏ နွားဖားကြိုး နှင့် တံပြာ အောက်မှ ချီတက်၍ တကယ်တန်း သွားနိုင်သည် ဟု ယုံကြည်ကြပါသလား။

တိုင်းပြည်တပြည်၏ စနစ်ပြောင်းလဲရေး ကိုရှေးရှုမည့်ကိစ္စတရပ်အား လက်လွှတ်စပယ် ငါ့စကားနွားရ အခြေအမြစ်မဲ့သော သီအိုရီများထုတ်ကာ ပဏ္ဍိတကြောင်ကြောင်နေကြသော ထိုပုဂ္ဂိုလ်တို့  သတိပြုရမည်မှာ


၁။နိုင်ငံတော်တရပ်၏ အနာဂတ် သည် ပြည်သူလူထုတရပ်လုံး၏ ဘ၀ဆိုင်ရာ မျိုးဆက်ဆိုင်ရာအနာဂတ်ဖြစ်သည်။

၂။အတိုးကြီးကြီးပေးရမည့် အကြွေးဝယ်ကဒ်ပြားများအား တပြားမှ မစိုက်ရပဲ Form ဖြည့်လျှောက်သလောက် စိတ်ဓါတ်မျိုးဖြင့် ဆုံးဖြတ်ရမည့်လူတွင်ကျယ်လုပ် တစ်ပေး အလံရှူးဇာတ်ခင်းရမည့်ကိစ္စမဟုတ်။ အနာဂတ်တွင် ပေးဆပ်ရမည့်ကိစ္စ ပိုမိုနင့်ပိုးမည်မှာ သင်တို့ မဟုတ်ပြည်သူလူထုကြီးတရပ်လုံး၏ အနာဂတ်နှင့်နောက်မျိုးဆက်၏ အနာဂတ်ဖြစ်၏။

၃။သမိုင်းစဉ်လာအရနှင့်မဝေးသေးသော ပူပူနွေးနွေးဆယ်စုနှစ်များအတွင်း စစ်အာဏာရှင်၏ လုပ်ရပ်များ ကျင့်စဉ်များ ဆက်ဆံပုံများသည်သင်တို့ သိပြီးကိစ္စမဟုတ်သလော။ နိုင်ငံတော်တရပ်၏ အနာဂတ် ကိုရင်းနှီးမြှပ်နှံမည့်ကိစ္စမပြောနှင့် Stock trading ကိစ္စရပ်တွင်တောင်မှကိုယ်ရင်းနှီးမြှပ်နှံမည့်ကုန်မနီ၏ historical trend, SEC filing နှင့် management တို့ ၏ background နှင့် Brief bio data တို့ အား လေ့လာသုံးသပ်ပြီးမှ Safe ဖြစ်နိုင်သည်ဟု ယူဆရသည့် investment ဖြစ်၏ ။ ပို၍ အလေးထားရမည်မှာ နိုင် ငံအရေးနှင့်အနာဂါတ်တွင် option trading ဆန်သော စတန့် ထွင် မှုဖြင့် ကံစမ်းလေဖမ်းဒန်းစီး၍မရ Bull market , Bear Market မရှိ ကျည်ဆံ ၊ မောင်းပြန်သေနတ်၊ထောင်နှင့် အကျဉ်းစခန်းသာရှိ၏။

၎။ ထိုအရာတို့ အား ရွေးကောက်ပွဲ တွင်အနိုင်ရသောအစိုးရမှ ပြောင်းလဲပေးနိုင်ပါလိမ့်မည်ဟု သင်တို့ က မျှော်လင့်တကြီး ၀ိုင်းစောဒက တက် ညာ ၀ါးကောင်း ညာဝါးနိုင်သော်လည်း Historical trend အရပြန်လည် ကြည့်မည်ဆိုလျှင် မတရားသော နည်းဖြင့် တောက်လျှောက် ယုတ်မာ ရက်စက် လိမ်ညာလာသောစစ်ယူနီဖောင်းဝတ် စစ်ဗိုလ်ချုပ်တို့ နှင့်သင်တို့ သည်
တမအေထဲမမွေးသော်လည်းသင်တို့သည်အလံရှူးများအဖြစ်ဖြင့်ပြည်သူလူထုကိုဝိုင်းဝန်းလိမ်ညာသောသူများဖြစ်ပေလိမ့်မည်။

၅။ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို နအဖ အနေဖြင့် အသိအမှတ်ပြုအကောင်အထည်ဖော်ခြင်း ကိစ္စရပ်အား လုံးဝ မျက်ကွယ်ပြု ငြင်းဆန် သကဲ့သို့ ယခု ပြည်ပရောက် ကျွမ်းကျင်သူများ နှင့် ခေတ်ပညာတတ်ကြီးများကလည်း သံယောင်လိုက်ငြင်းဆန်ခြင်း သဘောမသက်ရောက်ပါသလော။

၅။ထိုသို့ ဆိုလျှင် မည်ကဲ့သို့ ဆောင်ရွက်ကြမည်နည်း ဆိုသည့်မေးခွန်းအားသင်တို့ ဖက်ကချက်ကျလက်ကျမေးလာနိုင်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ပြန်လည် ကြည့်ရှုကြရမည်မှာ


က) နိုင်ငံရေးအရ ပုဒ်မ အမျိုးမျိုးဖြင့် အကျဉ်းထောင် အချုပ်ခန်းများတွင် ချုပ်နှောင်ခံထားရဆဲဖြစ်သော
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး ၊ မင်းကိုနိုင် ၊ကိုကိုကြီးနှင့်တကွ အားလုံး(အားလုံး)သော နိုင်ငံရေးအကျဉ်းသားများ လုံးဝ(လုံးဝ)ခြွင်းချက်မရှိလွတ်မြောက်ဖို့ လိုသည်။

(ခ) တောတွင်းတွင် လက်နက်စွဲကိုင် တော်လှန်နေကြလျှက်ရှိသော မ.က.ဒ.တ အပါအ၀င်နှင့် အားလုံးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအားရင်းနှီးပွင့်လင်းသော ဖိတ်ခေါ်မှုဖြင့် ဖိတ်ခေါ်ကာ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် နအဖမှ စီစဉ်ဆောင်ရွက်ဖို့ လိုသည်။

(ဂ) ထို မှ နောက်တဆင့် အားလုံးသော တိုင်းရင်းသားခေါင်းဆောင်များ ၊ အားလုံး(အားလုံး)သော ပြည်တွင်း နိုင်ငံရေးခေါင်းဆောင်များနှင့် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် အားလုံးသော ရွေးကောက်တင်မြှောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအ၀င် ပြန်လည်ကာ အခြေခံဥပဒေ တစ်ခု ရေးဆွဲရေးဖြစ်မြောက်ရန် အနည်းဆုံးအဆင့်လိုအပ်သည်။

(ဃ) အထက်ပါကိစ္စရပ်များအတွက် စစ်အာဏာရှင်မှပွင့်လင်းမှန်ကန်ရိုးသားစွာ အကောင်အထည်ဖော်ပေးရမည်ဖြစ်သည်။


အမှန်တကယ်ဆိုလျှင်သင်တို့ လည်းသိကြသည့်ကိစ္စဖြစ်သည် အလုံးစုံသောအစိုးရဖွဲ့ရေးနှင့်အုပ်ချုပ်ရေးဥပဒေပြုရေးကိစ္စရပ်များသည် တရားနည်းလမ်းတကျအရဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့်ဆောင်ရွက်ရမည်သာဖြစ်၏။ နအဖ နှင့်လားလားမျှ မဆိုင်သောကိစ္စရပ်ဖြစ်ပေ၏။

သို့ သော်လည်း သင်တို့ ၏ အရှက်မဲ့မှုကိုသက်သက်ညှာညှာလိုက်စဉ်းစားကာ ယခုကဲ့သို့  သင်တို့ ကိုးကားသလို
ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာဆိုသောစကားအတိုင်း မုဒိန်းကောင်နှင့် တကုတင်ထဲ အိပ်မိသော အပျိုစင် မြန်မာနိုင်ငံတော်၏ အနာဂတ်ကို သိသိကြီးနှင့် သင်တို့ ၏ အလိုကိုလိုက်၍ အနည်းငယ်စဉ်းစားမိခြင်းဖြစ်ပါ၏။

မိမိအနေဖြင့် တင်ပြသည်မှာ အနည်းတကာ့အနည်းဆုံးနှင့် အကျဉ်းချုံးစဉ်းစားချက် ကလေး တခုသာဖြစ်ပေသေး၏။ ထိုကိစ္စရပ်များဖြစ်မြောက်ရန် အတွက် Result oriented ဆိုသောစကားလုံးအား
ပလုတ်ပလောင်း ငုံထားကြသော ဆရာများ ၊ ပြည်ပရောက်နိုင်ငံရေးပုရောဟိတ်များ သတင်းဌာနများတွင် ဆရာကြီးသံနှောကာ ပါးစပ်မှ တံတွေးစင်အောင် အင်မတန်ဘိုလို ပြောဟန်ရေးပြချင်သောဆရာများ အနေဖြင့် Result oriented ထုံးနှလုံးမူကာ Psuedo-scholar များဘ၀မှ အရှက်ရှိရှိ လမ်းကြောင်းပြောင်းပြလျှင်ဖြင့် သင်တို့ ပြောသော Result oriented ဆိုသည့်ကိစ္စသည် ပိုမိုအဓိပ္ပါယ်ရှိပေလိမ့်မည်ဟုသာသုံးသပ် ဝေဖန်လေကန် လူတတ်လုပ်လိုက်ရပါသည်ခင်ဗျား။


တုတ်ကြီး တာဝတိံသာ

To be continued

အောင်သောင်းတို့ ကတော့ ဘိုတစ် ပဲ လကွယ့်

Wednesday, February 25, 2009

တုတ်ကြီး အလုပ်က ပြန်လာတော့အတော်ပင်မိုးချုပ်နေပြီ။
ဒီတော့ ထုံးစံအတိုင်း ထမင်းကျန်ဟင်းကျန်ကလေးနှင့် ဘုန်းပေးရင်း အင်တာနက်စာမျက်နှာကလေးများအားဝင်ကြည့်လိုက်မိတော့၏။

ခေတ်ပြိုင်ဖက် လှည့်မိတော့ ပြူးကနဲပြဲ ကနဲ မြင်လိုက်ရသည်က ၀န်ကြီး ဦးအောင်သောင်း
Safety First ဆောင်ပုဒ်ပြင်ခိုင်း ဟု ဖြစ်တော့၏။
အော် ၀န်ထမ်းတွေ ပြည်သူတွေရဲ့ လုံခြုံရေးကအဓိက ပထမဦးစားပေးရမည့်ကိစ္စအား တကယ်ကို မောင်အောင်သောင်းကြီးကအလိုမရှိသည်မှာ ထင်ရှားလွန်းပေတော့၏။

ထို့ ပြင်တ၀ ယခုကဲ့သို့ ဆောင်ပုဒ်ပြောင်းခိုင်းရခြင်း၏ အကြောင်းရင်းကား ဤသို့ တည်း................
တနေ့ သ၌ ဦးအောင်သောင်းသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ အား သွားရောက်စစ်ဆေး သယောင်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ငါဖြင့် ၀င်ရောက်ယှဉ်ပြိုင်လိုက်လျှင်တော့
ငါ့ ကြံ့ဖွတ်နှင့်ဆိုလျှင် မလွဲဧကန် ပင် သမ္မတ ဖြစ်ကောင်းတော့၏ဟူသော ရည်ရွယ်ချက်ဖြင့် သူ၏ မဲမှောင် ရွတ်တွသော သောက်ခွက်ပြောင်ကြီးဖြင့် ဂွင်ရိုက်တော်မူ၏။

ထိုသို့ သွားရာ၌ ဆောက်လုပ်ရေး ဆိုက်ထဲ အ၀င်ဝတွင် ဆောက်လုပ်ရေးအင်ဂျင်နီယာများ နှင့်အခြား နယ်ဘက် စစ်ဘက် ၀န်ထမ်းများမှာထုံးစံအတိုင်း ၀ါးရင်းဒုတ်စာမိမည့်အရေးတွေးပူလျှက်
ပြာပြာသလဲ လိုလေသေးမရှိကြိုဆိုကြ၏။

မောင်အောင်သောင်း တယောက် အကျေနပ်ကြီးကျေနပ်လျှက် ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ အခင်းအကျင်း အနေအထားအားလုံးကို သိသယောင်ယောင်တတ်သယောင်ယောင်နပ်သယောင်ယောင်ဖြင့်
လှည့်ပတ်ကြည့်ကာ တွေ့ သမျှအကုန် လက်ညှိုးထားရင်း ဆရာလုပ်ခြင်းစတင်တော့၏။

တနေရာတွင် ဗိသုကာ အင်ဂျင်နီယာ၏ စားပွဲလေးဘေးတွင် ထောင်ထားသော တီစကွဲယား ပေတံကိုမြင်သောအခါ မောင်အောင်သောင်းသည် ဒေါသတကြီးဖြင့် စတင် အော်ဟစ်မေးမြန်းသည်မှာ”ဟေ့ကောင်
မင်းကဘာလဲ ”
”ကျနော်က အာခီတက်ခ်ပါ ၀န်ကြီး”
“အဲဒါမင်းပေတံလား”
”ဟုတ်ကဲ့ ပါ ၀န်ကြီး ဒါကျနော့်ပေတံပါ ”
“ဟင်း.. အလကားကောင်ပဲမင်းက အာခီတက်ခ်သာဆိုတယ် မင်း ဘေးနားထောင်ထားတဲ့ ကိုက်တံကြီးထိပ်မှာ သစ်သားပြားကပ်ရိုက်ထားတာတောင်မဖြုတ်ပဲသုံးနေတဲ့ကောင်” ဟု
ခပ်တည်တည် ငေါက်ငန်းလိုက်၏။

ထို့နောက် ဆောက်လုပ်ရေးအင်ဂျင်နီယာ၏ စားပွဲ နောက်နံရံတွင်ချိတ်ထားသော "Safety First" ဆိုသည့် ဆိုင်းဘုတ်ကိုမြင်သောအခါ မောင်အောင်သောင်းသည် တချက် မျက်မှောင်ကြုံ့ ကြည့်ရင်း
မကျေမချမ်းဖြင့် ဟေ့ကောင် "ဒါဘယ်သူ့ ဝန်ကြီးဌာနလဲကွ " ဟု မေးလိုက်၏။
ထိုအခါ ဆောက်လုပ်ရေး အင်ဂျင်နီယာကလည်း မဆိုင်းမတွပင် ကြောက်ကြောက်လန့် လန့် ထဖြေလိုက်၏။
“ ၀န်ကြီးရဲ့ ၀န်ကြီးဌာန ပါ ခင်ဗျား”
“ မင်းတော်တော် အသုံးမကျတဲ့  ကောင်ပဲကွ ငါ့ဝန်ကြီးဌာနမှန်းသိရက်နဲ့ဘာလို့ ဆေဖတီ က ဖပ်စ်ရမှာလဲ ” ဟု ပြန်မေးလိုက်ကာ ထို အင်ဂျင်နီယာအားဒေါသတကြီးဖြင့် ငေါက်ငန်းတော့၏။

ထိုဖြစ်ရပ်ဖြစ်ပြီး တပတ်အကြာတွင် ယခုကဲ့သို့  Safety First ဆောင်ပုဒ်အားပြင်ခိုင်းကြောင်း တိုက်တိုက်ဆိုင်ဆိုင် ဖတ်လိုက်ရသော ကျွန်ုပ်မှာ Safety first ၊ အောင်သောင်းဘိတ်ချေးဟု သာ မှတ်ချက်ချရင်း
ပြုံးမိပါတော့၏။



တုတ်ကြီးတာဝတိံသာ

ချီးထုတ်ကြီးများ အမေးအဖြေကဏ္ဍ

Monday, February 23, 2009

ယခုကဲ့သို့ .........ကျွမ်းကျင်ကြ၏။

အမှန်တရားဝေးတဲ့ ကျန်ဝါးရေး

Wednesday, February 4, 2009

final.mp3


ဟေ့ဘယ်သူလဲ...................။
တုတ်ကြီးပါကွ.......................။

မှောင်ထဲမဲမဲမှာ ထုံးစံအတိုင်း ကျွန်ုပ်တုတ်ကြီးတယောက် ဆေးသေတ္တာလေးကို ကိုင်ကာ နောက်ဖေးလမ်းကြားထဲမှ သုတ်သုတ် သုတ်သုတ် ထွက်လာစဉ်
ရပ်ကွက်ကင်းတဲမှ လှမ်းအော်မေးလိုက်သော အသံဖြစ်၏။

ကျွန်ုပ်တုတ်ကြီးသည် ဖွန်ကြောင်သလောက် သမာဓိပိုးဖြင့်လည်း မြီးကောင်ပေါက်ကလေးများ နား ပွတ်သီးပွတ်သပ်ဖြင့် လက္ခဏာကြည့်ပေးသလို ဗေဒင်တွက်ပေးသလိုလိုအချိုး ဖြင့်
လက်ကလေးကိုင်ရနည်းလား အနံ့ လေးရှူရ ရှုံးရိုးလား ဟူသော ဆင်ခြေကို ရင်ဝယ်ပိုက်ကာ ကြီးပြင်းလာခဲ့သည့်အလျှောက်အရွယ်ရောက်လာသော အခါ မီးယပ်နှင့်သားဖွားအထူးကုဖြစ်လိုစိတ် ပြင်းပျတော်မူလှ၏။



သို့ ကလိုဖြင့် ကျွန်ုပ်လည်း တိုင်းရင်းဆေးသိပ္ပံတွင် ဇာဒိဖ္ဖိုလ်သီး အကြောင်းသိကောင်းစရာ ကျမ်းတော်ကြီးကို ရေးပြီးသကာလ မြန်မာ့ရိုးရာ ဂိုင်နကော်လော်ဂျစ်ဘွဲ့ ကို ကိုယ့်ဟာကိုယ်ပေးကာ
ဒေါက်တာတုတ်ကြီး ဟူသော ဂုဏ်ပုဒ်ဖြင့် ခြုံဖုတ်တောင်အလွတ်မပေးပဲ နှိုက်တော်မူတော့၏။

တုတ်ကြီးတို့  ဘုန်းမိုးသို့ ချုန်း ပွေးပုန်း ရှိက လှန်ကာပြ မိန်းမဖြစ်စေ မငြင်းပေဘူး ဆိုသော ဆောင်ပုဒ်ဖြင့် တောင်ကုတ် အနီး မြို့ တမြို့တွင် ဆေးခန်းထိုင်နေခိုက် ............
၁၉၈၈ အရေးတော်ပုံကြီးဖြစ်လာ၏ ။ အဖြစ်အပျက်တို့ က အချစ်အတွက် သစ်ကွက် တခုလုံး လက်ညှိုးထိုးရောင်းမိသည့်တောခေါင်းပမာ သဘောကောင်းသော တုတ်ကြီး အတွက်
အကွက်ဝင်လာသည် ယင်းကား ၁၉၉၀ ရွေးကောက်ပွဲဖြစ်ပေတော့၏။

ပတ်ဝန်းကျင်က အမတ်မင်း ဟု ခေါ်တိုင်း ကျွန်ုပ် စိတ်ထဲတွင် တော့ “ အမတ် တုတ်ကြီး တုတ်ကြီးအမတ် ” ဟု မတ်မတ်ကြီး ကော့ကာ မော့မော့ကြီးကပ်နေမိတော့၏။
န၀တ ဆိုသည့်ကောင်စားများကလည်း စောက်ချဉ်မဟုတ် နောက်လင်ဦးဆောင်သည့်အဖွဲ့ဖြစ်သည့်အတိုင်း ကတိမတည် အာဏာမပေးတော့ မခက်ပေလော ...။

တုတ်ကြီးတို့ က တုံးတိုက်တိုက် ကျားကိုက်ကိုက် ကိုယ့်မကိုက်သမျှ ပေါ့လေ နော် အဟက်ဟက်ဟက်ဟက်. ဆို တော့ကာ သဘော အလိုမကျသဖြင့် တောခိုရမှဖြစ်မည်ဟုဆုံးဖြတ်ကာ
အိန္ဒြိယနယ်သို့  ထွက်ခွာကာ လက်သာရာ လုပ်ရင်း ဆက်လက် ရပ်တည်လျှက် ၀ါသနာကလည်း ရှိ တတ်သည့်ပညာ မနေသာ ဆိုသည့်အတိုင်း ဆေးကုသခြင်းလုပ်ငန်းကိုလည်း ကြုံသလို
ဆက်လက်လုပ်ကိုင်နေခဲ့၏။ အာရောဂျံ ပရမံလာဘံ လို့  အဆိုရှိပေသကိုး။

အိန္ဒြိယ ရောက် မာတုဂါမ များကလည်း အားကိုးရှာကြ၏။ ဒေါက်တား ဒေါက်တား ကျား မ နေးမကန်းဘူး ဖျားနေဒယ် ............. ကျွန်ုပ်ကလည်း ကန်းမလေး လာ ကွပ်ပျစ်ပေါ်တက် ပဲလက်လှန် ...
သို့ ကလို သို့ ကလို လက်စွမ်းပြမြဲ..........တတ်နိုင်ဘူးလဗျာ ဂိုင်နကော်လော်ဂျီနဲ့ ကျောင်းပြီးလာသကိုး ဗျ.............။


ဤသို့ ဖြင့် နှစ်ပေါင်းများ စွာ ကျွန်ုပ် အနေဖြင့် ဒက္ခိဏဒေသတွင် တကိုယ်ထဲ ဗိုလ်စွဲနေသော လွှတ်တော် ကိုယ်စားလှယ်ကြီးအနေဖြင့် နေပြီးသကာလ အရှေ့ ပိုင်းဒေသ မာတုဂါမ အခွင့်အရေးလှုပ်ရှား
မှုအတွက် ကမကထ ပြုသောအဖွဲ့ အစည်း၏ ဘဂျိုင်းနားဒေးအား တက်ရောက်ရန်ဖိတ်ကြားခံရသော်လည်း ပိုမိုအရေးလည်းပါ ကျွန်ုပ်တုတ်ကြီး၏ ၀ါသနာနှင့်လည်းကိုက်ညီသော
အာပွား လိမ်ညာဖုံးဖိပုံဖျက် ရေးရာ ဌာနကိုဦးစီးရမည့် ကျန်ဝါးရေး ၀န်ကြီးဌာန၏ ရုံးအဖွဲ့ မရှိသော ၀န်ကြီး အနေဖြင့် အမေရိကန် နိုင်ငံ တွင်နေသော ဦး သလင်း ပြောင်တို့  ကို ဘုလတို တို့ ဦးဆောင်သည့် အမျိုးသမီး ညွန့် ပေါင်း အစိုးရ ကကမ်းလှမ်းလာသဖြင့် ဒပ်ဘလင်သို့ ရောက်ခဲ့ရ၏။

Credential challenge ကိုထောက်ခံမယ်ဆိုရင် ကျုပ်ကတော့ နှုတ်ထွက်မယ် နော် ထွက်မှာပဲနော် တကယ်နော်...အဟုတ်နော် ထွက်မှာနော် ရဘူးနော် ထွက်ပစ်မှာပဲနော် ဟူသော ဦးသလင်းပြောင်၏ သွားမတိုက်သော ပါးစပ်မှ ပြောသော စကားကိုကြားသော်လည်း အစည်းအဝေးမှ ပြန်လာ ချိန်တွင် တကယ်ပင် ကျန်ဝါးရေးဝန်ကြီးဌာန ၏ ပြိုင်ဘက်မရှိဝန်ကြီးဖြစ်ပြီးသကာလ
ခပ်တည်တည်ဖုံးကွယ်ကာ ပဏာအပြည့်ဖြင့် ပုံ တုတ်ကြီး ကျန်ဝါးရေးဝန်ကြီး ဟူသော နာမည် ရာထူး ဖြင့် စာထုတ်ပစ်မည်ဟု ကြုံးဝါးလာခဲ့၏။
ထိုကြုံးဝါးမှုအတိုင်း........
ကျွန်ုပ်လဲ ကျွန်ုပ်၏ ကိုပီတာအစုတ်ကလေးကို ဖွင့် ပြီး မိုက်ကရိုဆော့ဖ် ၀ပ် ထဲတွင် တုတ်ကြီး ကျန်ဝါးရေးဝန်ကြီး ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုးသမီးညွန့် ပေါင်းအစိုးရဟု မိန့် မိန့် ကြီးပြုံးကာ
ရဲရဲကြီးရေးချလိုက်ပါတော့၏။ ကျွန်ုပ်စိတ်ထဲတွင်တော့ အဟေးဟေး.... တကယ် အာဏာရပြီးရွေးကောက်ခံရတဲ့ ဘုရှ်တို့  အဖွဲ့တောင် မှ အလွန်ဆုံးရှစ်နှစ်ပဲ ဌာန လက်ကိုင်ရှိတာ ခွိခွိခွိဟု ရယ်ရင်း သဘောကျနေခိုက် ကျွန်ုပ်၏ ဇနီး ဖြစ်သည် မဒမ်တုတ်ကြီးက ၀က်ရူးတက်သည်အထင်နှင့် သူမ၏ ထွားကြိုင်းသန်မာလှသော လက်မောင်းကြီးများဖြင့် ချုပ်ကာ ကျွန်ုပ်၏လည်ပင်းအားလိမ်ချိုးလိုက်ပါတော့၏။

တုတ်ကြီး တာဝတိံသာ

ထမီအုပ်၍ လွှတ်လိုက်သည် (တကိုယ်တော် ပြောဇာတ် နားဆင်နိုင်သည်)

Saturday, January 31, 2009

hta main oat yway ...
အချိန်ကား ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ နှောင်းပိုင်း ဖြစ်၏။ ကျွန်ုပ် တုတ်ကြီး သည် ဆန့် ငင်ဆန့် ငင်ဖြင့် ဖိနပ်မပါသော ခြေဖ၀ါးနှစ်ဖက်ကို ဖော့ကာ ဖော့ကာ ဒပ်ဘလင်မြို့ဆင်ခြေဖုံးတနေရာ မှ ရိုးရာအရက်ဆိုင်တခုရှေ့  အရောက် ဖောက်သည် ရလိုရငြား ကျွန်ုပ်၏

လမ်းလျှောက် တုတ်ကလေးကို ရမ်းရင်း စမ်းတ၀ါးဝါးဖြင့်
နာမည်ကြီး ဂျပန် ရုပ်ရှင်ဇာတ်လမ်းထဲမှ မျက်မမြင် အနှိပ်သည် ဇာ တို အိချိ စတိုင်ဖြင့် တလှမ်းခြင်း လှမ်းဝင်လိုက်၏။

ထိုအချိန်တွင် ယခုကဲ့သို့ အူလှိုက်သည်းလှိုက်ရယ်သံကိုကြားလိုက်ရသည်မှာ..... "ဟဲဟဲဟဲဟဲ ဘယ်ရမလဲကွာ ငါတို့ ကအစကတည်းက ကြိုပြီးတော့ကြံထားတာ သိတယ်မဟုတ်လား မဲဆောက်က ကောင်တွေကိုလှမ်းပြီးတော့ ပြောထားပြီးသား မင်းတို့ ဝန်ကြီးဖြစ်ချင်သလား

မင်းတို့ ဝန်ကြီးဖြစ်ချင်တယ်ဆိုရင်တော့ credential challenge ကိုလုံးဝ ကန့်ကွက်ရမယ် ဒါပဲ "

ဟူသော စကား ဆုံးသည်နှင့် နေ့ မစေ့လမစေ့ ဥမှ ကွဲလာသော လိပ်ကို အခွံချွတ်ကာ ကတ္တရာစေးအိုးထဲ ဆောင့်ကန်ချထားသည်နှင့်တူသည့်
ရုပ်ဖြင့် ထိုသူက ခါးကြားမှ ဆောင်ဓါးကို အကြောင်းမရှိပဲ ဆွဲဆွဲ ထုတ်နေခိုက် ခပ်ညံ့ညံ့ ယာကူဇာ ဂိုဏ်းခွဲခေါင်းဆောင် နှင့်တူသည့် မျက်မှန် တပ်ထားသော လူက " ဒါက ဖြစ်သင့်တယ်လေနော် ... I think that's what I think and that I 'll think ” ဟု ရေချိုးရန် အမြဲ
ဝန်လေးတတ်သူ လူညစ်ပတ်လူပျင်းတယောက်၏ ဟန်ဖြင့် အသားလွတ် ၀င်ထောက်ခံပြန်၏။


ထိုအချိန်တွင် ခေါင်ရေဗူးကို လည်ပင်းတွင် ဆွဲလျှက် ငရုတ်သီး တောင့်ဖြင့် သွားကြားထိုးနေသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ် မြို့နယ်အတွင်းရေးမှူးတဖြစ်လဲ တိုင်းရင်းသား ခေါင်းဆောင်ကြီး ခွန်နွားကိုကြံ က ဒါဝင်၏ သီအိုရီ မှန်ကန်ကြောင်း သူ၏ ကုန်းကွကွ
ပေကလပ်ပေကလပ် ဟန်ဖြင့် “ဒါကျုပ်တို့ ကလုပ်ဖို့ ရှိတယ်လေ လုပ်ဖို့ ရှိလို့ ကျုပ်တို့ လုပ်တာဖြစ်တယ်လေ ကျုပ်တို့ လုပ်တာဖြစ်ပြီးကျုပ်တို့ လုပ်တာပေါ့ ကျုပ်တို့ လုပ်တာကိုသူများဝင်လုပ်တယ်ဆိုရင် ကျုပ်တို့ လုပ်တာမဟုတ်တော့ဘူးဖြစ်သွားမှာပေါ့
ဘာပဲဖြစ်ဖြစ် လုပ်ဖို့ ကို တော့ကျုပ်တို့ လုပ်မှ လုပ်တာဖြစ်မှာပဲ လုပ်ကိုလုပ်ရမှာဖြစ်တယ်လေ ” ဟု ဘာကိုလုပ်မှန်းမသိသော လုပ် စီး ပေါ်လစီဖြင့် စီးစီးပိုင်ပိုင်လေးလေးနက်နက်ဆွေးနွေးလိုက်ပြန်၏။


အားလုံးတိတ်ဆိတ်သွားခိုက် မဲဆောက်နယ်မှ လာသော ပုဂ္ဂိုလ် တစ်ယောက်က အသားလွတ်ခြောက်ကပ်ကပ်ရယ်ကာ ယာကူဇာ ဂိုဏ်းခွဲခေါင်းဆောင်နှင့်တူသော လူ၏ အင်္ကျီခေါက်ရိုးကြားမှ ဂျီးတို့ ကို လျှာဖြင့်ကုန်းလျက်ကာ သန့် စင်ပေးပြီးနောက် ပြောလိုက်၏။

ဒီ... ဒီ လို ရှိတယ်ဗျ.... ခရက်ဒန်ရှယ် ချဲလင်းကို ကျနော့်တို့ မူအရ... ဟိုမှာ ခင်ဗျားတို့ 
သိတဲ့အတိုင်းပဲလေမဲဆောက်ဆိုတာ မူအရမထောက်ခံရင်လည်း အနေရအထိုင်ရကျပ်တယ်ဗျ သိတယ်မဟုတ်လား...အဲဒီတုန်းကကျနော်ဝန်ကြီးဖြစ်မယ်မှန်းမသိဘူးလေ ... မဟုတ်ဘူး
နေရာလိုချင်လို့ မဟုတ်ဘူးနော် ကျနော်တို့ က တိုင်းပြည်နဲ့လူမျိုးအတွက်အလုပ်လုပ်လာတာလေ ...ဟုတ်ဘူးလား ... အတိအကျပြောတာနော် နေရာလိုချင်လို့ ပြောတာမဟုတ်ဘူးလေ.. အဲဒီကိစ္စနဲ့ပတ်သက်လို့ မလုပ်ဖူး လို့ပြောပြန်လဲမဖြစ်ဘူး မဖြစ်ဘူးဟူးဟူး. ဒီတော့ မူအရပေါ်လစီအရ ဟိုလိုလို
ဒီလိုလို အင်္ဂလိပ်လိုပြောရင်တော့ဗျာ အကိုကြီးရာ Goat's Balls policy ပေါ့ဗျာ Goat's Balls policy ပေါ့ သိတယ်မဟုတ်လား... ခု ကျနော်တို့ အစိုးရသွားမယ့် ပေါ်လစီအတိုင်းပါပဲ ဟို နေရာလိုချင်လို့ မဟုတ်ဘူးနော်... နေရာလိုချင်တယ်ဆိုတာ အိပ်မက်ထဲတောင် ထည့်မက်ခဲ့တာမဟုတ်ဘူးနော် တိုင်းပြည်နဲ့လူမျိုးအတွက်နော်
အကိုကြီးတို့ လိုပဲနော်.... ဟု ပြောလိုက်၏။

အရက် တအိုး အကုန်ခန့်တွင် ရေချိန်ကိုက်နေသော ထို လူစုသည် ဆိုင်ထဲ မှ လေးလံ သောခြေလှမ်းများဖြင့် သိုင်းကွက်နင်းကာ ထွက်သွားတော့၏။

ကျွန်ုပ်တုတ်ကြီးလည်း ဖောက်သည်မရသည့်အဆုံး မထူးတော့ပါဘူး ဟု ဆုံးဖြတ်ကာ စိတ်ဝင်စားသည့်အလျှောက် ထိုသူ တစု အရက်ဆိုင်မှ ထွက်သွားရာနောက်သို့  တိတ်တဆိတ်လိုက်လံကြည့်ရှုရန် ခေတ်ပြိုင် လမ်းမကြီး ပေါ်သို့ တက်လာလိုက်တော့၏။

ထိုလူစုသည် ဇရပ်နှင့်တူသော အဆောက်အဦ တခုထဲသို့ ဝင်သွားသည်ကိုတွေ့ ရပြီး ကျွန်ုပ်ကလည်း ဇရပ် ဘေး နံရံနားကပ်ကာ ချောင်းနားထောင်နေမိ၏။ သူတို့ ပြောနေသောစကားများအားမကြားတချက်ကြားတချက်.....


ထို့ နောက် ” မီးဒို့ကောင်တွေ ဇာပဲ ပရော ပရော ငဒို့ ကဒေါ့ ထိုင်မကြေ့ နိုင်ဘူး လုပ် စရာ ရှေ့ ဆက်လုပ် မှာဘဲ ကြာ သ ကွာ” ဟူသော အော်ကျယ်ဟစ်ကျယ် အသံနှင့် အုန်းဒိုင်းဖုန်းခွပ် အွတ် ဗြွတ် စွတ် ဘွတ် ဟူသော အသံတို့ ကိုဆက်တိုက်ကြားလိုက်ရတော့၏။

နှင်းမြူတို့ သည် ဖြူဖွေးဝေ့၀ဲကာ တလိမ့်လိမ့်ကျဆင်းနေ၏။ ပတ်ဝင်းကျင်သည် အေးစက်ခြောက်ကပ်လျှက် .........ထိုအချိန်တွင် အဝေးကောင်းကင်မှ ငှက်တအုပ်သည် သုတ်သီးသုတ်ပြာ အရှေ့ ဖက်အရပ်သို့  ပျံထွက်သွားကြသလို ခပ်ဝေးဝေးမှ တောခွေးအူသံသဲ့သဲ့ကိုလည်းကြားနေရ၏။ ကျွန်ုပ်သည် မြင်ရလိုမြင်ရငြား နံရံပျဉ်ပြား ကြား သံပေါက်မှချောင်းကြည့်လိုက်ရာအဖွားကြီးတဦးက တောင်ဝှေးကို ဘယ်ဘက်လက်ဖြင့် ကိုင်လျှက် လက်နက်ပုန်းများတပ်ဆင်ထားသည်နှင့်တူသော နံ့သာဖြူယပ်တောင်ကို ညာဘက်လက်မှ တဖြေးဖြေးချင်းခပ်ကာ
”ကျမတို့ က တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်နေတာ လေ တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်မလုပ်ဖူး
လို့ ယူဆရတဲ့လူတွေကို ပြတ်ပြတ်သားသား ဆက်ဆံရမယ်...
စု ပြောထား တာတွေရှိတာပဲ ရှင်တို့ လဲ ဒါကိုသိနေတာပဲ credential challenge တုန်းကလဲ ရှင်တို့ ကပျက်ယပျက်လုပ်တယ် ဒီမယ် ရှင်တို့  တွေ ဒီအသက်ဒီအရွယ်အထိ ရောက်နေပြီ ကလေး စိတ်နဲ့
သိပ်ကြောက်နေရင် ထမိန်ဝတ်ထားကြ ”

ဟု ပြောပြီးသကာလ ကိုယ်ဖော့သိုင်းပညာဖြင့် စွေ့ ကနဲတချက်ခုန်ကာ အူလှိုက်သည်းလှိုက်ရယ်မောပြီးနောက် နောက်ဂျွမ်းပစ်ကာ မည်သို့ လုပ်လိုက်သည်မသိ စောစောက အရက် ဆိုင်တွင် လေပေးနေခဲ့သော အုပ်စု တစုလုံးသည်သူမ၏ ဇောင်းပါတိတ် အောက်ပြားပြားမှောက်ကာ အကြောပိတ်ခံလိုက်ရပါလေတော့သတည်း။

တုတ်ကြီး တာ ၀တိံသာ