mmblogpress.com အား ဆြာတုတ်ကြီး ဖောင်ဒေးရှင်းမှ ဆုငွေ တသန်းချီးမြှင့်ခြင်း

Thursday, December 25, 2008

ယခုတလော ကျွန်ုပ် ဆြာတုတ်ကြီး အလုပ်အင်မတန်များနေ၏။ မနက်ခြောက်နာရီ လော်ကယ်ရထားအဆိုက် ကုန်စိမ်း အမှီပို့ ရ၏။ ညခုနှစ်နာရီလောက်မှ ဆိုက်ကား ဂိတ်က အိမ်ပြန်ရောက်၏။
အိမ်ပြန်ရောက်တော့ ထမင်းလေးတအိုးချက် ဖြစ်သလိုလေး စားပြီးတော့ ဆောင်းအေးအေးမှာ စောင်စုတ်ကလေး ခြုံလျှက် မီးတိုင်မှုတ်၍ ကွေးပါတော့၏။
ဒါက စိတ်ကူးယဉ် version ပါ ဆိုက်ကားငှားပြီး မြို့ တပါတ်ပါတ် ပစ်လိုက်မည်ဟု အစောတလျှင် ကြုံးဝါးမထားပါနှင့်မိတ်ဆွေ။

မနက် ခြောက်နာရီ ထပြီး ရုပ်မြင်သံကြားမှ မနက်ခင်း traffic သတင်းကြည့်နေကြ။ ကွန်ပြူတာ လေးဖွင့်ပြီး မိတ်ဆွေအချို့ နှင့် ပြောနေကြ။
ဒီကနေ့ တော့ ခရစ္စမတ်အကြိုဆိုတော့ အလုပ်ပိတ်၊ ခရစ္စမတ်နေ့ လည်းအလုပ်ပိတ် သဖြင့် အေးအေးလူလူ နှစ်ပေထုရှိသော အိစက်ညက်ညောသည့်မွေ့ ယာကြီးပေါ်တွင် ဇိမ်ခံကာ Gtalk ဖွင့်လိုက်တော့
တယောက်သော သူငယ်မက mmblogpress ဆိုသည့် ဗမာ သတင်းသမဂ္ဂမှကြီးမှူးသည် ဆိုသော bloggers များအား မဲပေး ရွေးချယ် သူကောင်းပြုမည့် အင်တာနက်စာမျက်နှာတခုကိုလာပြ၏။
What a generosity?
oh....yeah.....philanthropically righteous idea!!! Oh My my.... စသည်ဖြင့် ကျွန်ုပ်၏ အတွေးထဲတွင် ငပိသံဖြင့် အာမေဋိတ်တို့ ပဲ့ တင်ထပ်သွားစေပါတော့၏။
BMA ဆိုပါလား ။ ကျွန်ုပ် ငယ်ငယ်က BMX စက်ဘီးပြိုင်ပွဲထိုင်ငေးရင်း ငါးကျပ်တော့ကောက်ရဖူးပေ၏။ ခုတော့ BMA ဘော်ချက်မှု ကိုထိုင်ငေးရတော့မည့် ကိန်းဆိုက်နေရင်း မိမိ၏ ဘလော့များ
သည် အနှီ အရင်းမစိုက် ရွှေဖြစ်ငွေဖြစ် ဖော်မြူလာဖြင့် အလုပ်ဖြစ်နေသော အဂ္ဂိရတ်သမားများ၏ Big Malicious Asses ဆိုသော အဖွဲ့ အစည်းကြီး၏ သားကောင်ဘ၀သို့ ရောက်မှန်းမသိရောက်သွားပေတော့၏။

ကဲ ... ဆန်းစစ်မှုတခုကို ဦးစံရှား ဆေးတံမငှားပဲ ခေါင်းပေါင်းဖြုတ်ခေါင်းကုတ်ရင်း စတင်ကြရအောင်လား ပရိဿတ်။
ကဲ .... စကြည့်လိုက်ရအောင်။
သူတို့ ၏ အင်တာနက်စာမျက်နှာမှ အကြောင်းအရာများ အား လေ့လာမိတော့....

MBAA အကြောင်း

MBAA 2008 (Myanmar Blog Academy Award 2008 Programme) အကြောင်း

(က) မြန်မာဘလောဂ့်လောက အတွက် အခြေအနေနှင့် အချိန်အခါအရ လိုအပ်သည်ဟု ယူဆမိ၍ ဤ MBAA ကို နည်းပညာ၊ သုတ၊ ရသပိုင်းများ ရေးသားဖြန့်ဝေရာတွင် နေရာတစ်ခု ရရှိနေကြသော မြန်မာဘလော်ဂါ လူငယ်တစ်စုက တိုင်ပင်သင့်သော သူများ၏ အကြံဥာဏ်များကို ယူ၍ စတင်ခဲ့ ပါသည်။

(ခ) MBAA ၏ လုပ်ငန်းဆောင်တာများအတွက် Myanmar Blog Press ဝက်ဘ်ဆိုဒ် (Domain,Hosting & Setup) ကို သတ္တမနည်းပညာရပ်ဝန်း (Technical 7) က ကူညီ ပံ့ပိုးပါသည်။ ဆိုဒ်ပြင်ဆင်မှုနှင့် လိုအပ်သော နည်းပညာကိုလည်း ၎င်းအဖွဲ့မှပင် ပံ့ပိုးပါသည်။

(ဂ) ဆုများ ပေးအပ်ချီးမြှင့်ရာတွင် အများ၏ ဆန္ဒမဲပေးမှု အဆင့်အတန်းအရ ကဏ္ဍ အသီးသီးရှိ အကောင်းဆုံး ဘလော့ဂ်ဆု ရရှိသူများ အားလုံးကို MBAA 2008 ၏ ဂုဏ်ပြုမှတ်တမ်းတင်လွှာ တစ်ခုစီနှင့်၊ မြန်မာ သတင်းသမဂ္ဂ ၏ အမှတ်တရ လက်ဆောင် ပစ္စည်း တစ်ခုစီ ဆုရရှိသူ ဘလော်ဂါ နေထိုင်ရာ မြို့၊ ရွာ၊ နိုင်ငံ အရောက် MBAA 2008 Programme မှ အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

(ဃ) MBAA 2008 Programme သည် အခြား မည်သည့် အဖွဲ့အစည်း၊ ငွေကြေးကိစ္စများနှင့် လုံးဝ(လုံးဝ) ပတ်သက်မှုမရှိပါ။

ကျွန်ုပ်မေးလိုသည်မှာ (က) အဘယ်ကဲ့သို့ သော ဒေါက်တာ ဘွဲ့  ပိုင်ရှင်များက ယူဆ ကြသနည်း ။နေရာတစ်ခု ရရှိတယ်ဆိုသည် က အဘယ်ကဲ့သို့ သော နေရာဖြစ်သတုန်း။
(ခ) သတ္တမ နည်းပညာ ရပ်ဝန်းနှင့်ပတ်သက်၍ တော့ မသိ မပြောလိုပါ wordpress CMS သုံးထား တာကိုတော့တွေ့ ရပေ၏။
(ဂ) အမှတ်တရလက်ဆောင်ပစ္စည်းများကို နေထိုင်ရာမြို့ ရွာ နိုင်ငံအရောက် အခမဲ့ပို့ ဆောင်သွားမည် ဆိုပဲ ။ ပြည်တွင်းမှ နအဖ ဆန့် ကျင်ရေး ရေးသားနေသော ဘလော့ဂါလူငယ်များ အား ဆုများပေးပြီးလျှင် အင်းစိန်သို့ ပါအခမဲ့ပို့ ဆောင်ပေးမည့်
အစီအစဉ် က အပိုဆုအဖြစ် ပါလာမည်လော ။
(ဃ) လေးစားပါ၏။ မိမိတို့ ၏ တကယ့် ချွေးနှဲစာဖြင့် ယခုလို ပေးကမ်းစွန့် ကြဲသည်ဆိုလျှင်တော့တနှစ်လုံး အလုပ်လုပ်မှ ဒေါ်လာ တသိန်းမရသေးသော တုတ်ကြီးတို့ အိပ်မက် လှလှမက်ရချည်သေးရဲ့။
---------------------
ရည်ရွယ်ချက်

MBAA Programme ကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပခြင်း ဖြစ်ပါသည်။

(က) ဘလော့ဂ်ကို အားတက်သရော ရေးသား၍ အနုပညာ၊ အသိပညာများကို ဖြန့်ဖြူးပေးနေသူများအား အသိအမှတ်ပြုရန်။
ဘလော့ကို အားတက်သရော ရေးသား၍ အနုပညာ ၊အသိပညာများကို ဖြန့် ဖြူး ပေးနေသူများအား အသိအမှတ်ပြုရန် ဆိုပဲ ။ ကျွန်ုပ်နာမည် ပေါင်း ဆယ်ခုကျော်ဖြင့် တနှစ်အတွင်း ဆောင်းပါး ၊ကဗျာ ၊သရော်စာ ၊ပန်းချီ ၊စသည်ဖြင့် ဖန်တီးမှု ငါးရာကျော် ရေးခဲ့၏။
ဘယ် ခွေးမသား တကောင်တမြီး၏ အသိအမှတ်ပြုမှုအတွက်မှရေးခြင်းမဟုတ်။ တခြား သော စာရေးဝါသနာပါသူ လူငယ်များ အနေဖြင့်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ကောင်းဖြစ်မည်ဟုယူဆ၏။

(ခ) မြန်မာ အင်တာနက် လူမှုအသိုင်း၏ သုတ၊ ရသ ဖြန့်ဖြူးမှု အခန်းကဏ္ဍကို မှတ်တမ်းတင်ထားရန်။
ဘလော့ဆိုသည်မှာ ပိုက်ဆံမပေးနိုင်တော့လျှင် domain name expire ဖြစ်သွားသော ကိစ္စမဟုတ်။ webspace ကို Delete လုပ်ခံလိုက်ရမည့်နေရာမဟုတ်။ သွားလေသူ ဖိုးဇေ၏ ဘလော့ ။ နအဖ ဖမ်းဆီးခံလိုက်ရသော နေဘုန်းလတ်တို့ ဘလော့ပင် ဆက်လက်ရှင်သန်နေ၏။ သူ့ ဟာနှင့်သူ အင်တာနက်တွင် ဆက်လက်ရှိနေမည့်ကိစ္စဖြစ်၏။ အော် လေးစားဖွယ် ရွှေဥာဏ်တော်များပေကိုး။ ထို့ ပြင် တခု မေးလိုသည်က လူမှုအသိုင်း ဆိုတာ ဘာတုန်း လဗျာ။

(ဂ) မြန်မာ ဘလောဂ့်လောကကို ပိုမို နီးကပ် စည်းလုံးမှု ရရှိစေရန်။

ထိုအတွက် မြန် မာ့ရိုးရာ ပွေးညှက်နှင့်ကျွဲကော် သင်ကြိုက်ရာရွေးနိုင်ပါပေ၏ မိတ်ဆွေ ။ ခေတ်ဆန် မော်ဒန်ဖြစ်လွန်းချင်ပါက ဆူပါဂလူး ရှိပါပေ၏။

(ဃ) အနည်းဆုံးအားဖြင့် မြန်မာဘလော်ဂါများ ရင်းနှီး ပျော်ရွင်မှု ရစေရန်။
အနည်းဆုံးအားဖြင့် မြန်မာ စာရေးသားသူအများ အနေဖြင့် ရင်းလည်းရင်းနှီးပျော်လည်းပျော်နေကြပြီးသားဖြစ်ပါ၏။ ကိုရင်တို့  ဘရာစီယာကလစ်ဖြုတ် အတင်း ကလိထိုးမှ အဟင့် ခစ်ခစ်ဖြစ်ကြမည့် သူများ တယောက်မှမပါပါ။ ပါချင်လည်း ပါပေမပေါ့ဒါကတော့
တုတ်ကြီးမစမ်းသပ်ဖူးသေးသော ကိစ္စ ။ လေးစားပါပေ၏။

(င) နိုင်ငံတကာရှိ ပရော်ဖက်ရှင်နယ် ဘလော်ဂါများနှင့် ရင်ဘောင်တန်းနိုင်ကာ အရည်အသွေးနှင့် အရည်အချင်း အရပါ ပိုမို တိုးတက်ဖွံ့ဖြိုးလာစေရန်။
နိုင်ငံတကာရှိ ပရော် ဖက်ရှင်နယ် ဘလော့ဂါများနှင့်ရင်ဘောင်တန်းရန်အတွက် ခြောက်လက်မရှိသော ဒေါက်ဖိနပ်များ အား ၀ယ်စီးရင်း နှင်း ကျသည့် ညတွင် ခြေကျိုးသွားသော ဘလော့ဂါမလေးများပေါ်ပေါက်လာလျှင်အသင်တို့ ဆေးကုသပေးပါမည်လော။
To be internationally professional bloggers , shouldn't we write in English ? လိုပါသလား ထိုကိစ္စကရော..........။
After all, Who are you dudes ? , do we actually need to care and be judged by a bunch of rascals from so-called BMA?

အထက်ပါအချက်အလက်များကတော့ ကျွန်ုပ်၏ စိတ်ထဲ ဖရိုဖရဲပေါ်လာသော မေးခွန်း အနည်းငယ်သာဖြစ်ပေသေး၏။ တကယ်တော့ တုတ်ကြီးဆိုသည့် ကျွန်ုပ်သည် ဘလော့ဂါမဟုတ်။ အင်္ဂလိပ် အဘိဓါန် ပြန်ကြည့်ပါဟုပြောလာလျှင်လည်း
quote blogger unquote မဟုတ် ဟု သာ ရိုးရိုးဖြေမည်ဖြစ်ပါသည်။ ကျွန်ုပ် စာ ၊ ကဗျာ ၊ ဟာသ တို့ အား နာမည်အမျိုးမျိုးဖြင့် ဘလော့တော်တော်များများတွင် ရေးသားသလို လူငယ် ထုနှင့်လည်း ပြောဆိုပတ်သက်မှုရှိပါပေ၏။
ထိုလူငယ်ကလေးများသည် သူတို့ ၏ တဦးချင်း၏ true identity ကို ဖော်ထုတ်အသိပေးပြီးမှ ထိုဆုဆိုသော အရာကို ယူ ရမည်လော။ မိမိအိမ်လိပ်စာ မိမိအမည်အရင်း မိမိ ၏အကြောင်းကို ဖွင့်ချပြရမည်လော။

BMA ဆိုသဖြင့် BMA မှ ပါဝင်သူများဖြစ်သော ကိုသာမညတို့ တွေလည်း မသိကြ။ သို့ သော် BMA ဆိုသော ဟာကြီးကလဲပြူးပြဲ တွဲလွဲ ဖြင့် ညာဘက် အောက်ဆုံးတွင် မြင်နေရပြန်ပေ၏။
တို့ တာဝန်အရေး အပါး များစွာဖြင့် ကိုးပါးဆေး က ပင် ပါပါးခေါ်ရလောက်အောင် များပြားသော အပါးအပါးတွေနှင့် နီရဲပြူးပြဲ လှသော စာမျက်နှာတစ်ခု အဘယ်အတွက် ကြောင့်ပေါ်လာသည် ၊ ထို စာမျက်နှာ၏ ဆုပေးပွဲအစီအစဉ်နောက်တွင်
မည်ကဲ့သို့ သော ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေရှိသည်ကိုတော့ ကျွန်ုပ်မသိချင်ပါ ဂရုလည်းမစိုက်ပါ။ သို့ သော် ကျွန်ုပ်၏ စာမျက်နှာနှစ်ခုအား ဖြုတ်ပေးပါရန်ကိုတော့ စာရေးအကြောင်းကြားထားပြီးဖြစ်သော်လည်း ယခုထိ မဖြုတ်ပေးသေးသည်ကိုမြင်ရပေ၏။

သို့ ဖြစ်စေကာမူ ကျွန်ုပ်၏ တုတ်ကြီး ဖောင်ဒေးရှင်းမှ ဂရုဏာ စေတနာဗရပွဖြင့် ယခုကဲ့သို့ ရည်ရွယ်ချက်ကောင်းသော mmblogpress ကို ငွေသား တသန်းတိတိချီးမြှင့်လိုပါကြောင်း မဲပေးရွေးချယ်ရန်ပင်မလိုပဲ ကမ်းလှမ်းလိုက်ပါသည်။


မှတ်ချက် ။ ။ ဇင်ဘာဘွေ ငွေတသန်းဖြစ်ပါသည်။ ထိုငွေတသန်းကိုလဲ မူဂါဘီ ထံတွင် project ရေးကာတင်တောင်းထားနေဆဲဖြစ်ကြောင်း ကြိုတင် မညာတမ်းအသိပေးအပ်သကဲ့သို့  မိမိအားလည်း ကိုကိုတုတ် ဟု ခေါ်ရန်မလိုပါ ။ မိတ်ဆွေသင်္ဂဟများအားအတင်း ရော အဓမ္မရော “မီးကို မဲပေး မီးကို မဲပေးနော် .. ဟွန့် ချိတ်ချိုးပစ်မယ် မပေးရင် ဒါဘဲ ဒါဘဲ ” ဟု အပူကပ်စရာမလိုပါ ။

တုတ်ကြီး ခေတ္တ တာဝတိံသာ

အမျှ အမျှ မျှ ယူ ကြ

Tuesday, December 2, 2008

အမတ်မင်းများကလည်း ကျလိကျလိဖြစ်နေကြပုံပေါက်၏။
ဖြစ်ပျက်နေကြပုံက သွေးဆုံးမှ ကလေးလိုချင်တဲ့ မုဆိုးမ ညနေမှောင်ရီတရော ရွာထိပ်ထွက် ပြီး ညောင်စောင့်နတ်ထံ discount ချသားဆုပန်တော့မည့်ဟန်ဖြင့်။
“မင်းကြီးများ....”ဟု ကိုရင်သန်းရွှေက ဗိုက် ပင့်ကာ ဘိုကေ ဆိတ်ချေးပုံလောက်နှင့် အော်လိုက်လျှင် “ ဖြား....” ဟု ယောင်ယမ်းထူးဖို့ အထိတောင်မှ စိတ်ကူးက
ယဉ်ထားကြပုံ။
”ရှင်း..ရှင်း..ပြောပါလား...ရှင်းရှင်းပြောပါလား ခပ်ရှင်းရှင်းပြောကွယ်...” ဟု ဟေမာနေ၀င်း
ဆိုခဲ့သလို ဆိုပြီး မေးရမည့်ပုံ ပါပဲလား ဦးရယ်။
ဦးသိပ်ဆိုးတယ်.. ဦးဟာလေ... လူနားလည်အောင်လည်းအပြောဘူး အပြောလဲပြောချင်သေးတယ် ဟု နန္ဒာလှိုင်က သွားလေသူ ဗိုလ်ကြောက်မြင့်အောင်ကြီး၏
ဆာဒူးကြီးတန်ခိုးမပြသည့် သွားကြားထိုးတံကိုကြည့်ရင်း ညည်းသလိုပဲညည်းရတော့မလို။
ဦးတင့်ဆွေတို့ ရေးပုံဖတ်ပြီး ဘာကိုနားလည်ရမှန်းမသိ။


သရော်စာ ဆိုသည်မှာ သရေစာလို မဟုတ်သဖြင့် ဗိုက်လည်းမပြည့် ပါးစပ်လည်းမညောင်း ။ မှန်ပေ၏။
ဦးတင့်ဆွေကရေဖြည့်ပေးစေချင်ပါသည် ဆိုသည့်ခေါင်းစဉ်ဖြင့်မေတ္တာရပ်ခံလာ၏။
အင်မတန် လျှော်ကန်သင့်မြတ်လှသည့်တောင်းဆိုချက်ပါပရိဿတ်။ transparency ရှိခြင်းဆိုသည်နှင့် ၀ိုင်းဝန်းဖုံးကွယ်ခြင်းဆိုသည့်ကိစ္စကိုတော့ အလေးအနက်စဉ်းစားပါ ဘဘ။
ဗိန္ဓောဆရာ၏ ငန်းနီကျော်ဖြင့် ဦးနှောက်ကအကြိတ်ကိုကုမရနိုင်ပါ။ အာနိုးကြီး ဗိုက်ပူကာ ကလေးမွေးသည်ဆိုလျှင် တော်ပေသေး၏။ ဘိုင်စကုတ်ထဲကြည့်လိုက်ရသကိုးဒါကတော့။

မြို့မေတ္တာခံယူတဲ့ သားတွေက... အလိုဗျာ....မြို့ မေတ္တာခံယူတဲ့သားတွေက ...
မယားတွေရ (ဗေဒို့ ပို့ ပတ်) မယားဟားဟားတွေရ .... ကားတွေ ရ....(ပတ်တတ်တတ်ပလို့ )ကားဟားဟားတွေရ
အလိုဗျာ.........မှားဟားဟားဟား ပေစွ မှားဟားဟားပေစွတကား...ဟားဟား..(တူနယ်တယ် တူ့ နယ်တယ် တူ့ နယ် တယ့်နယ် တူးနယ့်တယ်နယ်တောင်)
...။

ကျွန်ုပ်တုတ်ကြီးသည် ဇာတ်ပိုးရှိသည်နှင့်အညီ မည်သူမျှ မမြင်ဘူးအထင်နှင့် အိမ်ပေါ်ထပ် ကျွန်းဘီရိုဟောင်းကြီးမှ သနပ်ခါးစက်များပေကျံနေသည့် ကိုယ်လုံးပေါ်
မှန်ကြီးရှေ့ တွင် တခါမှ အတူမနေလိုက်ရဖူးသော မိန်းမ၏ ပန်းနုရောင် ပိုး ထမိန်ကိုနှစ်ခြမ်းဖြဲကာ တောင်တို ပုဆိုးလုပ်လျှက် (လုပ်ချင်တာကတောင်ရှည်ပါ)
ဘောင်းဘီတိုပေါ်တွင်ပတ်၏။
ကွမ်းစားထားသော နှုတ်ခမ်းမဲမဲရဲရဲကြီးကိုထော်ပြီး ဘုရားပွဲတုန်းက ကလေးတွေ လက်ဆောင်ပေးရန် ဆိုသောအကြောင်းပြချက်ဖြင့်
ဝယ်ထားသည့်မင်းသား ခေါင်းဆောင်းစက္ကူဘောင်းတော်ကို ခေါင်းတွင်စွပ်၍ မှန်ရှေ့ တွင် ဟန်ရေးပြနေ၏။ ရွှေမန်းတင်မောင့်အသံကို အတုခိုးကာ ကြာနီကန်
လေသံဖြင့် ရောလျှက် ကိုယ်ပိုင် စတိုင် အဖြစ်မွေးယူရင်း တယောက်ထဲ မင်းသားကြီးလုပ်နေမိ၏။

လက်သင်သူနဲ့ဖျက်ချင်သူများကလည်းအများကလား ဦးမင်းရဲ့ ဟဲ့ဟဲ့.... ခေါင်းကို ကိုကြီးကျော်ဝင်နေသော ဓါးပြရုပ်နှင့်အခြောက်လုပ်နေသည့်နတ်ကတော် အထာဖြင့် ငြိမ့်ကာ ဘေးနားမှ ဖျာလိတ်ကို လူရွှင်တော်အမှတ်ဖြင့် လှမ်းမေးလိုက်၏ ။
ဖျာလိတ်ကလည်းစိန် တုတ် တုတ် ကို တုတ် တုတ်မှပင်လှုပ်မပြ ... ။
ဟိုး ရှေး က ရွှေပွဲလာ ပရိဿတ်ရေ... သားသား စိန်တုတ်တုတ်က မမ တွေကိုလည်း ချစ်တယ် ညီမလေးတွေကိုလည်းချစ်တယ် အမကြီးတွေလည်းချစ်တယ် တီတီကြီးတွေ ဆိုလည်း အလွတ်မပေးပါဘူးခင်ဗျနော် သားသားကို ငချွတ်ကလေးထင်တော်မမူကြပါနဲ့ စင်တော်ဆိုတာ ထင်ပေါ်မှရောက်တာကလားဗျ ဟု သံနေသံထားဖြင့်တကိုယ်တည်း ညုရင်း
လက်ထဲက ဖော့ပန်းကုန်းကြီးကို စိတ်ပါလက်ပါဆောင့်ဆွဲလိုက်ရာလည်ပင်းမှတင်းကနဲ ကြိုး ရှသွားသလိုလို ။
ဒီတော့ ခါးကိုအနည်းငယ်ကုန်းပြီး ပရိဿတ်ကို ဦးညွှတ်ဟန်ပြုလျှက် ညာခြေကို နောက်သို့  ဖွဖွလေးထိုးကာ ဆုတ်လိုက်တော့ ထမိန်ကွဲစတက်နင်းကာ ဖင်ကဟောင်းကနဲ ပြောင်မတတ် တော်ပေသေးရဲ့ တရုတ်ဘောင်းဘီတိုကြီးဝတ်ထားမိပေသေးလို့ ။

တချက်မှတော့ ကျွန်ုပ် စိန်တုတ်ကြီးက အရှက်မရှိ။ ပြောင်၏။ ယောင်၏။ ထုံးစံအတိုင်းလည်းကြောင်၏။ ဒီတော့ ထပ်ပြီး တေးထပ် လိုလို ဘာလိုလိုလေးတွေဖြင့်
ဖြေဖျော်ရဦးမည်။ အလိုဗျာ.... လက်သင်သူ ရယ်... ဖျက်ချင်သူ တကယ်ရှိတာမသိလေရော့သလား .... ရော့အင့်... ၀က်ကင်ယူ ... လကွယ် .. ကြက်ကင်အတူ
ကိုက်ကြပါစို့ လားဟားဟား.... တူ့ နယ်တယ် တူ့ နယ် တယ် တူ့ နယ် တယ့်နယ် တူးနယ့်တယ့်နယ်လဗြောင်။
ပါးစပ်မှအသံလည်းဆုံး မင်းသားမိုးဝင်းတို့ ကိုသိန်းဇော်ကြီးတို့ စင်ပေါ်မှာ ဖင်ထိုင် ချ ထိုင်ရင်း လက်ကလေးနှစ်ဘက် ဘယ်ညှာယှက်သလို ကော့ထားပြီးခေါင်းကို တငြိမ့်ငြိမ့်ဖြင့် အတောလေးသတ်လိုက်၏ ။

ပြသနာက ကျွန်ုပ်ခေါင်းက ရပ်မရတော့။ ထလည်းမရတော့ ။ လက်ကလေးဘယ်ညာယှက်ကာ ပိုက်ထား သလို ဟန်လေးကလည်း ဖြုတ်မရတော့။ ပါးစပ်ကလည်း အသံမထွက်တော့ တယောက်ထဲ မှန်ရှေ့ တွင် ဟန်ရေးပြရင်း အမြှပ်တစီစီထွက်အောင် တောင်စဉ်ရေမရတွေလည်းအော်ပြီးပြီ ကိုယ့်အတတ်တော့ကိုယ်စူးပြီ။ မတတ်နိုင်တော့ ကျွန်ုပ် လည်း ကျွန်ုပ်၏ မှန်ထဲက ပုံရိပ်ကို ကြည့်ရင်း အော် ငါ့နှယ် အဆို အပြော အက အရွ တွေ ကောင်းရဲ့
ခုတော့ များကွယ်...ဟုသာစိတ်ထဲကနောက်ပိုင်း မင်းသားကြီး ငြီးသလိုငြီးရင်း ငါလည်း NCGUB နဲ့ တော်တော် ဘ၀တူသွားပါကလားဟုသံဝေဂဖြင့် ..
စီးပွားရေးနဲ့ကြီးပွားရေးနဲ့သမီးရည်းစားရေးနဲ့အောင်ပါစေ...
ဇဗ္ဗူတ၀ှမ်းမှာ အူစမ်းဟဲ့ ငဒူတွေ အောင်ပါစေ ဟု စိတ်ထဲက သီဆိုရင်း ဇာတ်ပိုးကလည်းရှိသည်နှင့်အညီ ထမကနိုင်တော့သော်လည်း မျက်လုံး နှစ်လုံးကို ဟိုဖက်ထောင့်ကပ်လိုက်ဒီဖက်ထောင့်ကပ်လိုက်ဖြင့် ကကွက်ဆင်နေခိုက်
မတော်လိုက်ရသော ယောက္ခမကြီး၏ တူမလေးက “အောင်မယ်လေး ဦးတုတ်ကြီး မင်းသားကြီး လုပ်ရင်း ရူးသွားပြီတော့်” ဟုသော အော်ပြောသံကိုသာနောက်ဆုံးကြားလိုက်ရပါတော့၏ ................။


တုတ်ကြီး ခေတ္တ တာဝတိံသာ

ဒေါက်တာ လွဏ်းဆွေဘလော့တွင်ဖော်ပြပြီး

ဘ က အချစ်ကို ကိုးကွယ်သတဲ့လားကွယ်

Thursday, September 18, 2008

ဒီအပတ်ထဲ ကျွုန်ုပ် ကိုကိုတုတ် တယောက် သွင်းလိုက်ထုတ်လိုက် အလုပ်များနေ၏။
လေကလေးချွန်လျှက် ဘောင်းဘီများ အင်္ကျီများနှင့် ခရီးဆောင်သေတ္တာတစ်လုံးကိုဖွင့်ကာ အလုပ်ရှုပ်နေသည်မှာ ခရီးတစ်ခု ထွက်ရန် ပြင်ဆင်နေခြင်းဖြစ်၏။
တာဝတိံသာ မှာ ဆောင်းရာသီ ၀င်တော့မည်။
ညို့မှိုင်း အေးစက် လှသော ညနေများ အား နွမ်းလျ ရီဝေစွာ တကိုယ်တည်း ဖြတ်သန်းရဦးတော့မည်။ နွေဦးကာလ တုန်းက ဟိုး အဝေးမှပျံသန်းလာခဲ့ရင်း ယာယီ နေထိုင်သွားခဲ့သော ငွေငန်းဖြူတို့လည်း
သူတို့၏ အခြား ဇာတိ ဒေသသို့ ပြန်လည်ထွက်ခွာစပြုကြပြီ။ တချို့ မျိုးဆက်သစ်များ ရသွားကြသလို တချို့ ဖော်မဲ့ အထီးကျန်ဖြင့် .............။

သြကာသလောကကြီးတစ်ခုလုံးသည် ဆည်းဆာ တိမ် တိုက်တို့အောက်တွင် အမှုမဲ့အမှတ်မဲ့ ရွေ့လျားနေကြ၏ ။ အသက်မဲ့သလို လည်း ငြိမ်သက်နေကြ၏။ မသိလိုက်ဖာသာ ဥပေက္ခာဖြင့်လည်း စီးမျောနေကြ၏။
ကျွန်ုပ်သည် ယောက်ျားပီသ လှသည့် အမဲကြော်တုံး တင်ထား သလို မျက်ခုံးများအား ကြိုးကျစ်သလို ရေညှစ်သလို အားရှိပါးရှိ မျက်မှောင်ကြုံ့လိုက်ရင်း NLD မှ ထုတ်ဝေ သော နောက်ဆုံး ကြေငြာချက်အား ဖတ်ရှုနေလိုက်မိ၏။
ကတ္တရာစေးရောင် နက်မှောင်နေသော ကျွန်ုပ်၏ မဟာ ဆီ မဟာသွေးအပြည့်ပါသည့် အသားအရောင်သည် ဆည်းဆာနေရောင်အောက်တွင် ဘုန်းကြီး သပိတ် နေထိုးသလို တောက်ပြောင် အရောက်လက်လျှက်။
ဘယ်ဘက်လက်မောင်းမှ ပွေးက ယား ယား ရှိလှသဖြင့် လက်သည်းမညှပ် သည်မှာကြာပြီဖြစ်သော ညာဘက် လက်ဖြင့် ဗျင်းဗျင်းမြည်အောင်ကုတ်ရင်း အား အား ယားယား ဆိုသော မြန်မာ စကား၏ အဓိပ္ပါယ်ကို လေးလေးနက်နက်
တွေးနေမိ၏။

ကျွန်ုပ် ၏ ညံ့ဖျင်း အတွေးခေါင်မှုမှ နားလည်လိုက်သော အဓိပ္ပါယ်မှာကား
အားတော့ ယား ကြသပေါ့ ကွယ်..... ဒါလေးများဟုဖြစ်၏ ....။

တိုင်းပြည် အတွက် အလုပ်လုပ်သူများကတော့ အင်မတန် အလုပ်များ နေပေလိမ့်မည်ဟု ကိုယ်ချင်းစာစိတ်ဖြင့်တွေးရင်း သတင်း နှစ်ခု အား ချစ်ရသော ကြိတ်ပိုး ဖူး သော အသေရရ အရှင်ရရ ယူ မည်ဟု ပင် ဟိုးတုန်း က တွေးထားခဲ့ဖူးသော
လမ်းထိပ်အိမ်မှ ဖက်တီးမက သတင်း နှစ်ခုကို လက်တို့ကာ ပြောလာတော့မှ ကျွန်ုပ်၏ အတွေးစများရပ်သွားတော့သည် ။
ကျွန်ုပ်၏ နားနား သို့  ကပ်ကာ သူ့ ပါးစပ်ကို လက်ဖြင့်ကွယ်ရင်း ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လျှက် “xxxx............xxxxx..xxxx...xxxxx......xxxxxxx.... ဟဲ့... ဒါပေမယ့် နင် လျှောက်မပြောနဲ့နော် ဒါအတွင်းသတင်းသိလား...နင်ငါပြောတာကို ပြန် ဖွရင် သတ်မယ်” .. ... ဟု ပြောလဲပြော ၊ ကျွန်ုပ်၏ စားပွဲပုလေးပေါ်မှ အုန်း ထန်းလျှက်ကလေးတစ်လုံးကိုလဲကောက်ကာ ငုံ လိုက်ရင်း ဆင်မယဉ်သာ ခြေလှမ်းဖြင့် ကြမ်းကျိုးအောင် လျှောက်သွားကာ အိမ်ပေါ်ထပ်မှ ဆင်းသွားပါတော့၏။


သတင်းကောင်း နဲ့ သတင်းဆိုး

သတင်းကောင်း ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စီအီးစီ ဖိုးဖိုး ကြီး ဦးညွန့် ဝေ က
ကင်ပေတိုင် ဂက်စ်တာဗို စစ်ပုလိပ်တို့၏ ဒူးမနာသားများဖြစ်သော မြန်မာနိုင်ငံ စစ်ပုလိပ် အရာရှိ တဦး ရဲ့  ရှု မငြီး ချစ်ဇနီး အား မွေးရာပါ လက်နက်ဖြင့် ထိုးနှက်ကာ အနှီခံစစ်ကုန်းအား တိုင်းပြည်နှင့်လူမျိုးအတွက် ၊ ဒီမိုကရေစီရေးအတွက်၊ လူ့ အခွင့်အရေးအတွက် ၊လွတ်မြောက်ရေးအတွက် အပိုင် တက်သိမ်းလိုက်ခြင်းဖြစ်ပါတယ် ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်ကြီးတဦး ကျန်းမာရေးအရ ဒေါင်ဒေါင် မြည် နေသေးကြောင်းဖြစ်သဖြင့် သတင်းကောင်း ဖြစ်ပါတယ်။
ဒီလို လက်ထပ်ယူလိုက်ရခြင်းမှာ ဦးညွန့် ဝေက နအဖ ပြောသလို တောင်ဝှေးတောင်မနိင်တော့ဘူးဟုစော်ကားမှုအား တောင်အား ရှိသေးပါကြောင်း အောင်မြင်တဲ့ အသံကြီးဖြင့် ထဲထဲဝင်ဝင်ဖြေကြားလိုက်ခြင်းလည်းဖြစ်ပါတယ်။

သတင်းဆိုးကတော့ ဖိုးဖိုးကြီး ဦးညွန့် ဝေအား မိသားစုက အိမ်မှ နှင်ချလိုက်ပြီး ဖြစ်ပါကြောင်း စိတ်မကောင်းစရာကြားသိရပါတယ်။

ဒီလို နအဖ ရဲ့ ဒူးမနာသားတွေကို အတွင်းအား ပြည့်နှက်နေသေးသော ရှိရာ လက်နက်နဲ့ တော်လှန်လိုက်တဲ့ ဖိုးဖိုးကြီးဦးညွန့် ဝေရဲ့ အံ့မခန်းဖွယ် ဂူအောင်း တောင်ဝှေး အစွမ်းကတော့ ဂျပန် မျက်မမြင် ဒါးသမား ဇာတိုအိချီ၏ ဓါးကဲ့သို့ပင် မည်ကဲ့သို့ ထိုးလိုက် သည်ပင်မသိ...... ဟု ဒွိဟဖြစ်စရာဖြစ်ပါတယ်။
ထိုနည်းလည်းကောင်းပဲ စိတ်ပျက်ဖွယ် တခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ သမ၀ါယမ လူကြီးအား ရပ်ကွက်ကောင်စီမှ ပစ်စာရေးသော အရေးအသားထက် နိမ့်ကျ လှသည့်ကြေငြာချက်ကြီးအား ဘွားကနဲ ဖြူကနဲ ဖြဲ ကနဲ
မအီမလည် မြင်လိုက်ရပြန်တော့......................။


တုတ်ကြီး ခေတ္တ တာဝတိံသာ

မျှော့ကြိုးကုန်ချိန်

Thursday, August 21, 2008

ဆရာ့ဆရာကြီးအားလုံး၏ ပုရောဟိတ်အားလုံး ပဏ္ဍိတ အားလုံး ဂုရုအားလုံး၏ မဟာ့မဟာ ဂုရုလေသံဖြင့်
Movie review, book review နိုင်ငံရေးအခြေအနေ review စသဖြင့် တခုခုကို ပြူးပြဲ ၊ ဆွဲလှန် အတင်းကန်ရော
လူအထင်ကြီးဖို့ ငါကွ၊ ငါဟဲ့၊ ငါတော့်၊ ငါလကွယ့် ဟု မသိမသာ ပါးပါးလေး လုပ်လိုစိတ်တွေက ထင်းကနဲ ၀င်းကနဲ လင်းကနဲ ပေါ်လာလိုက်သည်မှာ ပေါက်မြောက် တော့မည့် ယောဂီတဦး ဥဂ္ဂဟ နိမိတ် များရသကဲ့သို့။


ကိုယ့်လူတွေ ၊ ကိုယ့်ခေတ်ပြိုင်တွေ၊ ကိုယ့် ဧရာဝတီတွေ ၊ ကိုယ့် မဇ္ဈိမတွေ ၊ ကိုယ့်ကြေးမှုံတွေ ၊ ကိုယ့် မြန်မာ့အလင်းတွေ (ဟာရောကုန်ပါပြီ သတင်းစာသည် ဖြစ်ပါပေါ့လား) ကိုယ်နှင့်တခေတ်ခြင်း ဖြတ်သန်းလာသူတွေ(ခေါင်းနှင့်မဟုတ် ကိုယ်နှင့်) ၊ ထွီ …..တော်ဇမ်းဘာ.. စကားပြောရင် စာရေးရင် ကိုယ်တို့က ကိုယ်တို့က ၊ သူများကိုပြောလိုက်ရင် ကိုရင်တို့က.. မောင်ရင်တို့က ဆိုတဲ့ အင်မတန် ဒညင်းသီး ဆားစိမ် ၊ တမာရွက်ပြုတ် ငပိရည်တို့စရာတို့ဖြင့် စားထားပြီးသား သေးဖြင့်သာ အခွက်ကိုကော့ပန်း ပစ်ချင်စရာကောင်းသည့် အသုံးအနှုန်းများ ဖြင့် မသိမသာ ကြောကြောမောမော ဆက်ဆံတတ်သော ခွေးမသားများကို ဒေါက ကန်မိနေပြန်ပါပြီ အော် ဒုက္ခ..ဒုက္ခ..။

ကဲပါလေ…ဆက်စရာ ရှိတာကို မုဒိတာ ပွား ၊ ဥက္ခောထားဆက်ဦးမှဖြစ်ပေတော့မပေါ့…..။


ကျွန်ုပ်သည် ပျင်းပျင်းရှိလှသဖြင့် ကိုယ်ပိုင် ပိဋကတ်တိုက်မှ စာအုပ်ကလေးများအား တအုပ်ချင်း ပြန်လည် စီတန်း ဖုံသုတ်နေရင်း ဘိလပ်မှ ထုတ်သော စာအုပ်များ ကြားတွင်ညှပ်ထားသော စာအုပ်အပါးသေးသေးလေးများကို သေချာယူကာ ပြန်စီမည်လုပ်ရင်း တခုသော စာအုပ်ပါးလေး အဖုံးကိုဖတ်ကြည့်သော အခါ ဂုရုကြီး George Orwell ၏ How the poor die ဆိုသော စာအုပ်အပါးကလေးကိုတွေ့ တော့နိပ်ပြီ အတော်ပဲ ငါ Essay Review ရေးပြီး ဆရာလိုလို သမားလိုလို ရမ်းကုလိုလို ကွက်စိတ်ဆရာလိုလို ဦးရှင်ကြီးပင့်ဆရာလိုလို လုပ်လို့ ရပြီ ဟု အကြည်ဓါတ်ပေါက်ကာ ထိုစာအုပ်ပါးလေးအား သူ့နေရာသူ ပြန်ထားပြီးသကာလ သမိန်ပေါသွပ် ပါဝင်သော မင်္ဂလာ လက်ဆောင်စာအုပ်ကို ကောက်ယူကာ စာကြည့်မျက်မှန် ကလေးကို ကောက်တပ်လိုက်မိပါတော့၏။



သမာဓိအားကို အပြည့်အ၀ စုစည်းကာ လေ့လာသူ ပညာရှင်တဦး၏ ခွဲခြမ်းစိတ်ဖြာ ဆင်ခြင် ကြံဆ ရမ်းရွှီး ၊ စွတ်အာ၊ ပေါက်ကရပြော ၊ ကြားဖူးနားဝ ကိုးကား မျက်နှာထားဖြင့် မျက်မှောက်ကြုတ်ရင်း လေသာပြတင်းဖက် ခပ်ငေးငေး ခပ်တွေးတွေးကြည့်ရင်း သက်ပြင်းရှည်ကြီး ကို အသံထွက်အောင်ချရင်း အသံမထွက်အောင် အိးကို ပေါက်ထုတ်လိုက်မိပါတော့၏။

မဖြစ်သေး…. ။
သမိန်ပေါသွပ် ပါဝင်သော မင်္ဂလာလက်ဆောင်ဆိုသည့် စာအုပ်ကို နောက်မှ review ရေးမည်။ မည်သူမျှတော့ ကိုယ့်ထက်အရင်ခေါင်းစဉ် တမျိုးမျိုး တပ်၍ လူတတ်ကြီး မ တတ်ကြီး မတ်တပ်ကြီး မလုပ်လောက်ပါဘူး လေ ။
သို့သော် စိတ်မချရ။ ကိုယ့်ဟာနှင့်ကိုယ် သမိန်ပေါသွပ် review အတွက်ပြင်းထန်သော အတွေးအခေါ်တိုက်ပွဲ ဆင်နွှဲနေရင်း ခေတ်ကာလ အခြေအနေနှင့်ကိုက်ညီသော ကြားဖူးခဲ့သည့် ပုံပြင်လေးတပုဒ်အား သတိရမိပါတော့၏။



လွန်လေပြီးသော အခါတပါးက..
ရာဇဂြိုလ်ပြည် နှင့် ဘယ်လို နည်းနှင့်မျှ မပါတ်သက်သော တိုင်းပြည်တပြည်ရှိ၏။
ထိုတိုင်းပြည်တွင် အနာတပိန်သူဌေးကြီး နှင့် ဘာမှမတော်စပ်သည့် ပွေးဝဲယားနာ(ဘီလျံနာထက် နာသော) သူဌေးကြီးတဦးနေထိုင်လေ၏။

ထိုသူဌေးကြီးနှင့် တခါမှ မသိသလို တသက်လုံးသေသည်အထိ မတွေ့ဖူး မကြားသော အရူးတယောက်လည်း ထိုတိုင်းနိုင်ငံတွင် နေထိုင်ကာ ထိုအရူး သည်လည်း တိရိစ္ဆာန်တို့ပြောသော မဂဓ ဘာသာ စကားအား လုံးဝမတတ်ကျွမ်းပေ။
ထိုအရူးသည် တရွာလုံးကို ဒုက္ခမပေးသော်လည်း ညရောက်လျှင် တညလုံး မအိပ်ပဲ “ငါကွ..ငါကွ ..တုတ်ကြီးကွ”
ဟု မနားတန်း အော်တတ်၏။

တနေ့သောအခါ ထိုအရူးအား ရပ်ရွာမှ ချော့မော့ကာ ဆေးဆရာကြီး ဇီဝကနှင့် လုံးဝမပတ်သက်သည့် ပရောဂဆရာ ဒေါက်တာရမ်းကု တဦးထံသို့  ရပ်ရွာ စားရိတ်ဖြင့် နားငြီးသက်သာပြီးရောဟူသော သဘောဖြင့် လိုက်ပါ ပို့ ဆောင်ပေးလိုက်ကြ၏။


ပရောဂဆရာ ဒေါက်တာရမ်းကု ၏ လက်ချက်ဖြင့် အရူးမှာ တဖြေးဖြေး စိတ်ပိုင်းဆိုင်ရာ ပုံမှန်အနေအထားသို့ရောက်ရှိလာပြီဟု အားလုံးသော ပုထုဇဉ်တို့ ယုံကြည်ရမလိုဖြစ်လာသော ကာလတွင် ပရောဂဆရာ ဒေါက်တာရမ်းကု က အရူးအား ဇာတိဌာနေသို့ ပြန်ခွင့်မပေးခင် နောက်ဆုံး စိတ်ပိုင်းဆိုင်ရာ စမ်းသက်ချက်အဖြစ် မေးခွန်းအချို့ကို စတင်မေးပါတော့၏။


ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ကဲ…ကိုတုတ်ကြီး ရေ ခင်ဗျား အိမ်ပြန်ရတော့မယ်ဗျ မပျော်ဘူးလား။

အရူး။ ။ ပျော်ပါသော်ကော ဆရာရယ် .. အိမ်က နွားမဒမ်းမလေး ဇီးကပ်တာထက်ပိုပျော်တယ်။
ပရောဂဆရာ ဒေါက်တာရမ်းကု မှာ အရူး၏ အဖြေကို သဘောကျစွာကောက်ချက်ချလိုက်သည်မှာ “အင်း..ဟုတ်ပေသားပဲ နွားမလေးကိုယ်ဝန်ရှိ၊ နွားလေးမွေး၊ နွားနို့ ညှစ် ”

ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ဟုတ်ပြီဗျာ..ကိုတုတ်ကြီး.. နောက်ဆုံး မပြန်ခင် ခင်ဗျားကို မေးစရာလေးတခုမေးမယ်နော်။

အရူး။ ။ အောင်မယ်လေးဆရာရယ် အချင်းချင်းတွေပဲ မေးစမ်းပါ မေးပစ်လိုက်စမ်းပါ တုတ်ကြီးတို့ကဒါမျိုးဆို သိပ်ဖြေချင်တာ ဘီဘီစီ၊ ဗွီအိုအေ၊ဒီဗွီဘီ၊ အာအက်ဖ်အေ နဲ့ အင်တာနက် မဂ္ဂဇင်းတွေက လို ဟောဒီက ဒေါက်တာရမ်းကု က အချွန်နဲ့ မ မ ဘူး ဆိုတာ တုတ်ကြီးတို့ကသိပြီးသား ။

အရူးက ပြုံးပြုံးကြီးဖြေလျှက် လက်နှစ်ဖက်ပိုက်ကာ ကုလားထိုင်တွင်သက်တောင့်သက်သာမှီလိုက်၏။
မှီပြီးကာမှ သတိအနေအထားဖြင့်ခါးကိုပြန်မတ်ကာ လက်ဖ၀ါးနှစ်ဘက်ကို တေ့ကာ လက်ညှိုးလေး နှစ်ချောင်းကို ထိလိုက်ခွာလိုက် လုပ်ပြီးမှ ပြန်မှီ၏။ ပြီးတော့ မျက်နှာကြက်ပေါ်မှ စုတ်သပ် နေသော အိမ်မြှောင် ကို ပြုံးလျှက်စိုက်ကြည့်နေ၏။

ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ကဲ …ကိုတုတ်ကြီး ဒါဆို မေးမယ်ဗျာနော်။
အရူး။ ။ အဆင်သင့်ပဲဆရာရေ လည်ချောင်းတော့ရှင်းပါရစေ.. အဟမ်း….အဟမ်း.. ကဲ ရပြီ မေးပေတော့ဆရာ။

ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ကိုတုတ်ကြီး တကယ်လို့ ခင်ဗျားကို ကောင်မလေးတစ်ယောက်က ကြိုက်နေတယ်ဗျာ…။
စကားမှမဆုံးသေးအရူးက ကြားဖြတ်လျှက် “ တကယ်လား ဆရာ….ချောမှဖြစ်မယ်နော် ချောမှ နောက်တော့ ယင်ဖိုတောင်မသမ်းမှဖြစ်မယ်” ဟု ပြောလည်းပြော မေးလည်းမေး သဘောထားလည်းပေးကာ ပြုံးစိစိဖြင့်
နောက်ထပ်မေးလာမည့်မေးခွန်းကိုစောင့်နေတော့၏။

ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ဟုတ်ပြီဗျာခင်ဗျားပြောသလိုမိန်းကလေးပါပဲ ….၊ ဆိုကြပါစို့
အဲဒီ မိန်းကလေးနဲ့ ခင်ဗျား အခု ဟောဒီအခန်းထဲမှာ နှစ်ယောက်ထဲ ရှိတယ်ဗျာ သူကလည်းခင်ဗျား သဘောရှိပါ ကိုကိုတုတ်ရယ်လို့ ပြောပြီ ခင်ဗျား ဘာဆက်လုပ်မလဲ…။

မေးခွန်းဆုံးသောအခါ အရူး၏ မျက်နှာသည် ရေနံဆီလောင်းခံလိုက်ရသော နေမင်းကြီးကဲ့သို့ တောက်ပ၀င်းထိန် လင်းလက်ကာ ပြုံးနေလိုက်သည်မှာ ပါးစပ်ပေါက်ကြီး နားရွက် နှစ်ဖက်သို့ ချိတ်မတတ်ပင် ။ ထို့နောက်အရူး၏ မျက်နှာ အမူအရာသည် ရှက်သလိုလို ချီတုံချတုံ ဖြစ်သလိုလို ပြောင်းလဲလာပြီး….“ဟာဂျာ…ရှက်ချာဂျီး..ဆရာကလဲ ” ဟု စကားပင် မပီတော့ပဲ ပြန်ပြောလိုက်၏။

ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ဟာမရှက်ပါနဲ့ဗျ… ကိုတုတ်ကြီးကလဲ ဒါ သဘာဝတရားပဲ မဟုတ်ဘူးလား ။

အရူးသည်ချက်ခြင်းပင် ကျွမ်းကျင်သူတယောက်၏ မျက်နှာပေးဖြင့်..“အိမ်း..ဟုတ်ပေသားပဲ …ဂေါတမ ဘုရားရှင်တောင်မှ အနော်မာသောင်ကို မြင်းစီးပြီး ကူးခဲ့ရသေးတာပဲ ” ဟု ဘာမှ မဆိုင်သော်လည်း မမှားသော စကားကိုပြောလာ၏။

ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ကဲ ..ကိုတုတ်ကြီးရယ် စောစောက အခြေအနေမျိုး ဖြစ်ရင် ခင်ဗျား ဘယ်လိုဆက်လုပ်မလဲ…။
အရူး။ ။ သြော်… ဆရာရယ်… ။ သူကလေးက ..မေတ္တာကလဲရှိ ၊မျက်စိကလဲကျ ၊ဟော်မုန်းကလဲကြွ အရွယ်ကလဲရှိ ၊ ဟောဒီက ကိုကိုတုတ်နဲ့ ကလဲ တခန်းထဲ အတူဆိုမှတော့..ဟား..ဟား…ဟား..ဟား…ဟား….
ဘယ်ပြောကောင်းမလဲဆရာရယ် ဟု ပိုင်ပိုင်နိုင်နိုင်ကြီးပြောချလိုက်ပြီး ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် မျက်နှာပိုးသပ်ကာ ငြိမ်သွားတော့၏။

ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ဟုတ်ပြီဗျာ ။ ပြောမကောင်းတာလေးတွေကြားချင်နေတာဗျ ပြောစမ်းပါ ဈေးမကိုင်ပါနဲ့။

အရူး။ ။ သြော် ဝေးလိုက်တာ ဆရာရယ်…. သူကလေးက ကိုယ့်ရည်းစားသနာ ပဲကိုး ဒီတော့ အရင်ဆုံး
ညီမလေး ကိုကိုတုတ်ဖက်မယ်နော်…………..ပေါ့ဗျ။

ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ဖက်ပြီးတော့…..?
အရူး။ ။ ဖက်ပြီးမှတော့ အရူးလားဆရာရယ် လက်တွေက ရေလည်မြန်ရတော့ အသက်ရှူသံတွေက ပြင်းလာမယ် လုံးဝ ကွက်တိလှုပ်ရှားရမယ်လေ ..ဒီတော့ သူ့ အပေါ်ရုံ အင်္ကျီကလေးကိုချွတ်မှာပေါ့….။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ပြီးတော့…………?
အရူး။ ။ ပြီးမှတော့…ရှင်မီးအင်္ကျီပဲကျန်တာပေါ့ဆရာရယ် တဆင့်ချင်းပေါ့… အဆင့် ခုနှစ်ဆင့်အတိုင်း ကြိုးတုတ်ပြီး မတရားကျင့်တာမှမဟုတ်တာပဲ ဒီတော့စိတ်ရှည်ရမယ် သဘောထားမှန်ရမယ် သက်ဆိုင်သူတွေ ကြည်ကြည်ဖြူဖြူ လက်ခံ နိုင်ရမယ်လေ ဗျာ။

ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ ဟုတ်ပါပြီဗျာ ကြည်ဖြူပြီတဲ့ အဲဒီ ခုနှစ်ဆင့်အတိုင်းမဟုတ်ဘူးဗျာ ဘာဆက်လုပ်မလဲဗျ….?

အရူး။ ။ဆြာရယ် ရှက်လာပီဂျ။

ပရောဂဆရာ ဒေါက်တာရမ်းကု။ ။မရှက်ပါနဲ့ ဆက်ပြောပါဗျ ကောင်းခန်းရောက်နေပြီ အဲဒီ ရှင်မီးအင်္ကျီလေးပြီးတော့ ဘာဆက်လုပ်မလဲဗျ။

အရူး ။ ။ အဲဒါပြီးတော့ အဟီး…. ထမီပေါ့ ဆရာရယ် ထမီပေါ့။

အရူး၏ အဖြေဆုံးသောအခါ ပရောဂဆရာ ဒေါက်တာရမ်းကုသည် အားတက်သရောဖြင့် သူ၏ လူနာ ပုံမှန်တွေးခေါ်စဉ်းစား လာနိုင်ပြီဟု ယုံကြည်ကာ မြောက်တောက်တောက်ဖြင့် စိတ်ထဲတွင် “ငါဟဲ့ ရမ်းကု..” ဟု သုံးကြိမ်မြည်ကြွေးလိုက်ပြီး ဆက်မေးပြန်၏။

ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ဟုတ်ပြီဗျာ အဆင့်တက်လာပြီ ..ကဲ ထမီကျွတ်ပြီ ဆိုမှတော့ ပွဲပဲဗျား..ဆက်ပါဦး ကိုတုတ်ကြီးရဲ့…။

အရူး ။ ။ ဟီးချက်တယ်ဂျာ…။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။ မရှက်ပါနဲ့ ဆက်ပါဗျ …ရွာကို မွန်းမလွဲခင် ပြန်ရအောင်လေဗျာ နော် ဆက်ပြောပါဗျ။

အရူး ။ ။ ဆက်ဆိုလဲ ရှေ့မျက်နှာနောက်ထား နားထောင်ပါ ဆရာရယ် ။
ပရောဂဆရာ ဒေါက်တာရမ်းကု။ ။မပူပါနဲ့ ကိုတုတ်ကြီးရယ် ကျနော်က ရမ်းကုပေမယ့် ဒါမျိုးတွေကြားပေါင်းများလှပါပြီ ဆက်မှသာဆက်ပြောပါ။

အရူး။ ။အဲလိုထမီလေးလဲချွတ်ပြီးရော …. အတဲယေး ရဲ့ ဘောင်းဘီယေးကိုချွတ်။
ပီးယဲ ပီးရော အတဲယေးဘောင်းဘီယေးထဲက မျှော့ကြိုးကိုထုတ်ပြီး တနေကုန် တရေကွင်းကျစ်မှာပေါ့ဂျ……………..တရေကွင်းကျစ်မှာပေါ့…………….. ဟူသတည်း။


ပုံပြင်ထဲက အရူး တုတ်ကြီးကတော့ သရေကွင်းပစ် တမ်းကို ရေရေလည်လည်ကစားဖို့ အားခဲထားသလို ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများ ၊ နိုင်ငံရေးခေါင်းဆောင်များ ၊ ဘာအလုပ်မှ ဟုတ်တိပတ်တိ တကယ်မလုပ်သောအပြင်မှ ရသော အလကားရသည့်စာမျက်နှာများ တွင်သာ တက်တက်အာတတ်သည့် ၈၈ မျိုးဆက်များ ၊ ကိုးဆယ့်ခြောက်မျိုးဆက်များ ၊ ကျောင်းသားခေါင်းဆောင်များ ၊ ကျောင်းသူခေါင်းဆောင်များ။ အမျိုးသားခေါင်းဆောင်များ ၊ အမျိုးသမီးခေါင်းဆောင်များ ၊ နအဖမှ နွားကြီးများနှင့် အားလုံးသော ဆရာ ဆရာမကြီးများ တို့ သည် သရေကွင်းပျော်ပျော်ကြီး ပစ်လာခဲ့သည်မှာ အပျိုမလေး နှင့်တူသော မြန်မာနိုင်ငံတော်သည် ၀စ်လစ်စလစ်ဖြင့် ကြုံသည့်ကောင်ကတက်ခွသွားခဲ့သည်မှာ မည်မျှကြာခဲ့သည်ဆိုလျှင် မဆလ ခေတ် တွင်လူဖြစ်သော ကျွန်ုပ် တုတ်ကြီးပင် နှုတ်ခမ်းမွှေးဖြူစပြုပြီ မဟုတ်ပါလားဟု တွေးမိရင်း ကြီးကြီးကျယ်ကျယ် review တော်ကြီးများရေးရန် ယာယီလက်လျှော့ရင်း ကိုယ့်ဘောင်းဘီ ကိုယ်ဆွဲချွတ်ကာ မျှော့ကြိုးကို စိတ်ရှည်လက်ရှည် ထုတ်ခြင်း စတင်မိပါတော့၏။


တုတ်ကြီး ခေတ္တ တာဝတိံသာ

ဂျုံမစားတဲ့ ကြုံကြွား

Friday, August 15, 2008

ဝမ်းတူး... ချ...ချ... ချ ပြောင်း...။
ဝမ်းတူး... ချ.. ချ.. ချ ပြောင်း....။

ကျွန်ုပ်သည် တယောက် ထည်းတည်း ဖြင့် တော်လှန်ရေးခေါင်းဆောင်ကြီး ဖီးတက် ကက် စ ထ ရိုး တို့နိုင်ငံမှ လာသော ကျူးဘန်း တေးဂီတဖြင့် တံမြက်စည်း ကြီးကို ကိုင်ကာ ရေပက်ခံရသော အုတ်နံရံ ဒေါင့်မှ ခွေးရူး ကဲ့သို့ ဧည့်ခန်းထဲတွင်
ဟိုဖက် ပြေးလိုက် ဒီဖက်ပြေးလိုက် ... ပါးစပ်ကလဲ ၀မ်းတူး ..ချ...ချ... ချ.... ပြောင်း ဟု အော်လိုက် တံမြက်စည်းကြမ်းကြီး ကိုင်ထားသောလက်ကို ပြောင်းကာ ဆတ်ကနဲလှည့်လိုက် ဖြင့် တော်တော် မောသွားတော့မှ စတုဒီသာ မဟုတ်သော စတူ ဒီယိုကြီးကို
စနစ် တကျ သီအိုရီအရ မူအရ ပေါ်လစီအရ လုပ်ငန်းစဉ်အရ လက်ညှိုးဖြင့် ဆတ်ကနဲ ဖိကာ အော်ဟစ် သံစုံမြည်ခြင်းအားရပ်ဆဲလိုက်၏။
မနှဲလေး စပလိန်ဆိုသော ဘလော့တစ်ခုတွင် ၀ါရင့်ကျောင်းသားခေါင်းဆောင် တယောက်လည်းဖြစ် အနာဂတ်တွင် အလားအလာပြည့်နှက်နေသည့် အမေရိကန် ပညာရေးဖြင့် ထွန်းကားပေါက်မြောက်နေသည့် တော်လှန်ရေး ကျောင်းသားခေါင်းဆောင် တစ်ယောက် လဲဖြစ်ပုံ အတင်းအကျပ် ၊ ဗျာဒိတ် ရ ၊ ဧတဒက် ရပုံ ပေါက် နေ သော ပဏ္ဍိတ တစ်ဦး၏ ဘလော့တွင် တန်းဂိုး
ပြစ်ဒဏ်ဘော ၊ လူကျွံဘော (အဲ မဟုတ်သေးပါဘူး ရောကုန်ပြီ ဘောလုံးပွဲနဲ့ ) တန်ဂို အက လက်တင် အက များ ဖြင့်ပတ်သက်သော ရေးသားထားသည့် ဆောင်းပါးလိုလို ၊ သရော်စာလိုလို ၊များလဲ ကတတ်တယ် ဟု ပြောချင်သလိုလို ၊ နိုင်ငံရေးလုပ်နေသော ပြည်ပရောက်ပုဂ္ဂိုလ် ထီး ပုဂ္ဂိုလ်မ များ ကို အကသင်ပေးချင်သလိုလို ၊သွေးတိုး ပျောက်နည်း ဝေမျှ သလိုလို ၊ ဘာမှန်းအမည်တပ်ရမည်ကိုပင် ဝေခွဲမရလောက်အောင် ကောင်းလွန်းလှသည့် ခပ် ပျစ်ပျစ် ကြွားလုံးများဖြင့် စာ လေးတပုဒ်အားဖတ်ပြီးသကာလ ကျွန်ုပ်လည်း ထိုရောဂါ ရရှိသွားခြင်းဖြစ်၏။



ဟားဘက် တက္ကသိုလ် (ဆေးခြောက်တ၀ ရှူ သူများသာလျှင် တက်ရန်အရည်အချင်းမှီသော တက္ကသိုလ်ဖြစ်သည် ။ ဟားဖော် ဟားဖက် များ ရွဲ ပြဲကာ ဟီလာတိုက်နေသော နေရာ တခုဟု မိမိဟာမိမိ အဟုတ်လိုလို အတည်လိုလိုဖြင့် ဖြီးလိုက်သည် )ဆင်းများ ကိန်းပုရစ် တက္ကသိုလ်ဆင်းများ နှင့် ကော့ကော့ရှမ်း (မှားပြန်ပါပြီ) ကော့ကေးရှမ်းအနွယ် (ဂုံရှမ်းမဟုတ် ) ၀င် မာတုဂါမ များ ၏ backup ဘ၀မှ အောင်ပန်းကို ဆင်စီး မီးသိုင်းကလျှက် ဆွတ်ခူးသွားကြသော ကျောင်းသားခေါင်းဆောင်ဟောင် (၀စ္စနှစ်လုံးပေါက် ရိုက်ရမှာ ပျင်းသွားလို့ ဟု မှတ်စေလိုပါသည်) ကြီးများ ကို လိင်ပညာပေးလိုလို ကွန်ဒုံ ကြေငြာသလိုလို နားရွက် တံတွေး အဝေးမှ လှမ်းဆွတ်လိုက်သော အရေးအသားများကို မြင်လိုက်ရတော့ အနှီ နိုင်ငံရေးခေါင်းဆောင်ကို ပစ်စလက်ခတ်ပင် အထင်ကြီးမိသော မနောဓါတ်တို့
နွေခေါင်ခေါင် မိတ္ထိလာ လမ်းမကြီးပေါ်က ကတ္တရာ စေး များလို တဟုန်ဟုန် ဖြင့် အငွေ့ ပျံ လေးစားနေမိတော့ကာ
အင်တာနက် ဟာကြူလီ အက်တာနက် ဆူပါမင်း အင်တာနက် သူရဲကောင်းများ အကြောင်းစဉ်းစားရင်း ကဗျာ မဟုတ် စာမဟုတ် စာပိုဒ်လေးတစ်ခုအား ကျောက်သင်ပုန်းပေါ်တွင်

အင်တာနက်တွင်
ခွေးလည်း ..ခြင်္သေ့
ကြောင်လည်း ..ကျားပေါက်
ဟိန်းဟောက်သွားဖြဲ
ရဲရဲ မာန်ဖီ စွေးစွေးနီစွ
ချ...ချ...ချ.... ဟု မြန်မာ့ ၀ါးလက်ခုပ် စည်းချက်ယူကာ မြန်မာ ချာချာ သီချင်းတစ်ပုဒ်များ ရမ်းသမ်းမှန်းသမ်းရေးပြီး
ဝင်းဦး၊ ရန်အောင်တို့၏ ချစ်လှစွာသော မျိုးဆက်သစ်များအတွက် ရေးလိုက်ရလျှင် ကောင်းမည်လော ဟု တွေးတောရင်း

ဂေါ်ပြားထဲမှ သိမ်းပြီးကာစ အမှိုက်များ ကို အမှိုက်တောင်းလေးထဲ သို့ လျှောကနဲသွန်ချလိုက် ပါတော့သည်။


တုတ်ကြီး ခေတ္တ တာဝတိံသာ

ကဲ ငါးပေသုံးလက်မလောက်အရပ်အမောင်း ကိုယ်ခန္ဓာ ပုတ် လောက်နဲ့ ငါဟဲ့ အဟင့် ...ယောက်ျားဆိုပြီး က ချင်ကြရင်ပေါ့ အယ်လ်ပါချီနို တို့ လို ကိုယ့်ကိုယ်ကိုယ် ပစ်ကန် သိမ်းကြုံးပြီး ထင်ရင်တော့ပေါ့လေ ။

ပြည်တော်ပြန် ဇရက်မင်း မပုနှင့် စူဇကာ တုတ်ကြီး

Wednesday, August 13, 2008

ကျွန်ုပ်သည် ရေချိုးကန်ထဲတွင် မိမိရရ ကျကျ နန စိမ်ရင်း ခေါင်းလျှော်ရည်ဘူးကို ယူကာ ဘယ်ဘက်လက်ဝါးထဲသို့ ဖျစ်ချလိုက်သည်။
မွှေးလိုက်တဲ့စပါယ်နံ့ကလေးပါလား ။
ပူနွေး အငွေ့ တဟုန်ဟုန် ထနေသော ရေပူထဲတွင် တုတ်ကြီးသည် ဘင်္ဂလား ကျွဲ ရေချသကဲ့သို့ အကြိုက်တွေ့နေရင်း ဘယ်လက်ထဲမှ ခေါင်းလျှော်ရည် တို့ကို ဆံပင် ကြားသို့ သုတ်ကာ အသေအချာ ကုတ်ခြစ် ဖွညှစ် အမြှပ်ထွက်စေပြီး
စံပါယ်နံ့ကို အရသာခံကာ ရှူရှိုက်နေရင်း အတိတ်ကာလတခုသို့ပြန်လည်အလည်အပတ်သွားမိတော့၏။




တုတ်ကြီးအလောင်းအလျာဖြစ်သော ကျွန်ုပ်က ဘောင်းဘီတိုကလေးဖြင့် မနက်စောစော အိမ်ပေါ်ထပ်မှပြေးဆင်းလာခဲ့၏။
အဘိုးဖြစ်သူက ရွှေတိဂုံ ဘုရား တနင်္ဂနွေ တံမြက်စည်းအသင်းတွင် ဖွန်ကြောင်ရန်တခုတည်းသောရည်ရွယ်ချက်ဖြင့် အလွန်အင်မတန်တံမြက်စည်းသိမ်းချင်နေသော အကိုဝမ်းကွဲဖြစ်သူအား
မြည်တွန်တောက်တီးနေ၏။

တုတ်ကြီးကမသိချင်ယောင်ဆောင်ကာ ဦးလေးဖြစ်သူများ နိုးလာမည့်အချိန်ကို ဗိုက်တဂွီဂွီဖြင့် စောင့်နေခိုက် အဒေါ်အလတ်ဖြစ်သူက “ဟဲ့ မောင်တုတ်ကြီး မျက်နှာသစ်ပြီးပြီလား ”
“ဟုတ်ကဲ့ ..သစ်ပြီးပြီ”
“ ဒါဆို လာခဲ့ငါ့အခန်းထဲကို သနပ်ခါးလိမ်းရမယ်” ။
တုတ်ကြီး စိတ်ပျက်သွားရပြီ မနက်တိုင်း သနပ်ခါးပါးကွက်ကြား ကြီးဖြင့် ပဲဟင်းအိုးထဲပြုတ်ကျသော
ကြွက်စုတ်ကဲ့  သို့ ခံစားရ၏ ။သို့သော် သနပ်ခါးအလိမ်းမခံလျှင် ရာဇ၀တ်အိုးဒုတ်နဲ့ ထိုးတာကမှ
သက်သာပေလိမ့်မည် ဆိုတော့ကာ တုတ်ကြီး ကုတ်ကုတ်ကလေးပင် အဒေါ်လတ်၏ အခန်းထဲသို့ ၀င်သွား၏ ။

အဒေါ်လတ်က မှန်တင်ခုံ ဘေး မှ ကျွန်းစင်လေးပေါ်ကကျောက်ပြင်ပေါ်မှ ရှင်မတောင်သနပ်ခါးအရည်ကျဲများကို ညာလက်ညှိုးဖြင့် ပယ်ပယ်နယ်နယ်ယူကာ တုတ်ကြီး၏ ခေါင်းကို ဆယ်ပေါင်တူဖြင့် ဖိသကဲ့သို့ ဖိရင်း ကျကျ နန လိမ်းကျံပေးပေတော့၏။
အနှီသနပ်ခါးလိမ်းခြင်း ကိစ္စပြီးပြန်တော့ တုတ်ကြီး၏ ဆံပင် စုတ်ဖွား ထိုးထိုးထောင်ထောင်ကို အုန်းဆီဖြင့် ကျကျ နန လိမ်းပေးကာ ဆင်ဆွယ်ဘီးကလေးဖြင့် ဘေးခွဲ ခွဲပေးလိုက်၏ ။
ခုတော့ မောင်တုတ်ကြီး ဘိုကေ ဘေးခွဲနှင့် သနပ်ခါး ပါးကွက်ကြားဖြင့် တအိမ်လုံး လဲ ကာလနဂါးမှအစ နိုးကြပေပြီ။

ဦးလေးဖြစ်သူ များက လမ်းထိပ်လက်ဖက်ရည်ဆိုင်သို့ချီတက်တော့မည်။
တုတ်ကြီး က အိမ်မှာ ဆို အငယ်ဆုံး တုတ်ကြီးထက်ငယ်တာ က အိမ်က အမြီးမပါသည့် ခွေး ပဲရှိတော့သည် ထို့ကြောင့် အကိုများကလက်ဖက်ရည်ဆိုင် ထိုင်ထိုင် အပြင်သွားသွား
မည်သည့်အခါမျှ တုတ်ကြီးကို အဖက်လုပ်ကာမခေါ်ကြ။

ဦးလေး အငယ်က “ တုတ်ကြီး ရေ ဒီနေ့ ငါတို့ ရွှေ တိဂုံသွားကြမယ် အပုတို့ သားအမိလိုက်ပို့ဖို့ကွ မင်း အဘိုး က မင်းပါခေါ်သွားလို့ပြောတယ် ”
“ဟမ် ..လက်ဖက်ရည်ဆိုင် မထိုင်တော့ဘူးလား မြေနီကုန်းက ဒေါ်တင်တင်အေး မုန့် ဟင်းခါးလေး မ၀ါးရတော့ဘူးလား” တုတ်ကြီး နည်းနည်းတော့ စိတ်ပျက်သွားမိ၏ သို့သော် အဘိုးအမိန့်ကို ဘယ်သူမှ လွန်ဆန်ရဲတာမဟုတ်။
“ အော် မင်းကလဲ လမ်းကြုံနေတာပဲ အရင် ၀င် ၀ါးမယ်လေကွ ပူတတ်ရန်ကော”
ဂလု ....၊တုတ်ကြီးရင်ထဲမှ အလုံးကြီးကျသွား၏။


တုတ်ကြီးတို့ ခြံနှင့် ဘေးချင်းကပ်လျှက် ခြံမှ ဒေါ်သိန်းတင်တို့ မိသားစုသည် ဗြိတိန်နိုင်ငံသို့ ထွက်သွားခဲ့သည်မှာ လေးငါးနှစ်ခန့်ရှိပေပြီ ထိုအိမ်ကြီးတွင် ဒေါ်သိန်းတင်၏ မိဘနှစ်ပါး ဖြစ်သော ဦးလှ မောင် တို့ လင်မယားသာကျန်ခဲ့၏။
ထိုအဖိုးကြီး အဖွားကြီးများသည် အလွန် မတန် ကလေးချစ်တတ်သဖြင့် တုတ်ကြီးအတွက် ဂွင် ကောင်း တခု တုတ်ကြီးသာ မမိုက်မဲပဲ ထို ပညာရပ်နှင့်အတွေ့အကြုံကို နိုင်ငံရေးလောကထဲတွင် လက်တွေ့အသုံးချပါက ယခု နာမည် ကျော်ကြားလူကြိုက်နည်းနေသော
ဆရာများ နောက်ကောက် အတိအကျ ကျသွားနိုင်လောက်သည်အထိ ထို အိုကြီးအိုမ ဇနီးမောင်နှံဆီမှ ညာစားခဲ့သည်။

ယခုတော့ ဒေါ်သိန်းတင် တို့ မိသားစု မြန်မာနိုင်ငံသို့ ခနပြန်လာလည်သဖြင့် အိမ်မှ ကားကို ခနယူသုံးမည်ဖြစ်ပြီး ဦးလေးလုပ်သူက ဒရိုင်ဘာ လုပ်ကာ တုတ်ကြီးကတော့ စပါယ်ယာ လုံးလုံးဖြစ်ရပြီ ။ မဟာဘုတ်ထူရန်မလို အင်္ဂ၀ိဇ္ဖာပညာဖြင့်တွက်ရန်မလို လုံးဝ ဥဿုံ ကျိန်းသေနေပေပြီ။

ကျွန်ုပ်နှင့် ဦးလေးဖြစ်သူ သည် ကားကလေးဖြင့် ဒေါ်သိန်းတင်နှင့် သူ၏ သမီး ဖြစ်သူ မမပုအားသွားကြိုကြ၏။
တုတ်ကြီးက ရှေ့ ခုံမှာ ထိုင်၏ ။ နောက်ခုံမှာ မမပုနှင့် ဒေါ်သိန်းတင်တို့ ထိုင်ကြ၏။

မမပုက ကျွန်ုပ်အားကြည့်ကာ “ဟယ် မောင်လေး တုတ်တုတ် ၊ မမတို့ထွက်သွားတုန်းက တကယ့် ကလေးလေး ကြည့်စမ်းပါဦး”
ကျွန်ုပ်စိတ်ထဲ တွင်တော့ “ဟမ် ဟုတ်ပြီလားလေ ဟိုတုန်းကတော့ ကလေးလေးပေါ့ဗျ အဲဒီထက် ပို ပြီး ကြာရင် ကျုပ်အမေဗိုက်ထဲမှာပေါ့ ဟုတ်ဘူးလား” ဟု တွေးနေမိစဉ်
မမပု က သူ့ ပါးစပ်မှ တဆက်တည်း ပင် “ အိုး .. ဆိုး ဟော့” ဟု စတင်ငြီးတွားလိုက်ပါ၏။

ကျွန်ုပ်ကတော့ ဆိုးဟော့တွေ ဖိုးကြော့တွေမသိ လက်နှစ်ဘက်ကို ဗိုက်ပေါ်တင်ကာ ကျကျနန ကားကူရှင်ကို မှီရင်း အရသာခံလိုက်ပါလာတော့၏။
သို့ဖြင့် မြေနီကုန်း ဒေါ်တင်တင်အေး ဆိုင်တွင် မုန့်  ဟင်းခါးဝင်ဝါး၏ ။
တုတ်ကြီး နှစ်ပွဲဝါးလိုက်၏ ။
ဒီတခါလဲ မမပုက “ အိုး ...ဆိုးဟော့ မန်မီ”..
ဘာတွေများ ဆိုးဟော့ပါလိမ့် မမပုရယ် လို့တော့ကျွန်ုပ်တွေးမိ၏။

သို့ဖြင့် စားသောက်ပြီးနောက် ရွှေတိဂုံဘုရားသို့ ဦးတည် ထွက်လာခဲ့ရာက ကားကလေးသည် ဦးဝိစာရ အ၀ိုင်းနားသို့ရောက်သောအခါ ရိုးသားစွာ သမ္မာအာဇီဝဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြသော စပါယ်ပန်းသည် တို့ ကိုတွေ့ရ၏။
ကျနော့်ဦးလေးက ကား ကို လမ်းဘေး သို့ဖြေးဖြေး ထိုးရပ်ကာ လှပမွှေးပျံ့  လွန်းသည့် စပါယ် ပန်းကုံး ဖြူလွအိညက် နုထွား လေးများ အား ၀ယ်လိုက်တော့...
မမပု က ဖင်ကြွသွားကာ ယောင်ထ လိုက်သည်ကို နောက်ကြည့်မှန်မှ ကျွန်ုပ်မြင်လိုက်ရချိန်တွင် “ အိုး..... အိုင် နိုး .... အိုင်နိုး သဇ် စမဲလ် .... မန်မီ ...အိုင်နိုး...”
“ရက်စ်..ရက်စ်.... အိုင် ဂေါ့ ထ် အစ်ထ် ... ဂျက်ဇမင်း..... ဂျက်ဇမင်း...... ” ဟု ပါ အော်လိုက်ပေတော့၏။

ကျွန်ုပ်စိတ်ထဲတွင် လွန်ခဲ့သော လေးငါးနှစ်က နိုင်ငံခြားသို့ထွက်သွားသော အင်မတိအင်မတန် မှတ်ဥာဏ်မကောင်းတော့သည့် မမပုအတွက်စိတ်ထဲတွင် မကောင်း၊ ထို့ပြင် မမပု ပြောသော ကျွန်ုပ်လုံးဝ နားမလည်သည့် ဘာသာစကားများကိုလည်း
တံတွေး တွေ တလှေကြီးထွက်အောင် ပြောချင်စိတ်လေးတော့ဖြစ်လာမိကာ စိတ်ထဲတွင် မမပု ပြောသည့် အရာများအား မှတ်မိအောင် အထပ်ထပ် ပြန်ရွတ်ရင်း ဘုရားသို့ရောက်ခဲ့သည်။

ဘုရား ပေါ် က ပြန်ဆင်းလာ ၊ မမပုတို့သားအမိ သူတို့ အိမ်ပြန်ပို့ပြီးနောက် တူဝရီးနှစ်ယောက် လမ်းထိပ်လက်ဖက်ရည်ဆိုင်ဘက်ပြန်လှည့်လာကြတော့ မမပု ပြောသော စကားအားလုံးလိုလိုလောက်နီးပါးကို မေ့ လုနီးပါးဖြစ်သွားလေပြီ။

လက်ဖက်ရည်ဆိုင်တွင် ပဲပလာတာကို ပြူးတူးပြဲတဲစားရင်း မမပုပြောခဲ့သမျှ ထဲက ရေရေလည်လည် မှတ်မိသည့် စကားလုံးမှာကား “ အိုး ဇရက်မင်း ” ဟုသာဖြစ်ခဲ့ပြီး ထိုဇရက်မင်း ဆိုသည့် စကားကို မမေ့ရန် လည်း ပြောခဲ့သော သူ၏ နာမည်နှင့်ပါ တွဲလျှက် ယနေ့တိုင်
မှတ်မိနေခဲ့သည်မှာကား ဇရက်မင်း မပု ဟူ၍ ဖြစ်လေသတည်း။
တုတ်ကြီးသည်ရေချိုး ကန်ထဲမှ လက်ကိုင် ကွင်းကလေးကို အားပြုထလိုက်ပြီး ယနေ့ခေတ်၏ မြောက်မြားလှစွာသော ဇရက်မင်း မပုများအကြောင်းတွေးရင်း သီချင်းလေး တအေးအေးဖြင့် ဇရက်မင်းစည်းစိမ်ခံကာ ညစာ စားရန် ပြင်ဆင်ရဦးမည် ဖြစ်သဖြင့် မွှေးပွကိုယ်သုတ်သဘက်ကလေး ခါးပတ်ကာ မီးဖိုဖက်သို့ “ အိုးမိုင်း ဒါလင်..အို့  အို့ အို့ ....ပစ်မသွားနဲ့ မုန်းမှာစိုးပါတယ် ....” ဆိုသည့် ကော်ပီသီချင်းကိုဆိုကာ ယောင်းမကို လက်တဖက်ဖြင့် ယူလိုက်ပါတော့၏။



တုတ်ကြီး ခေတ္တ တာဝတိံသာ

ညစာစားပွဲ ဖိတ်ကြားခြင်း

Tuesday, August 12, 2008

ကျွန်ုပ်သည် ကုလားပဲခွဲခြမ်းလေးများအား ရေစိမ်ပြီးသကာလ ငရုတ်သီး ပွကြီးများအား ရေစိမ်ကာ ကြက်သွန်ဖြူ လေးငါးဥကို ဓါးပြားဖြင့်ရိုက်ရင်း မီးဖိုထဲတွင် ငုတ်တုတ် အတွေးနယ်ချဲ့နေမိ၏။

မီးဖိုပေါ်မှ ကောက်ရိုးမှိုနှင့်ကန်စွန်းရွက်ကြော် ကလဲ တရှဲရှဲ မြည် လာပေပြီဖြစ်၏။ ကန်စွန်းရွက် နွမ်းသွားအောင် ကြော်လိုက်လျှင် သိပ် စားလို့ မကောင်း ..။
ဒီတော့ ကန်စွန်းရွက်ကြော်အိုးကို မီးဖိုပေါ်မှ ချကာ ရေနွေးအိုး ကို တည်လိုက်၏။

ဆိတ်ရိုးများ ကို သေချာ ကျကျနန မနူး မနပ်ပြုတ်ထားသော အိုး ထဲသို့ ကုလားပဲရေစိမ်များ ထည့်လိုက်ပြီးပြီ .. တကတည်း ဆီသတ်ရဦးမှာပေါ့
ဂျင်း ကြက်သွန်ဖြူ ကြက်သွန်နီ လေး ပါလေယုံ ရောထောင်းထားသော ရောထောင်း များအား ဆီ ပူအိုးတည်ကာ သာသာ ငြိမ့်ငြိမ့်လေးထည့်လိုက်၏ သာသာလေးမှ တကယ့်သာသာလေး
နိုင်ငံရေး ခေါင်းဆောင် တဦး project တင်သလို proposal ရေးသလို seminar မှာ ခပ်တည်တည် လေပြေ ပစ်သလို... ။
မကြာလိုက်ပါဘူး ရှဲကနဲ ရှဲကနဲ...။

သစ်သားယောင်းမဖြင့် ခပ် ဆတ်ဆတ်လေးမွှေပေးလိုက်ပြီး ပျဉ်းတော်သိမ်ရွက်ကလေးများ ကို ၀ါးရင်းနိုင်ငံရေးသမားဟန်ဖြင့်(မှားလို့ ပါ ဗျာ ၀ါရင့် နိုင်ငံရေးသမားလို့ ဆိုချင်တာ) ပြည်တွင်းမှ ဦးဘဂျမ်း လေးများ ကို မယားငယ်ပေးပေးသလို ဒယ်အိုးထဲသို့ ပစ် ထည့်လိုက်၏။

တုတ်ကြီး၏ ညစာကတော့ မကြာခင်အဆင်သင့် ဖြစ်တော့မည် ။

ကျွန်ုပ်သည် မစ္စတာ ဘု နှင့် မစ္စက် ဘု ကို ဖိတ်ကြားကျွေးမွေးရန် အမေရိကန် နိုင်ငံ၏ အိမ်ဖြူတော်သို့ ဖုန်းဆက်လိုက်၏။

ကျွန်ုပ် ။ ။ ဟဲလို... ဆြာ... ဆြာ ဘု နဲ့စကားပြောချင်ပါတယ်
အော်ပရေတာ။ ။ ဘာကိစ္စရှိတယ်လို့ပြောလိုက်ရမလဲ၊ဘယ်သူလဲ၊ဘယ်ကလဲ ဘာကြောင့်လဲ .....?
ကျွန်ုပ်။ ။ ဆြာ .. ကျွန်ုပ်နာမည် တုတ်ကြီးပါ ဟိုရေးသည်ရေး ရေးပါတယ် မြန်မာလူမျိုးပါ ၈၈မှာ လူတွေ သတ်ခံရတယ် ဆြာ စက်တင်ဘာ ၂၀၀၇မှာဘုန်းကြီးတွေ သေတယ်ဆြာ နာဂစ်မှာ လေမုန်တိုင်းတိုက်လို့ အကုန်သေတယ်ဆြာ
သူတို့မဲလိမ်တယ်ဆြာ ။

အော်ပရေတာ။ ။ ဟုတ်ပြီ ခနစောင့်ပါ မစ္စတာ ပိုက်ဆိုးဒင့် (သွားတိုက်ဆေး နာမည် မဟုတ်ပါ တုတ်ကြီး အဲသလို ကြားလိုက်ရသဖြင့်ဖြစ်ပါသည်။) ကို အသိပေးလိုက်ပါ့မယ်။

ဖုံးထဲမှာ Barbie girl ဆိုသော သီချင်း သံကိုကြားနေရ၏..

(Ken)Hi Barbie!
Hi Ken!
(Ken)You wanna go for a ride?
Sure Ken!
(Ken)Jump In...

I'm a Barbie girl, in a Barbie world
Life in plastic, it's fantastic!
You can brush my hair, undress me everywhere
Imagination life is your creation

(Ken)Come on barbie, let's go party!

I'm a Barbie girl, in a Barbie world
Life in plastic, it's fantastic!
You can brush my hair, undress me everywhere
Imagination, life is your creation


[hi josh, how are you? im quite good.
this is a crap song.
XDXDXD
Your so cute.
And NON-fat.
Bamm]
I'm a blond little girl, in the fantasy world
Dress me up, make it tight, I'm your dolly

(Ken)You're my doll, rock'n'roll, feel the glamour and pain,
Kiss me here, touch me there, hanky panky...

You can touch, you can play, if you say: "I'm always yours"

(uu-oooh)
I'm a Barbie girl, in a Barbie world
Life in plastic, it's fantastic!
You can brush my hair, undress me everywhere
Imagination, life is your creation

(KEN)
Come on Barbie, let's go party!
(Ah-ah-ah-yeah)
Come on Barbie, let's go party!
(uu-oooh)
Come on Barbie, let's go party!
(Ah-ah-ah-yeah)
Come on Barbie, let's go party!
(uu-oooh)

Make me walk, make me talk, do whatever you please
I can act like a star, I can beg on my knees

(Ken) Come jump in, bimbo friend, let us do it again,
Hit the town, fool around, let's go party

You can touch, you can play, if you say: "I'm always yours"
You can touch, you can play, if you say: "I'm always yours"

(Ken)
Come on Barbie, let's go party!
(Ah-ah-ah-yeah)
Come on Barbie, let's go party!
(uu-oooh)
Come on Barbie, let's go party!
(Ah-ah-ah-yeah)
Come on Barbie, let's go party!
(uu-oooh)

I'm a Barbie girl, in the Barbie world
Life in plastic, it's fantastic!
You can brush my hair, undress me everywhere
Imagination, life is your creation

I'm a Barbie girl, in a Barbie world
Life in plastic, it's fantastic!
You can brush my hair, undress me everywhere
Imagination, life is your creation

(Ken)
Come on Barbie, let's go party!
(Ah-ah-ah-yeah)
Come on Barbie, let's go party!
(uu-oooh)
Come on Barbie, let's go party!
(Ah-ah-ah-yeah)
Come on Barbie, let's go party!
(uu-oooh)

Oh, I'm having so much fun!
(Ken) Well Barbie, we're just getting started
Oh, I love you Ken!

သီချင်း က နှစ်ခေါက်တောင် နားထောင်လိုက်ရ၏။

ဖုံးထဲမှသီချင်းသံရပ်သွားတော့ တဖက်မှ ဦးလေးဘု က ဘိလပ်လို စတင်မိတ်ဆက်၏ အိုင် အမ် ဘု သ ပိုက်ဆိုးဒင့် အော့ဖ် ယူ နိုက်တက် စတိတ်စ် တဲ့...။

ကျွန်ုပ် ။ ။ ဟိုင်းဆြာ အင်မတန်ဝမ်းသာပါတယ် ဆြာ ခုလို ဖုန်းခေါ်တာကို ပြန်လည်ဖြေကြားပေးတဲ့တွက်လဲ အထူး ကိုယ့်ကိုယ်ကိုယ် သူမတူအောင် တော်တဲ့ထက်တဲ့ ငါဟဲ့တုတ်ကြီးလို့  အောက်ခြေနည်းနည်းလွတ်သွားမိပါတယ် ဆြာ ရိုးသားစွာဝန်ခံတာပါဆြာ။

ဘု။ ။ အိုး ..လေးဇားဘာဒယ်( ရမ်ဘို ရုပ်ရှင်အား သမ္မတ ဘု အသေအချာကြည့်ထားပြီးဖြစ်မည်ထင်သည် မြန်မာလိုတောင် သူက လေးစားတတ်နေပြီကိုး)
ကျွန်ုပ်။ ။ ဟား..... ဆြာ မိုင်ဆြာ .... သမ္မတကြီးက အင်မတန်တော်ပါလား မြန်မာလိုတောင်ပြောတတ်နေပြီပဲ
ဘု။ ။ ကဲ လိုရင်းလေးပြောပါလား မောင်တုတ်ကြီး
ကျွန်ုပ် ။ ။ အော် ဟုတ်ကဲ့ ဆြာ ကျနော် ထမင်းစားဖိတ်ချင်လို့ပါ ပဲကုလားဟင်းနဲ့ ကန်စွန်းရွက်ကြော် ပါ
ဘု။ ။ ဟုတ်ပြီ ဒါဆို ပရောဂျက်တင်လိုက် စဉ်းစားပေးမယ်( တဖက်သို့  တခုခု လှမ်းပြောနေရင်း ဖုန်းခွက်ကို လက်နှင့်ကာလိုက်သလို အနေအထားဖြင့် မသက်မသာပြောလာသောစကား ။ ကျွန်ုပ်ပြောသည်ကိုကြားသည်မထင်)
ကျွန်ုပ် ။ ။ နိုးနိုး ဆြာ မဟုတ်ဘူး ။ မဟုတ်ဘူး ထမင်းစားဖိတ်တာပါ ဆြာ... ကျနော်ချက်ထားတဲ့ဗမာ့ လက်ရာကို မြည်းစေချင်လို့ ။
ဘု။ ။ ဂျေးဇူး ဒင်ဘာဒယ် နောက်များမှပေါ့ မြန်မာဒွေနဲ့ ဒမင်း ဇားရဒါ မျက်နှာ တံဒွေးနဲ့ ၀ိုင်း ဘက် နေသလိုဘာဘဲဗျား ဘာဒဂု မ အလုပ် မ ဗျစ် ဘာဘူး ။

သူ့ စကားဆုံးတော့ ကလစ်...........ဟုသောမြည်သံဖြင့် ဖုန်းကျသွားပေတော့၏။


အင်း ဒီညတော့ တုတ်ကြီး တယောက်ထဲ ထမင်းဝါးရပေတော့မည်။ အော် ငါ့ကံနှယ် သမ္မတ ကြီးနဲ့များ ထမင်းလေး တူတူစားပြီး ကာတွန်းစာအုပ် တွေအကြောင်းဆွေးနွေးမလားဆိုတဲ့စိတ်ကူး ကလေး ယခုတော့ ...............
သဲထဲ အပေါ့သွားသလိုဖြစ်ရပြန်ပါပေါ့.................................................။
ထူးပါဘူးလေ youtube က barbie girl သီချင်းကလေးကိုပဲ နားထောင်ပါတော့မယ်.....။

တုတ်ကြီး ခေတ္တတာဝတိံသာ

သဖြန် သဖြီး

တုတ်ကြီးခမျာ
ခေါင်းခြောက်အောင် တွေးကာ မအေးရတယ်
ရေးလိုရာရေးမှာအမှန်ပဲမို့
အရပ်ကတို့ရေ .....
ဖိနပ်တော် ကောက်ကာ မ ပါလို့
အပြတ်ချကြစို့ .....။

တုတ်ကြီး
ခေတ္တ( တာဝတိံသာ)