အာမခံ ကုန်မနီ ပိုင်ရှင်နှင့် စကားပြောခြင်း
Thursday, October 11, 2012
သစ်ရွက်တွေအရောင်ပြောင်းကြပြီ
ဒါ...ရာသီသစ်တခုရဲ့လက်ချက်ပဲ။
အငွေ့ ထောင်းထောင်းထ အသီးအရွက်ဟင်းချိုတခွက်
ဆင်ဂယ်မော့လ်တ် စကော့ခ်ျတစ်ပုလင်း
အမေရိကန်စပီးရစ် စီးကရက်တစ်ဘူး
ဘာဘီကျူးမီးဖိုပေါ်ကတဖျစ်ဖျစ်မြည်နေတဲ့
လယ်မထွန်ဖူးတဲ့ နွားတကောင်ရဲ့အသည်း
အဆီတ၀င်းဝင်း ထွားထွားဖွံ့ဖွံ့
သုံးလလောက် လောကထဲမှာ နှာခေါင်းရှုံ့ ခဲ့ဖူးတဲ့ဝက်
 ဂိုးသွင်းမကောင်းနိုင်ခဲ့တဲ့ ကြက်ပေါင်တံများ
လေတွေတဟူးဟူးတိုက်နေတဲ့ နီဝါစိမ်းရောင်သစ်တောကြားမှာ
လရောင်ကိုကြိုဆိုနေတယ်။
ကျနော် ဘာမှမပြောနိုင်ခင်သူက....
"  ချစ်လှစွာသော မောင်ဟ၀ှာ...
 နီတိတွေ ကျင့်ဝတ်တွေဆိုတာ
ငါတီထွင်လိုက်တာ...၊
ငြိမ်းချမ်းရေးဆိုတာ...
 ငါပိုင်တဲ့ဝေါဟာရ၊
မင်းကြားဖူးမှာပါ
အဲဒီ  ပါ့ဘလို ပီကာဆို
ဆူဆူဖြိုးဖြိုး ချိုးဖြူငှက်ရယ် ငါးပိချက်နဲ့တို့ စားမရတဲ့ သစ်ကိုင်းရယ်ကို
ငါခိုင်းလို့ ဆွဲခဲ့ရတာ....
ပီကာဆို ခမျာ ရုပ်ဆိုးဆိုးမိန်းမပုံတွေတောင် ခနဘေးထားခဲ့ရတယ်။"
လေအေးတွေတပွေ့ကြီး မွှေ့ ပြန်ပြီ၊
သူ့ စကားသူပြန်ကြားနေရတဲ့အပေါ်မှာ
သူဟာအင်မတန်ပီတိဖြာတတ်သူ ဆိုတာ
ကျနော့်လက်ခုတ်သံနဲ့ရင်းပြီးကျနော်ရှာဖွေလိုက်နိုင်တယ်။
သူ ခန..နားတယ်..
ကျနော့်ကိုအကဲခတ်တယ်...
ခေါင်းကိုခပ်မော့မော့ဖြစ်အောင်
သူ့ မေးစေ့ကို ရှေ့ ကိုငေါ့တယ်...
ခပ်ပြူးပြူးမျက်လုံးကို ပိုပြူးအောင် ကီသွင်းတယ်...
ပြီးတော့..ကျနော့်ကိုအကဲခတ်ပြန်တယ်....၊
ကျနော်က ဘောင်းဘီချုပ်ရိုးကြားထဲက
သန်းဥတွေကို သတိရနေတယ်။
အဲဒီသန်းဥတွေကို ကြက်ဥတွေသာဆိုရင်
ဖျားသေသွားတဲ့ ငါ့သူငယ်ချင်းကို ပြုတ်ကျွေးလိုက်မိမှာ
သူ့ ခမျာ အလံလေးတောင်အလွှမ်းမခံရရှာပဲ
တောနက်ထဲမှာသေရတာ.....
ငါလဲမကျက်တကျက်လေးပြုတ်ပြီး ဆားဟင်းချိုလေးနဲ့
ဆန်ကြမ်းပူပူနွေးနွေးနဲ့
စစ်ကြောင်း မလျှောက်ခင်စားလိုက်ရရင်ကောင်းမှာ...
ကျနော်အဲသလိုတွေးမိလိုက်တယ် ။
"စစ်ဆိုတာမယဉ်ကျေးသူတွေရဲ့ ဖြေရှင်းနည်း၊
 ခွင့်လွှတ်မှုနဲ့ကြေးရေတတ် တစ်ဦးလို ပြုံးတတ်စမ်းပါ"
အဲလိုအပြောနဲ့ ကျနော့်အတွေးကို သူဖြတ်လိုက်တာများ
ငှက်ကြီးတောင်ဒါးနဲ့ ငှက်ပျောပင်ပေါက်စကို
ပိပိရိရိခုတ်ချလိုက်သလိုပဲ။
သူ မျက်မှောင်ကြုံ့တယ်၊
သူ့ ပါးနှစ်ဖက်သူဆေးထိုးအပ်နဲ့အပြုံးတွေထိုးထည့်တယ်
ပြွတ်ကနဲပြွတ်ကနဲ...။
သူပြုံးလာပါပြီကြည်ကြည်လင်လင်ပါပဲ
သူ အသင့်ဖြစ်နေပြီ ၊
စတင်၍ ဆီမန်း မန်း ပါပြီ၊
ကျနော်ဟာ သူ့ မန်းမှုတ် သရဇ္ဇယ်မှုအားလုံးကို
အလွတ်လောက်နီးနီး သိနေတယ်
ဘာရယ်မဟုတ်ပါဘူး..။
သို့ပေသည့်....
သူ့ စကားတွေ သူ့ စေ့ဆော်မှုတွေနဲ့
ကျနော်တို့ဘာကြောင့်သူပုန်ဖြစ်ခဲ့တယ်ဆိုတာမပြောချင်တော့ဘူး။
လမ်းမပေါ်မှာဖရိုဖရဲနဲ့  အလဲလဲအကွဲကွဲအလောင်းတွေဆိုတာ
 အစစ်တွေမဟုတ်တော့ဘူး။
တောင်ကြား တောနက်မှာ အသက်ပါပျောက်အောင်
မုဒိန်းကျင့်ခံလိုက်ရတဲ့မိန်းမတွေအလောင်းဟာ သူယောင်မယ်တွေအဖြစ်
အစစ်တွေမဟုတ်တော့ဘူး။
သူ့ ရဲ့ လက်ခံမှုနဲ့ သူ့ ရဲ့စကားတွေနဲ့
လူသတ်သမားတွေအားလုံးဟာ ကယ်တင်ရှင်တွေဖြစ်သွားကြပြီ ...ဆိုပဲ
ကျေးဇူးတော်ပေါ့ ...။
ချမ်းသာပြည့်စုံနေတဲ့ လူသတ်သမားကြီးတွေကို အာမခံတွေရောင်းနေတဲ့
အဲဒီ အရောင်းကိုယ်စားလှယ်တစ်ယောက်ရဲ့မျက်နှာကို ကျနော်မမြင်ချင်တော့ဘူး။
ကျနော်တို့  ပစ်ကွင်းထဲမှာပဲရှင်သန်မယ်
ခင်ဗျားစေ့ဆော်တဲ့ သားသတ်ရုံထဲကို
သြဘာသံပေးပြီးပြေးဝင်ဖို့ ဘယ်တော့မှ အသင့်မရှိဘူး။
ကျနော်တို့ ဇက်ပိုးတွေပေါ်မှာ ခင်ဗျားခြေရာတွေရှိနေတုန်းပဲ
ကျနော်တို့ ဘ၀တွေရဲ့ ကျိုးကြေမှုတွေကြားထဲမှာ ခင်ဗျားရဲ့ခြေရာတွေရှိနေတုန်းပဲ။
ကျနော်တို့ ရန်သူ့လက်နဲ့မကျဆုံးခဲ့ဘူး ၊
ဒါပေမယ့် ခင်ဗျားလက်နဲ့သုတ်သင်နိုင်ခဲ့တယ်။
ခွင့်လွှတ်ပါ... နလပိန်းတုံးငပိန်းတစ်ကောင်မဟုတ်တာ။
ခွင့်လွှတ်ပါ...ခင်ဗျား ခြေသလုံးဖက်လို့ တက်လမ်းမရှာတတ်တာ။
ခွင့်လွှတ်ပါ...ခင်ဗျားကိုအသုံးချပြီး ငါးခုံးမတွေကြားမှာဖျတ်ဖျတ်မလူးတတ်တာ။
ခွင့်လွှတ်ပါ...ခင်ဗျားကျပျောက်သွားတဲ့...
ခင်ဗျား...ချဖျောက်ခဲ့တဲ့ ....
ခင်ဗျားရဲ့ ပေတံတွေကိုကျနော် ခင်ဗျားကိုပြန်အပ်ပါရစေ......။
သူဟာသွေးရူးသွေးတန်းဖြစ်မှုကို
အက်စ်တီလောက်ဒါ မိတ်ကပ်နဲ့ဖုံးလိုက်ပြီး
ကျနော့်ကိုပြောလိုက်တယ်....
"ငါ့ပေတံဟာ ငါ့ကိုယ်ငါ ပြန်တိုင်းဖို့ မဟုတ်။"
အဟုတ်ပါ
ကျနော်ဟာ
ခင်ဗျားရဲ့ ဗလောင်းဗလဲနိုင်မှုကို ခမ်းနားကြီးမြတ်တဲ့စကားလုံးတွေနဲ့အစားထိုးပြီး
ကျနော့်ကိုယ်ကျနော် အကြီးအကျယ်လိမ်ဖို့ကြိုးစားဖူးတာပေါ့
ကျေးဇူးတွေတောင်အတင်ကြီးတင်လို့ ။
ဒီမယ် အချစ်ရေ...
ကျနော်ဟာ အသက်အာမခံမလိုတဲ့
အပြစ်မဲ့သူတယောက်ပါ
တသက်တာမှာအမှားဆိုလို့ ခင်ဗျားကိုချစ်ခဲ့တာ.....................။
အဲဒီမှာ...ခွေးအတွေဟာ စူးစူးဝါးဝါး
မဟားဒရားအူတော့တာပါပဲ။
တုတ်ကြီး( ခေတ္တ တာဝတိံသာ)
Civil war is in renewal process.
Monday, April 26, 2010
Reflection of Khin Zaw Win and His shameless gang
I have written a numbers of satires, articles, short stories, and poems. Most of my works are in my mother language. When I compose a poem, I let myself flow within my hidden self, craw on my naked wound, cry like a desert sand-storm on my very feast, intercourse joyously in my vein, with sudden silent, not even whisper blink of my eyes, where I press the full stop key softly, then walk away, standing by the glass window, gazing in the sky, yes deep into suicidal emptiness, thereafter I sigh and light my cigarette, inhale like a black hole, while struggle to sing some melody that I never heard of, and that is all.
Is it?
Yes…indeed.
Well, damn you all …..!
Those of you, who deceive the poor people and licking the balls of the dictators and giving bogus hopes for the future, dig your very own grave for the soul that you never possessed oh….. My..! Spineless creatures…!
Hello...manipulative well-wishers from every corner of the world, come , take, have, own, enslave our souls as the way you want , just like the puppets, just like the clever pets, not even that, befriended with dictator and you can kill us just like a bunch of pests.
Hello... Holiest hellish highest people of dignity , integrity , and prosperity , please come and help us destroy our mother land , back to back with devils in the power, impostors in democratic mask, come and enjoy the raped breasts of our innocent girls, cleanse your feet in the tear shed of our innocent children and please...please.. Have mercy and do consume our very own flesh with democratic dream.
Right here… Right now…! I will substantiate how pathetic we are.
Just take a closer look ……..and just gaze for awhile.
Just take a look, like the vultures hovering in the sky……
Tote kyi (tar wa tain thar)
အာကျယ်ဖာဆွယ်နှင့် ရှောက်သီးတတင်း နောက်မီးလင်းသူများ
Saturday, April 24, 2010
ကျွန်ုပ် တရား စခန်းဝင်နေ၏။ ကိစ္စအရပ်ရပ်အား အနုလုံပဋိလုံ ရှုရင်း မြတ်ဘုရား၏ ဆိုဆုံးမမှုများကို နှလုံးသွင်းကာ ဆရာတော်ဘုရားကြီး၏ ဘ၀ဖြစ်တည်မှုစက်ဝိုင်းဆီ မနောညွှတ်ကာ မျက်ဝန်းအစုံအား ခေတ္တပိတ်နေလိုက်၏။
အော် ချမ်းသာလေစွ တကား။ ငါမရှိ ။ သူမရှိ။ အရာဝတ္ထုမရှိ။ ပေါ့ပါးလွတ်လပ်မှုတွေနှင့် စိတ်အစဉ်သည် မြတ်တရားတွင်မွေ့ လျှော် ယဉ်ပါးလျှက် ..............။
တိန်..................................။
ဟ...သောက်ခွေး...ဘယ်ခွေးမသား လဲ ဟ။
ကျုပ် က တရားမှတ်နေတာ ရုတ်တရက်ကြီး တိန်ကနဲ အီးမေးဝင်လာတော့ လန့် တာပေါ့လို့ ...........။
သို့ ကလိုနှင့် ၀င်လာသော အီးမေးအား ဖတ်ကြည့်လိုက်သည်တွင် တော့.............
ဦးခင်ဇော်ဝင်း ရေးသားသော
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၀ါရင့် အဖွဲ့ ဝင်များ ဖြစ်သည့် ဦးခင်မောင်ဆွေ ၊ ဒေါက်တာ သန်းငြိမ်း နှင့် ဦးစိန်လှဦးတို့ဖြင့် ဆွေးနွေးချက် ဟူ သော ခေါင်းစဉ်ဖြင့် ဧပြီ လ ၇ ရက်နေ့ စွဲပါ ဆောင်းပါး သို့မဟုတ် စာတမ်းဖြစ်နေပါတော့သည်။
အင်္ဂလိပ်လိုရေးသားသဖြင့် ခင်ဇော်ဝင်း ဖတ်စေချင်သော သူများ မှာ မြန်မာစာတတ်စရာမလိုသူများ ဟု နားလည်၍ ရပါသည် တနည်းအားဖြင့် ရဟန်းရှင်လူ ပြည်သူလူထု နှင့် တပ်မတော် သားများ အား စာဖတ်သူအနေဖြင့် ရည်ရွယ်ရေးသား ထားသည့်ပုံမပေါ်ပါ။
၎င်း၏ ဆွေးနွေးချက်ကို ခေါင်းစဉ်ငယ် ခုနှစ်ချက်ဖြင့် ရေးသားထားပါသည်။
ထိုအချက်များ အား လေ့လာသုံးသပ်ရမည်ဆိုလျှင် ပထမ ဆုံး ခေါင်းစဉ်ငယ်အောက်မှ ဆွေးနွေးချက်သည်ကား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဆုံးဖြတ်ချက် မည်သို့  ဖြစ်ပေါ်လာပုံ ဟု ဖြစ်ပါသည်။
မတ်လ၂၂ရက် ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးပွဲတွင် အောင်ဆန်းစုကြည် သူ့ ရည်ညွန်းချက် (ASSK) အနေဖြင့် ကွဲပြားသော ဆုံးဖြတ်ချက်များ အား မလိုချင်ဟု ဆိုလိုထားသည်။
ဗဟိုဦးဆောင်ကော်မတီ၏အမြင်မှာမူကား ဤဆုံးဖြတ်ချက်သည် ဦးအောင်ရွှေနှင့် အောင်ဆန်းစုကြည် (ထိုကဲ့သို့ဆုံးဖြတ်ခွင့်အားအစောပိုင်းကတည်းက နှင်းအပ်ပြီးဖြစ်)တို့အနေဖြင့်ဆုံးဖြတ်သင့်သည်ဖြစ်သည်။ ယင်းအမြင်အား ဒေါက်တာတင်မျိုးဝင်း မှ အောင်ဆန်းစုကြည်ထံ
ပုံမှန်ဆေးစစ်မှုပြုလုပ်ရန်သွားရောက်တွေ့ ဆုံသည့်အချိန်တွင် အသိပေးတင်ပြရမည်ဖြစ်သည်။
သို့ သော်ငြား လည်း ၂၃ ရက်နေ့ တွင် ညဏ်ဝင်း က အောင်ဆန်းစုကြည်အား သွားရောက်တွေ့ ဆုံခဲ့သည်။ သူ့ အနေဖြင့် ပြီးခဲ့သောနေ့မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အား အောင်ဆန်းစုကြည်ကို အသိမပေးရန် (လျှို့ဝှက်ထားရန်) ဖြစ်သည့်အစား
ဗဟိုကော်မတီတစ်ရပ်လုံးအပေါ်သြဇာသက်ရောက်ခဲ့သော အောင်ဆန်းစုကြည်၏ မှတ်ချက် ကိုပြန်လည် သယ်ဆောင်လာခဲ့သည်။
မတရားသည့်ဥပဒေအာက်တွင် သူ့ အနေဖြင့် တွေးတောင်မတွေးဆိုသည်မှာ အောင်ဆန်းစုကြည်၏ ပြောဆိုချက်ဖြစ်၏။ပါတီ၏ ဦးဆောင်မှုကို မျက်ကွယ်ပြုခေါက်ထားကာ ညဏ်ဝင်း က အောင်ဆန်းစုကြည်၏ မှတ်ချက်အား သတင်းနယ်ပါယ်သို့ အရောက် ပို့ ခဲ့၏။ အောင်ဆန်းစုကြည်ဖြည့်စွက်သည်မှာကား
မည်သို့ပင်ဖြစ်စေကာမူ သူ့အနေဖြင့် ၂၉ ရက်နေ့ တွင် ရရှိလာသော ဗဟိုကော်မတီ၏ဆုံးဖြတ်ချက်ကို လေးစား လိုက်နာမည်ဖြစ်သည်ဟုဖြစ်၏။
သို့သော်လည်း အစည်းအဝေးတွင် ဆိုးဝါးသည့်မှတ်ချက်က ဆုံးဖြတ်ချက်အပေါ်ကြိုတင်သြဇာသက်ရောက်ခဲ့ပြီးဖြစ်၏။အဖွဲ့ ဝင်အနည်းငယ်မျှသာ သတ္တိပြောင်ပြောင်ဖြင့် ပါတီအနေဖြင့်ဆက်လက်တည်ရှိနေသင့်၍ ပြန်လည်မှတ်ပုံတင်ရန် တင်ပြခဲ့ကြ၏။ (ဗဟိုဦးဆောင်ကော်မတီဝင်များအနေဖြင့် စကားပြောခွင့်အား
ပိတ်ပင်ခံခဲ့ရပါသည်)
အောင်ဆန်းစုကြည်ဘာလိုချင်သည်ကို အောင်ရွှေ သိနှင့်ပြီးဖြစ်သဖြင့် သူ့ အနေဖြင့် မဆန့် ကျင်ခဲ့ပေ။ သူ့ အနေဖြင့် အောင်ဆန်းစုကြည်၏ဆန္ဒများအတိုင်းလိုက်နာမည်ဆိုသည်မျှသာပြောခဲ့၏။
ပျော့ပျောင်းကြောင်းကျိုးဆီလျော်မှုရှိသည့် အဖွဲ့ ဝင်များက အောင်ဆန်းစုကြည်၏ ထင်မြင်ချက်အား ပါတီ၏ဆုံးဖြတ်ချက်မချခင် မကြေငြာခဲ့သင့်ဟု ခါးသီးစွာပြောဆိုကြ၏။ အခြား ရပ်ဝန်းမှ ပြောဆိုသည်ကမူ လူငယ်အဖွဲ့ ဝင်တို့ ၏ အမြင်နှင့် တောင်းဆိုချက်များ က ထိုကိစ္စရပ်နှင့်ပါတ်သက်၍ မဲခွဲဆုံးဖြတ်ရေးကို
ပိတ်ပင်ခဲ့သည်ဟုဖြစ်၏။
ထို့ကြောင့်တဖန် နောက်ဆုံးအကြိမ်ဖြစ်ဖွယ်ရှိသည့် ခေါင်းဆောင်လုပ်သူ၏ စိတ်ခံစားမှု သည် လေးနက် လက်တွေ့ ကျလှသည့် ဆုံးဖြတ်ချက်ချခြင်းကိုလည်း သက်ရောက်အောင်မြင်သွားခဲ့ပြန်၏။
"နှစ်ပေါင်းနှစ်ဆယ် ခါးသက်ခက်ခဲတဲ့အလုပ်တွေ ပြီးတဲ့နောက်မှာ ခုတော့ငါတို့ ဟာ ခေါင်းမရှိသူတွေပဲ " မှတ်ချက်။ ။ မည်သည့်စကားဟု ခင်ဇော်ဝင်းမှ ဖော်ပြ မထားပါ။
ထို့ နောက် ဦးခင်ဇော်ဝင်း၏ ဒုတိယ ခေါင်းစဉ်ငယ် ပြီးဆုံးခဲ့သော ခါ ဆိုသည့်အပိုင်းဖြစ်ပါသည်။
ပြီးဆုံးခဲ့သောခါ
ပြီးခဲ့တဲ့ တနင်္လာနေ့  ဧပြီငါးရက်နေ့ က ဗဟိုဦးဆောင်ကော်မတီရဲ့စည်းဝေးပွဲတခုလုပ်ခဲ့တယ်။ စာရွက်တွေဖြန့် ခဲ့ကြတယ် တစ်ခုကတော့ ပြည်သူကိုဝန်ချတောင်းပန်တာဖြစ်ပြီးအခြားတစ်ခုကတော့ပါတီ
ပြန်လည်တည်ဆောက်ရေးဖြစ်ပါတယ်။ (အုန်းကြိုင်နှင့်ဟံသာမြင့်တို့မူကြမ်းရေးခဲ့တာဖြစ်) အဲဒီထဲမှာပါတာကတော့ အထက်အောက် တည်ဆောက်ပုံကို ဒေါက်လိုက်တည်ဆောက်တဲ့ပုံစံ
နဲ့အစားထိုးဖို့ဖြစ်ပြီး ပျော့ပျောင်းကြောင်းကျိုးဆီလျှော်မှုရှိတဲ့အဖွဲ့ ဝင်တွေအမြင်ကတော့ မြေအောက်လုပ်ငန်းအတွက် ဖုံးကွယ်မှုတစ်ခုသာဖြစ်သဖြင့်
ပါယ်ချခဲ့ကြပါသည်။ သူတို့အနေဖြင့်မြင်သည်ကမူ ဌာနချုပ်ရဲ့ အတည်ပြုမှုနဲ့လုပ်ကိုင်နေသလိုဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် မေလ ခြောက်ရက်နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရှိတော့မှာမဟုတ်ပါဟု သူတို့က ပြောခဲ့ကြပါသည်။ အကယ်၍ တင်ပြသူများ အနေဖြင့် တာဝန်ယူမည်ဆိုလျှင်မူ သူတို့ ဘာသာ
သူတို့ဆက်လက်လုပ်ကိုင်နိုင်သည် ဟု ဖြစ်ပါသည်။
လူမှုလုပ်ငန်းများဆီသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဦးတည်နေသည်ကိုကား ခင်ဖျင်းဖျင်းလုပ်ရပ်တခုဟု ကျနော်တို့ မှ သဘောတူပါသည်။
ဆိုရမည်ဆိုလျှင် ရည်ရွယ်ရာ အသိုင်းအ၀န်းများနှင့် တကယ့်အလုပ်ကိုလုပ်နေသော လူမှုလုပ်ငန်းအဖွဲ့ အစည်းများ အားလုံးသော ပါတ်သက်သူများအပေါ်ဆိုးကျိုးသက်ရောက်မှုများ ရှိလာပါလိမ့်မည်။
တဖန် ဦးခင်ဇော်ဝင်း၏ ခေါင်းမာသူများနှင့်သူတို့၏ရပ်တည်ချက် ဆိုသည့် အပိုဒ်မှာ ...
ခေါင်းမာသူများနှင့်သူတို့၏ရပ်တည်ချက်
ထိုသူများသည် လေးဦးဂိုဏ်းဟု သိရှိလာရသည့် ၀င်းတင်၊ ညဏ်ဝင်း၊ အုန်းကြိုင်နှင့်ဟံသာမြင့်တို့၏ ဦးဆောင်မှုကိုခံယူသည်။ထိုသူများအနေဖြင့်အထက်ဆီးရခဲ့ပြီးပြီဟုထင်မြင်ရသည်။
ဝင်းတင်က ဦးတင်ဦးနှင့် အောင်ဆန်းစုကြည်အား ဗဟိုချက်မ အနေဖြင့်ဝန်းရံ အလုပ်လုပ်ကြ ၊ နယ်များတွင်ရှိသော အစုအဖွဲ့များ ပိုမိုတက်ကြွသင့်ကြသည် ဟု ဟစ်ကြွေး၏။သို့ သော် ၄င်းကိုယ်တိုင်ကမူ တုတ်တုတ်မျှမလှုပ်။ နိုင်ငံခြားမှ များပြားသော ရံပုံငွေများ လက်ခံရရှိနေသော်လည်း ပါတီသို့ သူက
အပ်နှံခြင်းမရှိ။ တက်ကြွလှုပ်ရှားသူများ ထဲမှတစ်ဦးအား ငွေကြေးထောက်ပံ့မှုဖြင့် ဆွဲချက်တင်ခံရသည်ကို ဖော်ပြခဲ့ပြီးဖြစ်၏။ (မည်သည့်နေရာတွင်ဖော်ပြသည်ကိုပြောမထား) ၀င်းတင်(WT) နှင့် ထိုအုပ်စုကတော့ အလွန် အန္တရာယ်ကြီးမားသော လမ်းကြောင်းကိုရွေးချယ်တော့မည်ဖြစ်၏။
ထို့ အတူ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတ်သက်၍လည်းအောက်ပါကဲ့သို့ ....
အောင်ဆန်းစုကြည်
ပထမဆုံးအနေဖြင့် ၀ါကြီးသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်များက အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန်ဝေဖန်တာကို ကျနော်တို့ ရရှိလာတယ်။ (ဒီလိုဖြစ်လာမှာကို နှစ်ပေါင်းများစွာကတည်းကကျနော်ကကြိုမြင်ခဲ့ပြီးသား{ခင်ဇော်ဝင်းအရေး})
အောင်ဆန်းစုကြည်ဟာ အိမ်တွင်းထိမ်းသိမ်းခံရတဲ့အနေအထားကို အလွန့် ကိုအသာတကြည်လက်ခံသည်ဟုသူတို့ကမြင်ကြ၏။ ကျမကိုအိမ်ထဲမှာပဲထား ညဏ်ဝင်းကတဆင့်အလုပ်လုပ်နိုင်တယ်ဟု ပြုမူနေသယောင်တောင် ထင်ရ၏။ အောင်ဆန်းစုကြည်ဟာ အခွင့်အရေးကိုအသုံးချဖို့ အပြင်ကိုထွက်ဖို
့မကြိုးစားခဲ့သည့် အစား သူ့ ကိုယ်သူပင် ညဏ်ဝင်း၏ခြယ်လှယ်မှုအောက်တွင် နေထိုင်နေ၏။
မှတ်ချက်များ
" ဒီဆုံးဖြတ်ချက်နဲ့ ငါတို့ ကို သူက ပစ်ထားလိုက်ခဲ့ပြီ"
" အောင်ဆန်းစုကြည်မှာဘာရပ်တည်ချက်မှမရှိတော့ဘူး"
"ငါတို့ က ခုတော့ရေဆန်ကိုလှန်ကူးနေရပြီ လိုအပ်လာရင် ငါတို့ အောင်ဆန်းစုကြည်ကိုဆန့် ကျင်ရမယ်"
အောင်ဆန်းစုကြည်ဟာ ၀င်းတင်ကိုမျက်ကန်းယုံကြည်မှုနဲ့ပုံအပ်ပြီး ခေါင်းမာသူတွေကို သူ့ ဖက်မှာထားလိုက်ပြီ။
အောင်ဆန်းစုကြည်ဟာ နအဖရဲ့ထောင်ချောက်ထဲ ထပ်ဝင်ပြန်ပြီ။
အောင်ဆန်းစုကြည်ဟာ မကြာခင်သူလွတ်လာတော့မယ်ဆိုတာသိရက်နဲ့ ယက်တော ကိစ္စကိုသိသိကြီးအဖြစ်ခံခဲ့တယ်။ အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုအတွက်လုံးဝမစဉ်းစားဘူးဆိုတာပြလိုက်တာပဲ။
သူတို့တွေ အောင်ဆန်းစုကြည်ကို ထပ်ပြီး မျှော်လင့်ချက်ကြီးနဲ့စောင့်နေမှာမဟုတ်တော့ဘူး ။
အနာဂါတ်ကို ဦးခင်ဇော်ဝင်းတို့  ဆွေးနွေးပွဲမှ ရှုမြင်ရာ....
ရှေ့ ကကြိုတဲ့လမ်း
ပါတီသစ်တစ်ခုကို စဉ်းစားနေပြီ။ အဲဒီမှာပါတီတစ်ခုရှိရမယ်။ ပြည်သူ့ အကျိုးစီးပွားနဲ့အခွင့်အရေးကို ကာကွယ်မယ့်ပါတီဖြစ်မယ်။
ပါတီသစ်ကြေငြာချက်ကို မေလ ခြောက်ရက်နေ့ မတိုင်ခင် မကြေငြာဘူး ဘာကြောင့်ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဆက်ရှိနေသေးလို့ ဖြစ်ပါသည်။
တသီးပုဂလ လွှတ်တော်အမတ်ရဲ့ အတိုင်းအတာက အလွန်အကန့် အသတ်ရှိတယ်။ သူတို့ ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အတိုင်အဖောက်ညီမှုဟာ အားနည်းချိနဲ့နေမယ်ဖြစ်ပြီး
သူတို့ ဟာ ရှေ့ မှာကြိုရှိနေတဲ့ အရေးကြီးတဲ့ထုနဲ့ထည်နဲ့ကိစ္စတွေကို ဆောင်ရွက်နိုင်စွမ်းရှိမှာမဟုတ်ဘူး။
ဦးခင်ဇော်ဝင်း တင်ပြသော ဦးခင်မောင်ဆွေ၏
ခင်မောင်ဆွေ ခွဲခြမ်းစိတ်ဖြာရှင်းလင်းတဲ့ ရွေးချယ်စရာသုံးခု
ပါတီသစ်
တသီးပုဂလအနေဖြင့်ယှဉ်ပြိုင်ခြင်း။ ငွေသိပ်မကုန်ပဲတော်တော်များများကလုပ်ချင်နေတဲ့လမ်းကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆက်လက်တည်ရှိဖို့ အင်မတန် ပါးမျှင်သည့်အခွင့်အရေး တစ်ခုဖြစ်သည်။
ပါတီသစ်ကို ကေဒါပါတီအနေဖြင့် စတင်ပြီး အနည်းသုံးဆုံးနေရာဝင်ပြိုင်မည်။ အောင်ဆန်းစုကြည်ပါတီတွင်းပါဖို့ မပါဖို့ က အပရိက ကိစ္စမရှိ။ အကယ်၍ မိမိတို့ ကလုပ်လိုလျှင်တောင် အလွဲသုံးမှုဖြင့် အတိုက်ခိုက်ခံရလိမ့်မည်။
ဒေါက်တာဝင်းနိုင် ၊ ဦးသိန်းညွန့် နှင့် အခြား သူများ ပါဝင်သော ဗဟိုကော်မတီကို အမြုတေအဖြစ်ဖွဲ့မည်။ ငွေကြေးနောက်ခံသည်အရေးကြီးသည်။ သို့ သော် ပါတီဖွဲ့ ရန်ဆုံးဖြတ်ချက်သည် ပထမဦးစားပေး ဖြစ်ရမည်။
အဲဒီပါတီမှာအောင်ဆန်းစုကြည်မပါလို့ လူထုက မဲမပေးဘူးဆိုတာကတော့ ဖြစ်နိုင်ခြေမရှိဘူး ။
၎င်း၏ ကိုယ်ပိုင်မှတ်ချက် များမှာကား ...
ကျနော့်မှတ်ချက်(ဦး ခင်ဇော်ဝင်း)
အမေရိကန်အသံရဲ့ ဒီမနက်ကဆွေးနွေးပွဲမှာ ကျနော်ပါခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဆွေးနွေးလာသူနှစ်ယောက်က သူတို့ ပါတီပြန်လည်မှတ်ပုံမတင်ဘူး ဆိုတာ ဟာ သူတို့ ရဲ့နိုင်ငံရေးရပ်တည်ချက်ဖြစ်တယ်လို့  ကြေငြာပါတယ်။ ကျနော်ကပြောတယ် အိုကေ ဒါပေမယ့် အဲဒါဟာ ယိုင်နဲ့ နေတဲ့
ပြည်သူလူထုကို စွန့် ခွာတာလဲဖြစ်တယ် သန်းပေါင်းများစွာ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ၁၉၉၀ ခုနှစ်မှာမဲပေးခဲ့ပြီးပြီလို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
ကောင်းပြီ ဦးစွာ ပထမ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ကျနော့်အနေနဲ့မအံ့သြပါဘူး။ အချို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်တွေဟာ အမူအကျင့်ဟောင်းတွေအတိုင်းပဲ ပြုမူနေတာဖြစ်ပါတယ်။
ဒီတကြိမ်ကတော့သူတို့ရဲ့ ပတ်စာခွာဖျာမလိပ်ခင်ဖြေဖျော်မှုပေါ့ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွင်းက တကယ့်ကို လေးနက်တဲ့ လူတွေအတွက်ကတော့ အားလုံးသော ဆိုးရွားတဲ့အစိတ်အပိုင်းတွေရဲ့နှစ်ပေါင်းနှစ်ဆယ်လုံး အစွယ်တငေါငေါနဲ့ နှောင့်ယှက်မှုတွေရဲ့ဝန်ထုတ်ဝန်ပိုးလျော့သွားတာပဲလို
့ကျနော်ကပြောရပါလိမ့်မယ်။
နောက်ဆုံးမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဆုံးဖြတ်လိုက်ခဲ့ပြီးပြီ အဲဒီအတိုင်းပဲရှိစေတော့ ။ ခုချိန်ကစပြီး ကျနော်တို့ ဟာ တကယ့် လုပ်ငန်းတွေကို အာရုံစိုက်နိုင်ကြပြီ။
အသစ် သို့ မဟုတ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ နိုင်ငံရေးအတ္တဘာဝမှာ နေရာတစ်ခု ထိုက်တန်ပါတယ်လို့ ကျနော့်အနေနဲ့ယုံကြည်ပါတယ်( အဲဒီပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာမည်သုံးနိုင်ခြေမရှိပေမယ့် အဲဒီပါတီဟာ အောင်ဆန်းစုကြည်လွန်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့သက်ရောက်မှုပဲဖြစ်ပါတယ်) အဲဒီပါတီဟာ ၀င်ရောက်ယှဉ်ပြိုင်မှုကိုလိုလားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဝင်တွေနဲ့ ထောက်ခံသူတွေအတွက် ပျော်ဝင်စည်းကပ်ညီညွတ်တသားတည်းဖြစ်စေအောင် သယ်ဆောင်မယ့်ယာဉ်တစ်ခုဖြစ်ပါတယ်။
အဲဒီပါတီရဲ့ချည်းကပ်မှုက " မပါဝင်လိုသူတွေရဲ့ အခွင့်အရေးကို ငါတို့ အသိအမှတ်ပြုသလို ၊ သူတို့ ကလဲ ပါတီသစ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်လိုတဲ့ငါတို့ ရဲ့ ဆန္ဒကို အသိအမှတ်ပြုလေးစားသင့်တယ်" ။ ဒီနေရာမှာလဲ အောင်ဆန်းစုကြည်နဲ့ ပါတ်သက်လို ဆိုးဝါးတဲ့အပြုအမူတွေရှိမှာမဟုတ်သလို
အောင်ဆန်းစုကြည်ရဲ့ကောင်းချီးပေးမှုကိုတောင်တောင်းခံပါလိမ့်မယ်။ သို့ဖြစ်သော်ငြား အောင်ဆန်းစုကြည်ထံက မပါတ်သက်ကြောင်း မဆိုင်ကြောင်းဆိုတဲ့အရာတွေဖြစ်လာပါလိမ့်မယ်။
အန္တရာယ်ကတော့ အောင်ဆန်းစုကြည်နဲ့ခေါင်းမာတဲ့သူတွေက ပါတီသစ်ကို ဆိုးရွားစွာရှုမြင်လာနိုင်ခြင်းဖြစ်ပါတယ်။ အဲသလိုဖြင့် အားလုံးဆုံးရှုံးခြင်းပဲဆက်လက်တည်တံ့နေမှာဖြစ်ပါတယ်။
နိုင်ငံတကာက ကောင်းမွန်တဲ့ဆန္ဒရှိသူတွေကို ကျနော့်အနေနဲ့ကမ်းလှမ်းချင်တာကတော့
အောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရဲ့ ဆန္ဒတွေကို လေးစားခဲ့သလို ပါတီသစ်ရဲ့ အဖွဲ့ ဝင်တွေဟာလဲ အဲဒီလေးစားမှုနဲ့ထိုက်တန်ပါတယ်။ ဘယ်လိုအနေအထားမျိုးနဲ့ မှသူတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို သစ္စာဖောက်သူတွေလို့ တံဆိပ်မကပ်သင့်ပါဘူး။
ခုလိုအလှည့်အပြောင်းမှာ ထောက်ခံမှုဟာ အင်မတန်အရေးပါလှပါတယ်။
ဒီပါတီသစ်ဟာ ကြံ့ဖွတ်ရဲ့အောင်ပွဲနဲ့ အများစုကြီးရဲ့ကြားမှာအခရာကျလှပြီး ပိုမိုပြီး ဒီမိုကရက်တစ်ဆန်တဲ့ ရလာဒ်တွေကိုရရှိလာနိုင်ပါတယ်။ ဒီပါတီဟာ အကောင်းဆုံးမျှော်လင့်ချက်၊ လေးနက်တည်ကြည်တဲ့ကတိက၀တ်၊ သင့်လျှော် ပြီးလိုက်လျောညီထွေ အစွမ်းအစရှိတဲ့ ဒီမိုကရက်တွေ ပါလီမန်ထဲရောက်ရှိခြင်းနှင့်
ဒီမိုကရက်တစ် တိုင်းပြည် တည်ထောင်မှုတို့ ဖြစ်ဖို့ ဖြစ်ပါတယ်။
နအဖအတွက် မေးခွန်းများ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကတော့ ကျောခိုင်းထွက်ခွာနေပြီ ဒါပေမယ့် ကြံ့ဖွတ် ရှုံးနေနိုင်သေးတယ်။ သန်းရွှေရဲ့ အကြံနဲ့  စီမံကိန်းကတော့ စစ်တပ်ကိုယ်စားလှယ် သမတဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလာဒ်က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မပါဝင်တာတောင် သူလိုချင်သလို ဖြစ်မလာခဲ့ရင်
သန်းရွှေက ရလာဒ်များကို လေးစားပြီးအကောင်အထည်ဖော်မှာလား ။
တရုတ်နဲ့အာစီယံခေါင်းဆောင်တွေအနေနဲ့ဒီမေးခွန်းကို သန်းရွှေကိုမေးသင့်တယ်လို့  ခံစားရပါတယ်။
နောက်ဆုံးမတော့ ဒီမိုကရေစီကို ပြန်မိတ်ဆက်ပေးခြင်း နိုင်ငံနဲ့ နိုင်ငံ့ အရည်အသွေးကိုပြန်တည်ဆောက်ခြင်း ပြီးတော့ ပြည်သူ လူထုဘ၀တွေကို ထွန်းကားအောင် လုပ်ခြင်း တွေ ဖြစ်ရပါမယ်။
စကားချပ်: ကျနော့်အနေဖြင့်ကယ်ဆယ်ရေးကုမ္မဏီထောင်ပြီးလုပ်ငန်းလုပ်သင့်ကောင်းရဲ့။ သင့် အမြင်နှင့် မှတ်ချက်များအားကြိုဆိုပါသည်။
ဤတွင် ခင်ဇော်ဝင်း၏ စာတမ်းပြီး၏။
***********************
ကျွန်ုပ်အနေဖြင့် မည်သည့်မှတ်ချက်မျှ ပေးရန်ပင်မလိုအပ်တော့သဖြင့် ဟိုက်...ဟာ .. ဟင် ..........အို ဟုပင် အာမေဋိတ် ထွက်ပြစရာအကြောင်းမရှိတော့ပါ။
အဘယ်ကြောင့်ဟူမူ ဦးခင်ဇော်ဝင်း ဦးသုဝေ တို့ နှင့်မြန်မာ့အတင်းသတ်မကွ စည်းဝါးရိုက်ကာ ထိုင်းနိုင်ငံသို့ ထွက်လာပြီးနောက် ရှင်းလင်းပွဲများလည်းပြုလုပ်ပြီးဖြစ်ပါသည်။ ဦးခင်မောင်ဆွေတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပေါ်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားသည့် သစ္စာကြေငြာ ရွှေပေလွှာကြီးဘဇာနှင့်တူသနည်းဟူမူ အနှစ်နှစ်ဆယ်ကျော် ပေါင်းသင်းလာပြီးကာမှ "မိန်းမရေ မင်း သွေးမဆုံးမချင်း ၊ ကင်ဆာဖြစ်
လို့ များသားအိမ်မထုတ် နို့ မဖြတ်ရမချင်း ကိုကို တုတ်ကြီးတို့ ကသစ္စာရှိမှာပါဟု "
ပြောသယောင်နှင့်တူလွန်းလှပေ၏။ ဦးခင်ဇော်ဝင်းကတော့ တရုတ်၊ အာစီယံဖောက်သည်များကို ရွာထဲ အသစ်ကလေးလာတော့မယ် ပေါက်ဖော်တို့ရေ အားပေးဖို့ လက်မနှေးကြပါနဲ့ခင်ဗျ ဟု ဆိုသော ရှေးသရောအခါ က ဆူးလေဘုရားလမ်းမပေါ်တွင် လွယ်အိတ်ကလေးတစ်လုံးနှင့်(မည်သည့် ကဗျာဆရာ
စာရေးဆရာမှမဟုတ် ပြည်တွင်းမှလည်းမဟုတ် ပြည်ပ ထွက်လာသူများထဲမှလဲမဟုတ် အတိအကျမဟုတ် အမှန်မဟုတ် လုံးဝမဟုတ် မဟုတ် ဆိုမှမဟုတ် ) ခေါက်တုံ့ခေါက်ပြန်လျှောက်နေကြသော ဖာဆွယ် ဖာခေါင်းများနှင့်တူသေးတော့၏။
လေးစားလောက်ဖွယ် အတိ သစ္စာရှင်ကြီးများ၏ နိုင်ငံရေးနောက်မီးလင်းမှုကို မြင်ရတွေ့ ရသည်မှာကား တုတ်ကြီးအလောင်းအလျာနုစဉ်ကာလကလက်ဖက်ရည်ဆိုင်ထိုင်ရင်း မိတ်ကပ်အဖွေးသားနှင့် အခြောက်ချင်းလင်လုသည်ကို မြင်ရသည်နှင့် တူနေသေးတော့ဟု ဖြစ်ပါလေတော့သတည်း။
ထိုနည်းနှင်နှင် ဧရာဝတီ၊ မဇ္ဈိမ ၊ ဗွီအိုအေ နှင့် သတင်းဌာနများကို ကိုင်တွယ်ကာ စည်းကိုက်ဝါးကိုက် တီးဝိုင်းတိုက်နေသူများ၏ အဖြစ်ကိုလည်းပြုံး၍ နားလည်လိုက်မိပါသည်။
ဘာတဲ့ ဧရာဝတီက ငနဲများက သူတို့ ဆဲစာမရောက်လျှင်ပင် မနေတတ်တော့ဟူသတတ် ၊ ဆြာ ကျော်ဇံသာကလည်းထိုနည်းလည်းကောင်း.................
ဒီတော့ဇာတ်မင်းသားကြီး( ဦးတင်မောင်လား၊ မြို့ တော်ဦးသိန်းအောင်လားမမှတ်မိတော့ ) ၏ သီချင်းလို ထိုနည်းလည်းကောင်း ..ထိုနည်းလည်းကောင်း စီးပွားရေးအခြေအနေမကောင်းလို့  ဖမ်းကာမြွေရောင်း ထိုင်ဖြီးလိုက်ပါသည် ပေါ့လကွယ်။
တုတ်ကြီး ခေတ္တ တာဝတိံသာ
မှတ်ချက်။ ။ ဦးခင်ဇော်ဝင်း၏ စာအား တတ်နိုင်သမျှ အတိအကျဘာသာပြန်ထားပါသည်၊ သို့ ပေသည့် ကျွန်ုပ်တုတ်ကြီးသည် ကျွဲကျောင်းသူ ပညာရှင် မဟုတ်သကဲ့သို့ ဘိလပ်ကျောင်းများတွင် ဂုဏ်ထူး ၀ိသေသများစွာဖြင့် ဓမ္မာစရိယဘွဲ့ ရထားသည့် ကိုယ်တော်လည်းမဟုတ်ပါသောကြောင့် စာဖတ်သူအနေဖြင့် ဆလံပေးရန်မလိုအာမင် အော်ရန်မလိုပါ။
ဘောင်းဘောင်းချွတ်ပြီး ခေါင်းပေါင်းစွတ်ပြီလို့ ဆို............
Monday, April 5, 2010
ကျွန်ုပ် ကိုကိုတုတ် တယောက် စာပေရေးသားခြင်း အမှုအား ရပ်နားထားခဲ့သည်မှာ ကာလကြာညောင်းခဲ့လေပြီ။
အဘယ်အကြောင်းဟူမူ ကျွန်ုပ်ကိုယ်တိုင်လဲ ပြက်ပြက်ထင်ထင် မသိ ။ သို့ သော်ငြား အတွေးတွေက ဦးနှောက်ထဲ ဘလောင်ဆူနေသည်မှာကား တူတူပုန်းတန်းကစားရင်း
ရာဝင်အိုးထဲဝင်ပုန်းလိုက်မိပြီးသကာလ အလုံးလိုက် အတွဲလိုက် အားပါးတရ အီးထုလိုက်မိသည့်နှယ် ကျယ်လောင် လွန်းလှ ... ပဲ့တင်ထပ်လွန်းလှ စိတ်၏ ဂန္ဒာရုံကိုပင် နှောက်ယှက်လွန်းစွ.............။
ကျွန်ုပ်၏ တကိုယ်ရေ စားဝတ်နေရေးအတွက် ကြုံရာ ကျပမ်းအလုပ်များဖြစ်သော ၊ တောက်တိုမယ်ရ လက်တိုလက်တောင်း အလုပ်များကိုလုပ်ရင်း ရရှိ ရှာဖွေလာခဲ့သော အသပြာလေး တမူးတပဲလောက်ကို ကျစ်ကျစ်ပါအောင် လက်ကိုင်ပုဝါကလေးဖြင့်
ထုတ်လျှက် အိတ်ကပ်ထဲ ထည့် ပြီး မေးစိလေးပွတ်ကာ ဘတ်စ်ကားခုံလွတ်ရာဆီ အသော့နှင်ရင်း စိတ်ထဲ တွင် ကိုဗဒင်၏ နေရာဆိုသော သီချင်းကလေးကို ငြီးနေမိ၏။
ယင်းသို့ ဖြင့် ဘယ်အချိန်ကာလ၀ယ်က ဘတ်စ်ကားပေါ်တက်လာသည်မသိသော မိတ်ဆွေ ဗိန္ဒောဆရာက ကျွန်ုပ်၏ သန်မာထွားကျိုင်း တောင့်တင်း ၀ါဝင်းသော လက်မောင်းအိုးကြီး ၀ါးခြမ်းပြားလောက်ကို လှမ်းပုတ်ကာ
"ဟေ့လူ... အောင်မယ်လေးဗျာ ..ကျုပ်တယောက်လုံး ဘတ်စ်ကားပေါ်တက်လာတာမမြင်ဘူးလား ဘာတွေ အတွေးတွေ လွန်နေသလဲဗျ"
ကျွန်ုပ် ၏ စိတ်ထဲ တွင်တော့ ဒင်းကဘာမို့ လို့ ကျုပ်တယောက်လုံး တက်လာတာမမြင်ဘူးလားလို့ ပြောရတာတုန်း" ဟုတွေးရင်း နွေရာသီမနက်ခင်း ဈေးတန်းမှ ငါးစိမ်းသည်၏ ဗန်းထဲတွင်ဖျတ်ဖျတ်လူးနေသော ငါးခူတကောင်လိုပြုံးကာ
"ဘာရယ်ဟုတ်လှပါဘူးလဗျာ... ဂလိုပါပဲ သီချင်းလေး စိတ်ထဲက ငြီးကောင်းလို့ ငြီးနေတာဗျ"ဟု ဆိုက်ကားဘယ်သောအခါမှ စီးမည်မဟုတ်သော မြင်းလှည်းဆရာကို ဖြေလိုက်သည့် လမ်းထိပ်က ဆိုက်ကားဆရာ ကိုပြူးမောင် ၏ ဂိုက်ဖြင့်
လက်ပိုက်ဖြေလိုက်ကာ ထိုင်ခုံနောက်မှီကို အသာလေးမှီပြီး မျက်စိ ကို စုံမှိတ်လိုက်၏။ ထင်လာသော ပုံရိပ်များကို ရုပ်ရှင်ပိတ်ကား တစ်ခုပေါ်မှ ဇာတ်ကောင်များကို ငေးသကဲ့သို့  စိတ်အာရုံဖြင့် ငေးရင်း မျက်စိမှိတ်လျှက်
ငုံထားသော ကွမ်းကို ဖြေးဖြေးလေး ၀ါးနေလိုက်မိတော့၏။ တိုက်ပွဲ သဘောအရဗျူဟာမြောက် ပြောရမည်ဟူမူ ငုံမိမှတော့ ၀ါး မှဖြစ်ပေတော့မပေါ့.. ဟုတ်ပေဘူးလော...။
ဇရက်မင်းစည်းစိမ်ဖြင့် ငြိမ်ငြိမ်လေးနှပ်နေသော ကျွန်ုပ်၏ လိပ်ပြာကို ဆတ်ဆတ်ခါသွားအောင် နားနေသော အကိုင်းအား သောက်ရမ်းကိုင်လှုပ်လိုက်သည်နှင့်တူသည့် ညောင်နာနာ အသံဖြင့် ဗိန္ဒောဆရာက
"ဟေ့လူ တတ်သိပညာရှင် ဦးခင်မောင်ဆွေ ရေးတာဖတ်လိုက်ရလားဗျ ဧရာဝတီ သတင်းဆိုက်မှာ" ဟု မေးလိုက်တော့၏။
"ဘာဗျ ဓါတ်မီးပညာရှင် ရူးချင်ယောင် နေ ကွေးတာ ဖြတ်လိုက်ရလားဟုတ်လား " ဟု ဆတ်ကနဲပြန်မေးလိုက်မိ၏။
" ဟာ ခင်ဗျား တော်တော် ခေတ်ကြီးနဲ့ ကင်းကွာနေပြီပဲဗျ ဧရာဝတီမှာလေဗျာ ဧရာဝတီမှာ" ဟု အလောတကြီး ပင် ငတိက ပြောရင်း လူကိုပင်ဖမ်းသန်းရှာတော့မည့်လက်ပေါက်ဖြင့် ပြောလာသည်မှာ
ကျွန်ုပ်၏ အိမ်ဘေး မှ ကွမ်းယာသည် ချိုချိုပေါ်မသိမ်း တို့ တသိုက်၏ အထာနှင့်ပင် ထူသေးတော့၏။
"ဟ ဧရာဝတီမှာတော့ ဒိုက်ပုံ ရယ် တုံကင်းပေါ်က ပါသွားတဲ့ အီးတုံးရယ် သဗ္ဗ္ဗာန်သမားငေါ့ပန်းထားတဲ့ သေးရယ် ပဲရှိမှာပေါ့ဗျ ကျုပ်က ဘာလို့ သွားရမတုန်း" ဟုပြန်မေးလိုက်၏။
အမှန်တော့ ကျွန်ုပ်လဲ ခေတ်ကြီးနှင့် ထိုမျှလောက်မကင်းကွာပါ။
ထိုင်းနိုင်ငံအခြေစိုက် သုတေသနအဖွဲ့ဖြစ်သော လဥ အဖွဲ့ မှ စော်ပြူး တို့ နှင့်တကွ ရှိုစရာ၏ လင်တော်မောင် ကြောင် ကွိုင် ဘူး တို့ အပါအ၀င်၏ ဂွင်ရိုက်ဖင်နှိုက်သော လုပ်ရပ်များဖြစ်သည့် မြန်မာပြည်တွင်းမှ ကလေးများအား ခေါ်ထုတ် ကာ
သင်တန်းပေါင်းစုံပေးလျှက် ကလေးများအား မ၀ရေစာ
နေ့ စဉ်အသုံးစားရိတ်လေး ထုတ်ပေး၍ အခန်းထဲလှောင်ပိတ်ပြီး၂၀၀၈ အခြေခံဥပဒေ ကို မထိရေး ၊ ရွေးကောက်ပွဲနှင့်ပါတ်သက်၍ Negative ဖြစ်မည့် မွေးခန်းများအား အိမ်သာဗျူးရာတွင် မဗျူးရေး တို့ ကအစ ကြက်တူရွေး စာအံသလို သင်ပေးနေသည်ကို
မသိ၍ မဟုတ် သိပေ၏။
ဆိုရေးရှိက ဆိုအပ်လှ၏ ဟု ကျွန်ုပ်မမှတ်မိသော ပညာရှိတဦးက ပြောခဲ့သည်ကို ကြားဖူး နားဝရှိထားပေသဖြင့် ဆိုရပါတော့ လအံ့။
ရွေးကောက်ပွဲ နှင့်ပါတ်သက်၍ ဦးသုဝေ တို့  ပြည်တွင်းမှအပြင်ထွက်လာသည်။ မြန်မာ့ အတင်း သတ်မကွ မှ ဖိတ်ကြားကာ ထိပ်ထား မဟာ မမကဲ့သို့  အပြတ်ဆင်ယင်ပေးလျှက် CNN မှ မစ္စတာ ရို့ စ်တို့  ထက် ပိုမို စမတ်ကျလှသော ဆရာ စိန်ဝင်းဆိုသည့်
မတ်စိမ ဆိုသည့် သတင်း ဆိုက်မှ ကိုယ်တော် ချောကလဲ ရေလာမြောင်းပေးလက်ဝါးရိုက်မေးသွား၏။ ဦးသုဝေ ဘာဆိုတာကို ဦးသုဝေ ကောင်းကောင်းသိပါသည်။ ထို့ အတူ ဦးခင်မောင်ဆွေ ဘာဆိုသည်ကို ဦးခင်မောင်ဆွေ သိပါသလား ။
ဒီကိစ္စနှင့်ပါတ်သက်လို့ ...."အသိဘူး အသိဘူး တားတား ဘား မှ အတိဘူး " ဆိုပြီး ကြက်တောင်စည်းစည်းကာ ခေါင်းခါခါလည်ခါ ခါဖြင့် ခါးတောင်းကျိုက် ၊ သနပ်ခါးပါးကွက်ကြား မျက်နှာနှင့် တော့ မဖြေလိုက်ပါနှင့် ။ ခင်ဗျားတို့ ဓါတ်မီးပညာရှင်တွေ အဖွဲ့ ကို
အထင်နည်းနည်းလေးကြီးခဲ့ဖူးသဖြင့် မိမိ၏ ညံ့ဖျင်းမှုကိုအပြစ်တင်နေသော ကျွန်ုပ်အတွက် မသက်သာလွန်းလှသဖြင့် ဖြစ်ပါတော့၏။ တကယ်တော့ ဦးခင်မောင်ဆွေ အောင်နိုင်ဦး တို့ နှင့် အခြားအခြား သော ဓါတ်မီးပညာရှင်များ လေလည်သူများ သိထားဖို
့လိုသည်မှာ Compromise လုပ်သည်ဆိုသည့် ကိစ္စသည် give in လုပ်ခြင်းမဟုတ် အမျိုးသားသွေးစည်းညီညွတ်ရေး ၊ ခေတ်မှီပြီး ငြိမ်းချမ်းကြွယ်ဝ သာယာဝပြောထွန်းကားသော နိုင်ငံတော် တစ်ခုဖြစ်ရေး ၊ ပြည်ထောင်စုမပြိုကွဲရေး ဆိုသည့် အနှစ်သာရများကို
တကယ်လိုလားပါလျှင် သက်ဆိုင်ရာ အင်အားစုများ တစ်ဖက်ပေါ်တစ်ဖက် အနိုင်မယူ အထက်ဆီးမှ ဓါးမမိုးပဲ အေးအေးသက်သာ တိုင်းပြည်အကျိုး လူထုအကျိုး တစ်ခုတည်း ဦးထိပ်ထားကာ ဆွေးနွေးနိုင်ပါသည် သို့ မဟုတ်ပေလည်း ခေါင်းချင်းဆိုင်ကာ
ခြေကန်ဝှေ့ နိုင်ကြပါသည်။
ကျွန်ုပ်သည် မည်သည့်အခါကမျှ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ကို အားကိုးအထင်ကြီးခဲ့ဖူးသည့် ၀က်သားတုတ်ထိုးသည်မဟုတ်ပါ။ အမဲအူပြုတ်ရောင်းရင်း မိမိ၏ လှီးရမည့် ကြက်သွန်မြိတ်ကို စဥ့်နှီတုံးပေါ်တင်ကာအဘိဓမ္မာဖြင့် ကျကျ နန လှီးရင်း
နေစောင်းလျှင် အဖြူလေး တစ်စိတ်လောက်ဆွဲရန်သာ မူ ကျကျ တွေးတော နေတတ်သော ပေါ်လစီကိုအာမခံ သည့် ပညာရှင် တစ်ဦးဖြစ်ပါသည်။
ခင်ဗျားတို့ လွှတ်တော်ထဲက လုပ်တာ ကျွန်ုပ်အနေဖြင့် မြင်လိုလှပါသည်။ အင်မတန် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဒင်ပြည့်ကျပ်ပြည့်ဖြင့် ငတိ တွေပါလား ဟုတော့ ကျွန်ုပ်က မှတ်ချက်မပေးပါ။ ပြည်သူလူထု တရပ်လုံးက ဘောင်းဘီချွတ်တွေကို မဲ မပေးဘူးဟု
သင်တို့ အပိုင်တွက် သည်ဆိုလျှင် ၂၀၀၈ အခြေခံ ဥပဒေကို လေးရာ့တစ်အား လက်မှတ်ထိုးထွက်လာသော သူ လို ဟုတ်ပါဘူး နောက်အလုပ်ရဘူး ပြောတာ ပါ တား က ဒါနဲ့ပဲ လက်မှတ်ထိုး လိုက်တာ ဟု မိမိကိုယ်မိမိနှင့် ပြည်သူလူထုကို ဆက်၍
အတည်ပေါက်နှင့် ညာကြမည်ဆိုလျှင်တော့ ................................ဟွန့် ဘိုကျီး ဘောင်းဘီချွတ်..... လွှတ်တော်ထဲမှာ လုပ်မယ် လွှတ်တော်ထဲ မှာလုပ်မယ် ....ဟု ဆိုသည်ကိုသာ စိတ်အာရုံဖြင့် ကြားနေမိပါတော့သည်။
တုတ်ကြီး တာဝတိံသာ
ဘာယဲ ဘယ်ယဲ နှင့် ရှားလိုက်တဲ့ဖြစ်ချင်း ကြွက်ပျင်းများသဖွယ်
Thursday, October 8, 2009
စိမ်းမှောင် အုံ့ ဆိုင်းနေသော သစ်ပင်တို့သည်ကား ယခုအခါ ရော်ရွက်ဝါတို့ ဖြင့် တချို့ စိမ်းဝါဖျော့တချို့ ၀ါလွင် ....ဤမှာဖက်ခြမ်းရှိ အကာသ လောကတခွင်သည်
လွမ်းမောဘွယ်ရာ ခပ်ပြေပြေဆေးသားဖြင့် ရေးချယ်ထားသော ဆောင်းဦးပန်းချီကားချပ်ပမာ...........။
အဲသလို အဖွင့်ကလေးနဲ့ ရာသီဥတုပြောင်းလဲလာပုံကို ရေးမည်ဟု စိတ်ကူးပြီး ရေးလက်စကို ခဏချကာ ကော်ဖီအိုးကလေးတစ်အိုးပြေးတည်လိုက်၏။
ထို့နောက် ငွေတောင်ဆေးပေါ့လိပ် ဖင်ပွပွလေးကို ထင်းရူးသေတ္တာလေးပေါ်တွင် တတောက်တောက် ဖမ်း ဆောင့်လိုက်ပြီး ကွန်ပြူတာအစုတ်ကလေး
ဖြင့် ဂူးဂယ်လ် စာမျက်နှာကိုဖွင့်လိုက်မိ၏။
ဘာရယ်မဟုတ် သတင်းလေးများတက်ဖတ်၊ ကာတွန်းလေးများ တက်ဖတ်၊ ဘာဝနာပွားစရာကလေးများတက်ရှာနှင့် အင်မတန်တော့ လောကဓါတ်ထွန်းကားမှု
အကျိုးက များလှပေ၏။
ဂူးဂယ်လ်တွင် မြန်မာ စာဖြင့်ရေးသားထားသော တရား နှင့်စပ်ဆိုင်သည့် စာစုကလေးများ ရှာကြည့်လျှင်တော့ ငြိမ်းချမ်းပေစွ ဟု သဘောတော်ရှိ အာရုံရသည့်အတိုင်း ဝေဒနာဆိုသည့် စကားလုံးကို ရိုက်ရန် သဝေထိုး အားစတင်၍ ရိုက်လိုက်မိသည့်သကာလ........... မြတ်စွာဖြား......
ကျွန်ုပ်၏ စက္ကုအာရုံကိုပင် သံသယဖြစ်မိလောက်အောင် ပေါ်လာသော စကားလုံးများ က ဖျားဖွယ်လိလိ...။
သို့နှင့် ကဲလေ ဥပေက္ခာပြုမှဖြစ်မပေါ့... ဟု ကိုယ့်ကိုယ်ကိုယ် ဆုံးမကာ ဝေဒနာကိုရိုက်ကာ ဟိုဟိုသည်သည် ကောင်းနိုးရာရာ ဓမ္မနှင့်စပ်ဆိုင်သည့်
အင်တာနက်စာမျက်နှာကလေးများကိုလည်ပတ်လိုက်မိ၏။
ထို့ နောက် လူမှုရေး ဆိုင်ရာ ဆိုသည့် စကားလုံးကို ရှာလိုသည့်စိတ်ဖြင့် လ ဆိုသည့် အက္ခရာကို ရိုက်လိုက်မိတော့ ... အိုး မိုင် ဂေါတောပလ္လင်...
ဘူးဘုရား...အာနန္ဒာ....။
ကျွန်ုပ်တို့ လူမျိုးများ ထိုကဲ့သို့ တက်ကြွစွာ ရှာဖွေ ထားကြသည့်စကားလုံးများပါပေတကား..။
သိလိုလျှင် ကျွန်ုပ် ပြောသည့် သဝေထိုး နှင့် လ ဆို သော အက္ခရာကို တလုံးချင်း တခါချင်း ရိုက်ရှာကြည့်လိုက်လျှင် ဂူး ဂယ်လ်မှ အကြံပြုသောစကားလုံးများကို
ဝက်တုတ်ကွေး တန်းဖြစ်ချင်စဖွယ် မြင်ရမည်ဖြစ်ပေ၏။
ကဲပါလေ.... ပုထုဇဉ်တွေပဲပေကိုး ဟု သဘောထားလျှက်၊ မိမိတို့မြန်မာစကားလုံးများကို တလုံးချင်း လိုက်ရိုက်လိုက်မိကာ ရေးလိုသည့် စကားပြေလိုလို
ဝတ္ထုလိုလို အစပျိုးမှုကလေးအား ဘေးချိတ်ကာ ဟိုဟိုသည်သည်ရှာမိရာက ဘာလဲ ဆိုသည့်စကားလုံးဆီသို့ရောက်သွားတော့၏။
နေရာပေါင်း ငါးသောင်းငါးထောင် တွင် ဘာလဲ ဟူသော စကားလုံးတွေ့ ရ၏။ ထို့ နောက် ဘာလဲ နောက်တွင် ပုဒ်ပိုဒ် တစ်ချောင်းခံကာ ဘယ်လဲ ထပ်ထည့်ပြီး
ရှာကြည့်လိုက်မိ၏။ ထိုအခါ နေရာပေါင်း တစ်သောင်းနှစ်ထောင့်နှစ်ရာ ရှိသော ဘာလဲ၊ ဘယ်လဲ ကြီးများ ပေါ်လာလေတော့၏။ထို့ အတူ ဘယ်လဲ ၊ ဘာလဲ ဆိုသည့်စကားစုကလည်း တစ်သောင်းနှစ်ထောင့် နှစ်ရာအတိ ဖြစ်ပြန်ပေ၏။
ပထမဆုံး မြင်ရာ ဆယ်ခု က ၊ ကိုဟ၀ှာ ဘာလဲ ၊ ဘယ်လဲ ။
မဟိုဒင်း ဘာလဲ၊ ဘယ်လဲ ၊ ဟိုဒင်းဟိုဟာ ဘာလဲ၊ဘယ်လဲ စသည်ဖြင့် ....ဘာလဲ ဘယ်လဲ ပါဝင်သော ခေါင်းစဉ်များ ဖြစ်ပေ၏။
ဒီတော့ ကျွန်ုပ်ငယ်ငယ်က အဘိုးဖြစ်သူ၏ ဓမ္မမိတ်ဆွေ လူ့ ဂွစာ အဘိုးကြီးများက တရားဆွေးနွေးမှုပြုသော ညခင်း ကင်းတဲ ပေါ်တွင် တောင်ဝှေးသိုင်း ကွက်ဖြင့် အဘိဓမ္မာကို လေးနက်သွေးထွက်စေသောကိစ္စအားပြန်သတိရမိ၏။
ဦးလှ နဲ့ ဦး ၀ ဆိုကြပါစို့...။
ဦးဝက အလောင်းဘုရား မဟုတ်သော်လည်း မုဆိုးဖို ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာလှပြီဖြစ်၏။
ဆောင်းည ပိုင်းများရောက်လျှင် ကျွန်ုပ်တို့ ရပ်ကွက်ကင်းတဲ တဖြစ်လဲ ဆွမ်းချက်ဇရပ် ကြီးပေါ်တွင် လူစည်ကားပေ၏။
ရပ်ကွက်တွင်းရှိ သက်ကြီးဝါကြီးများက ညရှစ်နာရီမှ ဆယ်နာရီ ၀န်းကျင်အထိ ရေဒီယိုကလေးနားထောင် လျှက် စကားပြောကြ ၊ ဆွေးနွေးကြ မြဲဖြစ်၏။
ထိုညက ဦးလှ က ဗုဒ္ဓ၀ါဒ ဆိုင်ရာပုံတိုပါတ်စများ ကို ကျွန်ုပ်တို့  လူမမယ်များအား ဟောပြော ပို့ ချနေ၏။ ဦးဝ ကတော့ ထုံးစံအတိုင်း ရေနွေးအိုးမီးထိုးကာ မီးဖိုဘေး မှ ကုက္ကို ပင်အမြစ်ကြီးပေါ်တွင် တောင်ဝှေးကိုလက်နှစ်ဖြင့်ထောက်လျှက် ထိုင်နေ၏။
ပုံပြင်ကလေးကတော့ ရဟန်းတပါးက ခရီးသွား တဦးကိုတွေ့ ရာတွင်မေးသော ပုံပြင်ဖြစ်ပေ၏။ သိပ်တော့ မမှတ်မိတော့။
ထိုပုံပြင်အရ ရဟန်းက ခရီးသွားအားမေး၏ ။ ကျွန်ုပ်တို့ ခေတ်စကားဖြင့် လွယ်လွယ်ပြန်ပြောရလျှင်ဖြင့် ကား...
'ဟဲ့ ဒကာ နင် ဘယ်က လာ လဲ' ဟု ရဟန်းကမေး၏။
'ဘယ် ကလာမှန်းမသိပါဖြား' ဟု ဒကာကဖြေ၏။
ထိုအခါ ရဟန်းက ဆက်မေးပြန်၏ ။ 'ဒါဆို နင် ဘယ်ဒိုး မတုန်း '
'ဘယ်ညောင်းရမှန်းမသိကြောင်းပါဖြာ့' ဟု ဒကာကပြန်ဖြေ၏။
ဤတွင် သံသရာ ကိစ္စကို ဦးလှ ကအကျယ်တ၀င့်ရှင်းပြ၏။ ထို သို့ ရှင်းပြချိန်တွင် ရေဒီယိုကို စူးစူးစိုက်စိုက်နားထောင်နေသော ဦးဝ တယောက် မျက်စောင်းတထိုးထိုးဖြင့် ဦးလှ ကိုကြည့်နေသည်ကို မီးတောက် မီးရောင်တို့ ၏ အလင်းဖြင့် မြင်နေရ၏။
ဦးလှ က ကျွန်ုပ်တို့ အား ရှင်းလင်း ဆုံးမပြီးသည်နှင့် တပြိုင်နက်ထဲ ဦးဝ ကို ကြည့်ကာ လေသံမြှင့်၍ 'ဟေ့ င ၀ မင်း ဘယ်ကလာတုန်းကွ ' ဟု ခပ် သောသော မေးလိုက်၏။
ဦးဝက မဖြေချင့်ဖြေချင်ဖြင့် ဦးလှကို စိတ်ပျက် သော မျက်နှာပေးဖြင့်ကြည့်ပြီး 'အမေ့ ဗိုက်ထဲကဟေ့ အဖေ လည်နေကျလမ်းကြောင်းက နေ ခုန်ဆင်းလာတာ' ဟု ဖြေလိုက်၏။
ကျွန်ုပ်တို့  တသိုက်လည်း သိပ်နားမလည်သော်ငြား ဦး ၀ ၏ ဘုဆတ်ဆတ် ဖြေလိုက်ပုံနှင့် မျက်နှာပေးကြောင့် လိုက်ရယ်မိ၏။
ဦးလှက ဒီတွင် မရပ်သေး 'ဒါဆို နင် ဘယ်သွားမတုန်း' ဟု ဆက်မေးပြန်သေး၏။ ဤ တွင် ဦးလှ ကို ဦးဝကကြည့်ကာ ခပ်တင်းတင်း ပင် 'မင်းနှမ ဆီးသွားရာလမ်းကြောင်းကို ချောင်းပေါက်အောင်သွားပြီးရင် တော့ သချိုင်္င်းကုန်း က ဂိတ်ဆုံးဟေ့ ' ဟု ဖြေလိုက်သောအခါ
ပြုံးပြုံး ပြုံးပြုံးဖြင့် ဓမ္မကထိက လုပ်နေသော ဦးလှသည် မပြောမဆို ခုံဖိနပ် ကုန်းကောက်ကာ ဦးဝ၏ ပြောင်နေသော ထိပ်ကို ထုပါတော့၏။
ထိုညက ဦးလှရော ဦးဝ ပါ ထိပ်ကွဲ ခေါင်းပေါက်ဖြစ်ကာ တရား ဘာဝနာ ဆွေးနွေးပွဲလဲ လအတန်ကြာ ဆိတ်သုန်းသွားခဲ့တော့၏။
ကျွန်ုပ်တို့ ထက်အသက်ကြီးသော ကာလသားများက ထိုအချိန်မှစ၍ ဂစ်တာ တဒေါင်ဒေါင်ဖြင့် စောစောစီးစီး ကင်းတဲ ကို မောင် ပိုင်စီးခွင့်ရတော့၏။
ခုလည်း သတင်းဌာနအမျိုးမျိုး လူပုဂ္ဂိုလ် အထွေထွေတို့ ရေးသားသော ထို ဘာလဲ ဘယ်လဲ နှင့် ဆုံးသည့် ခေါင်းစဉ် များ ကို လိုက်ဖတ်ကြည့်ရင်း ဦးလှ အား ဦးဝ ဖြေသလို အဖြေမျိုးကို သံခမောက်ဆောင်းကာ ..မမေးပဲ ဖြေချင်စိတ်ဖြစ်လာမိပါတော့၏။ တကယ်တော့ ကျွန်ုပ်တို့ လူမျိုးများ ၏ ရှားပါးမှု ကား ပြောဖွယ်မရှိတော့ပေတကားဟု ပင် ဖြေတွေးတွေးရမည်အံ့ထင်၏။
တုတ်ကြီး တာဝတိံသာ
ဖြောင့်ညာညာ တဲ့ ဖြာ့ညောင်ညောင်
Monday, August 17, 2009
ကိုဂျင်ဝက်ဟာ စစ်သားတစ်ယောက်ဖြစ်ပါတယ်။
ဗီယက်နမ်စစ်ပွဲမှာ အရာရှိ ငယ် တစ်ယောက်အနေနဲ့ အမှတ် ၅ မရိန်းတပ်ရင်းမှာ တာဝန်ကျခဲ့သူဖြစ်ပါတယ်။ အမေရိကန်တိုက်ခဲ့တဲ့စစ်ပွဲတွေ တော်တော်များများရဲ့ ထုံးစံအတိုင်း ဗီယက်နမ်ကို ၀င်တိုက်ခဲ့တာလဲတရားသောစစ်ပွဲမဟုတ်ခဲ့ပါဘူး။
မတရားသောစစ်ပွဲမှာ ရွတ်ရွတ်ချွံချွံတိုက်ခဲ့တယ်လို့ ယူ ဆရတဲ့စစ်သားတယောက်တော့ဖြစ်သလို သူ ရ ထားတဲ့ စစ်ပွဲနဲ့ဆိုင်တဲ့ သူရဲကောင်း တံဆိပ်တွေကမနည်းဘူး။
ပြီးတော့ သူဟာ အမေရိကန်ရေတပ်မတော်မှာ Secretary of Navy အဖြစ်လဲ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို စာအုပ်တွေ တော်တော်များများလည်း
ရေးခဲ့သူပဲ။အမေရိကားမှာ သူ့ ဟာနဲ့ သူတော့ အဆင့်နေရာတစ်ခု ကြွယ်ဝမှု တစ်ခု နဲ့ အလုပ်ဖြစ်နေတဲ့သူတယောက်ဖြစ်ပြန်သလို လူရိုသေရှင်ရိုသေထဲက တယောက်လဲဖြစ်ပါတယ် ။
သူ့ ရဲ့ ဇနီးအားလုံးဟာ သူ့ အဆင့်နေရာနဲ့သူ လူရိုသေရှင်ရိုသေတွေဖြစ်ပါတယ။် နောက်ဆုံး တတိယဇနီးဖြစ်တဲ့ ဗီယက်နမ် လူမျိုး ဇနီးကအစပေါ့။လေးစားဖွယ် ဂုဏ်ပုဒ်တွေနဲ့လူတယောက်ပါ။
သို့သော် သူ မြန်မာနိုင်ငံကိုသွားခဲ့တာရဲ့နောက်ပိုင်း သတင်းစာရှင်းလင်းပွဲက သူ့ စကားတွေကိုပြန်ကြည့်ကြရအောင်လား ။
"With respect to Aung San Suu Kyi, I don't want to take the risk of misrepresenting her views but I would say to you it was my clear impression
from her that she is not opposed to lifting some sanctions," Webb said.
"I can say it was my impression from listening to her in the conversation that there were some areas that she would be willing to look at," he told reporters in Bangkok.
အထက်ပါအတိုင်း ကိုဂျင်ဝက် က ပြောခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် နှုတ်က ထုတ်ပြောခဲ့တဲ့ စကားမဟုတ်တဲ့  သူ့ ရဲ့ ဆန္ဒစွဲနဲ့ သူလိုရာလမ်းကို ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ သူ့ အမေရိကန် အစိုးရ လိုက်လာနိုင်အောင် ခင်းတဲ့ခြေခင်း ဖြစ်ပါတယ်။
ပိတ်ဆို့ ရေးတွေ ဖွင့်ဖို့ မဖွင့်ဖို့ ကို အကြောင်းအရာတစ်ခုအနေနဲ့ အလေးအနက်ထားပြီးကျုပ်မဆွေးနွေးပါဘူး။
ဒီနေရာမှာ ဆွေးနွေးချင်တာ အလေးအနက် ပြောချင်တာတချက်ပဲရှိပါတယ်။
နအဖ ကို မလိုလားသူတွေရဲ့ အမေရိကန် ကို အားကိုးမှု၊ အမေရိကန်အစိုးရသာ အာနိုးကြီးကို မျက်နှာအိုးမဲသုတ် စက်သေနတ်ကြီးလွယ်ခိုင်းပြီး မုဒိန်းတပ်ဖွဲ့ နဲ့  မိုးကျရွှေကိုယ်တွေလို လေထီးနဲ့ခုန်ချ နောက်တော့ ဘကြီး သန်း ကို ၀င်ဖမ်းရင်ဖြင့်ဘယ်လို...ရော့ကက်ကြီးနဲ့ ပျဉ်းမနားကိုလှမ်းပစ်လိုက်ရင်တော့ ဘယ့်နှယ်
အဲသလို အဲသလို စိတ်ကူးတွေယဉ်ကြတဲ့ လူတွေကတမျိုး ၊ အဲသလို တွေမလုပ်ပေးနိုင်ဘူးသိပေမယ့် နှစ်စဉ် အမေရိကန် က ချပေးတဲ့ ရံပုံငွေနဲ့ အလုပ်ဖြစ်နေတဲ့ ဆရာတွေက တဖုံ ပေါ့။
ခုတော့မြင်ကွင်းက ရှင်း သွားသလောက်ရှိပါပြီ ကိုဂျင်ဝက်ဆိုတာ အမေရိကန် အစိုးရရဲ့ တကယ့် စီနီယာ ကြီးတယောက်ပါ ။ အဲသလို စီနီယာ တယောက်က စကားပရိယာယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တကယ်ပြောဆိုခဲ့တာတွေ မဟုတ်ပဲ သူ ခံစားလိုက်မိတယ် အာရုံရလိုက်ပါတယ် လို့ လူလည်ကျပြီး နအဖ
နဲ့အကွက်ပေါင်းရွှေ့ ဖို့ လုပ်တဲ့ လုပ်ရပ်ကို ကြည့်ချင်းဖြင့် မရိုးသားတဲ့ ခြေကွက်တွေနဲ့ ယခု အိုဘားမား ရုံးအဖွဲ့ က မြန်မာ့နိုင်ငံရေးကွင်းမှာ ၀င်ကစားတော့မှာ သိပ်မြင်သာထင်သာလာပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ကစားမှာလဲ ဘယ်အတိုင်းအတာအထိ ၀င်လာမှာလဲဆိုတာကတော့ နအဖ ဖက်က ဘာတွေ ပြန်ရွှေ့ ပေးမလဲ ဆိုတဲ့အကွက်အပေါ်မှာ အများကြီးမူတည်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပုံစံကျတဲ့ စစ်မှန်တဲ့  လမ်းကြောင်းပေါ်ကစတင်ဖို့ အမြဲ ကမ်းလှမ်း ပြီး ဖွင့်ထားပေးတဲ့ သူပါ ။
သို့ သော် အဲဒီလို အမျိုးသားပြန်လည်သင့်မြတ်ရေး တံခါးကိုဖွင့်ထား ပေးတဲ့ အမျိုးသားခေါင်းဆောင် တယောက်၊ အနိုင်ရ ပါတီကခေါင်းဆောင်တယောက်ကို ခုလို ဖမ်းဆီးချုပ်နှောင်ဆဲ ဖြစ်နေတာကိုလဲ ကိုဂျင်ဝက်မြင်လျှက်သိလျှက် ဖြစ်ပါတယ်။ ယုံကြည်ချက်ကြောင့်အကျဉ်းကျရသူတွေထောင်ပေါင်းများစွာ
အကျဉ်းစခန်းတွေမှာရှိနေတာကိုလဲသိပါတယ်။ ၂၀၀၇မှာ သံဃာတွေကို အရှင်လတ်လတ်ပစ်သတ်၊ ခေါင်းရိုက်ခွဲ ၊ ဆွဲထိုး ၊ ခြေထောက်နဲ့  ဆောင့်ကန်လုပ်ခဲ့တာတွေကိုလဲသိပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံ အတုအယောင်ကို အဓမ္မ လိမ်ညာပြီးလုပ်ခဲ့တာကိုလဲ သိပါတယ်။ အားလုံးကို သူ့ ဟာနဲ့ သူ သိပြီးသားဖြစ်သလို သူ မသွားခင်ကတည်းကလည်း CIA က Briefing ပေးပြီးသားဖြစ်ပါတယ်။
အမေရိကန် အားကိုးတဲ့ စိတ်ကူးယဉ်အိပ်ရာထဲက ဖိတ်စာအပြဲစနဲ့လူတွေအတွက်ကတော့ အထက်ကဆွေးနွေးချက်အတိုင်း ကို ဂျင် ၀က် ဟာ ဘာဆိုတဲ့ ရုပ်လုံးကို မြင်ကြမှာပါ။ ဒီတော့ ကိုယ့်အားကိုယ်ကိုးဖို့ အချိန်တန်ပြီ။ အမေရိကန်လဲ သူ့ အကျိုးစီးပွားအတွက် ပဲ ကြည့်တယ်။
တရုတ်လဲ သူ့ အကျိုးစီးပွားအတွက်ပဲကြည့်တယ်။ ကျန်နိုင်ငံတွေလဲ အလားတူပါပဲ။ သူတို့ အကျိုးစီးပွားအတွက် ကိုယ့်နိုင်ငံကိုယ့်လူမျိုးဆီက ရသမျှ ကို နှုတ်ယူ ထုတ်ယူသွားမှာတွေချည်ပါပဲ။ ဒီတော့ မမျှော်နဲ့ ။ ကိုယ်လုပ်စရာရှိတာကို ပြတ်ပြတ်သားသား ပဲ မမှိတ်မသုန် လုပ်ကြသင့်ပြီလို့ ပဲသတိပေးချင်ပါတယ်။
တုတ်ကြီး တာဝတိံသာ
ယဉ်ယဉ်လေး ပြော ရမယ် ဆိုရင်တော့ ဗျာ ဟောဒီမှာ .....ကလေးမဟုတ် အတွေးရှုပ်တော့
Sunday, August 16, 2009
ဘာကြောင့် Jim Webb လာသလဲ
အမေရိကန်ဟာ အမေရိကန်အကျိုးစီးပွားအတွက်လာတာဖြစ်သလိုနအဖဟာ လဲ နအဖအကျိုးစီးပွားအတွက် ဖိတ်လိုက်တာဖြစ်တယ်။
အဲဒီ ဖိတ်ကြားမှုရဲ့ ဟန်ပြကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ ပြောဆို ဖိအားပေးဖို့ လာသလိုလို မြန်မာနိုင်ငံရဲ့ လတ်တလော အမျိုးသားပြသနာကြီးဖြစ်တဲ့ ၂၀၁၀ အကြို ကိစ္စတွေကို ရှင်းဖို့လာသလိုလိုဖြစ်ပုံရပေမယ့် တကယ်တန်းပြန်ကြည့်ပါ။
တချို့ တို့ တွေ အိုဘားမားအရွေးခံရတုန်းက တကြိမ် ၀မ်းသာမျှော်လင့်ကြဖူးတယ်။ ခု Jim လာတော့တစ်ခါ မျှော်လင့်ကြတယ်။
သူမြန်မာပြည်ကို သွားတာရဲ့ root cause နဲ့ Intention က ဘာလဲ စဉ်းစားကြည့်ကြပါစို့။
သူဟာ နအဖ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားမှုနဲ့ လာတာဖြစ်တယ်။သူ့ကို တွေ့ ကြသူတွေက နအဖရဲ့
key players တွေအကုန်ဖြစ်တယ်။
ကျုပ်တို့ ဘကြီး ဦးသန်းရွှေကြီးကိုယ်တိုင်ထွက်လာပြီး ဟေ့ ဟောဒါကတော့ ရွှေ မန်း ဟောဒါကတော့ မောင်အေး ဟောဒါကတော့ ကျော်ဆန်း အဲသလို တယောက်ချင်းကို ရှေ့ က လက်ဟန်ခြေဟန်နဲ့ မိတ်ဆက်ပေးပြီးတွေ့ တာဖြစ်တယ်။
ဝမ်းပမ်းတသာ ပြုံးပြုံးကြီးကိုဖြစ်တယ်။ အိုဘားမားဆိုတာဟာလဲ street politics ကို ကျေညက်တဲ့သူဖြစ်တယ်။ ဇိမ်ခေါင်းနဲ့တွေ့ ရင် အောက်ဈေးနဲ့ ညှိနိုင်သူဖြစ်တယ်။ လူမိုက်နဲ့တွေ့ ရင် တပည့်မွေးနိုင်သူဖြစ်တယ်။ သူတကယ်မလုပ်နိုင်တာတွေ ကတော့ သူ ပြောခဲ့သလိုဖြစ်တယ်။
ကမ္ဘာ့ အစဉ်အလာ ပြောင်းလဲလာမှု
သူ့ အကျိုးစီးပွားအတွက် သူ၊ သူ့ မိသားစု၊ သူ့ အသားအရောင်၊ သူ့  ပါတီ ၊ သူ့ နိုင်ငံအတွက် သူဟာ ရေကုန်ရေခမ်းစွတ်တင်ပြီး သမိုင်းလှအောင် လုပ်မယ့်သူဖြစ်တယ် (ဆိုလိုတာ ပထမဆုံးအမဲသမ္မတ ဖြစ်တဲ့ သူနဲ့
သူတို့ အမေရိကန်ရဲ့ အထွေထွေသမိုင်းနော်)။ ခု ကမ္ဘာ့ ခေါင်းဆောင်နိုင်ငံကြီးတွေရဲ့ လှုပ်ရှားပြောင်းလဲမှုတွေ ၊ အကွက်ရွှေ့ မှုတွေကို မျက်ခြေမပြတ်ရင် တွေးမိမှာပါ။ ကုလ က အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းဆိုတာလဲ နယူးယောက် မှာရှိတဲ့ ကုလ ဌာနချုပ် စားသောက်ဆိုင်တန်း က ဆူရှီသည်လောက်တောင်
သြဇာရှိတာမဟုတ်ဘူး။အဲသလိုပြောလိုက်လို့  ဘန်ကီမွန်း ကို ခေါင်းမှာ ဂျပန်စာရေးထားတဲ့အ၀တ်ဖြူကြီးစည်းလို့  ဆူရှီ လိပ်တဲ့  ဂျပန်ရိုးရာ တောသားတွေဝတ်တဲ့ ကီမိုနို တပိုင်းနဲ့  အေပရွန်ကြီး ချိတ်ပြီး ဓါးတလက်နဲ့စပ်ဖြဲဖြဲ ငါးလှီးနေတယ်လို့တော့မျက်စိထဲမမြင်လိုက်ပါနဲ့။
စကားကိုပြန်ဆက်ရရင် အမေရိကန် စတော့ခ် ဈေးကွက်ရဲ့ ကပြောင်းကပြန်ဖြစ်နေမှု မတည်ငြိမ်မှု ၊ ရွှေ အပါအ၀င် အဖိုးတန် သတ္တုဈေးနှုန်း ၊ လောင်စာဆီ ၊ လူသုံးကုန်ပစ္စည်း ၊ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်းတွေရဲ့ sector တစ်ခုခြင်းကိုပြန်ကြည့်လိုက်ရင် အမေရိကန်ဟာ ကမ္ဘာ့အလည်မှာအထည်ကြီးပျက်ဖြစ်နေတာ
ဖြစ်တယ်။ အဲဒီ အထည်ကြီးပျက်ဘ၀ကနေ ငမွဲတွေ ကို ငွေတိုးချေး အပေါင်ခံ အမြတ်ယူတဲ့အလုပ်ကို ပါးပါးလေး ပြောင်းယူနေတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်။ သူ့ မှာ စစ်လက်နက်ပစ္စည်းနဲ့နည်းပညာဆိုင်ရာအရ နံပါတ်တစ်လို့ ကမ္ဘာမှာပြောလို့ ရပေမယ့် စီးပွားရေး၊ ကျန်းမာရေး ၊ လူမှုရေးဆိုင်ရာ factors တွေက ဥရောပ ဘုံအဖွဲ့
ရဲ့နောက်မှာဖြစ်တယ်။
တပြိုင်နက်တည်း တရုတ် နိုင်ငံ၊ အိန္ဒိယ နိုင်ငံ နဲ့ အာစီယံနိုင်ငံတွေရဲ့ အလုအယက် ထိုးတက်လာတဲ့ တိုးတက်မှုတွေ ကို လည်းသူမြင်နေရတယ်။ ဒီတော့ အမေရိကန် မှာရှိတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံခြားရေးရာ နဲ့အတူ အမေရိကန် တောက်လျှောက်တင်လာတဲ့ လူ့ အခွင့်အရေးအလံကို မသိမသာ မိတ်ကပ် လိမ်းအရောင်ပြောင်းရတဲ့ဘ၀ကိုရောက်လာတယ်။
အာဖဂန် စစ်ပွဲဟာ အီရတ်စစ်ပွဲနဲ့ မတူပါဘူး ။ အီရတ်စစ်ပွဲဟာ သဲကန္တာရ ထဲမှာဖြစ်တဲ့မြေပြန့်စစ်ပွဲပါ။ အီရတ် ရဲ့ တပ်မတော်ဟောင်းဟာ လဲ အာဏာရှင်ရဲ့တပ်ဖြစ်ခဲ့တယ်။ ဒီတော့ အာဏာရှင်တွေရဲ့ စစ်တပ်တွေက တပ်သားတွေဟာ တိုင်းချစ်ပြည်ချစ်စိတ်မရှိတဲ့ စိတ်ဓါတ်ပျက် တပ်မတော်ဖြစ်လေတော့ အမေရိကန်ဟာ သူ့ရဲ့ FIREPOWER ကို ကောင်းကောင်း
အသုံးချပြီး ရက်ပိုင်းအတွင်း ဘက်ဂဒက်ကို ၀င်သိမ်းနိုင်ခဲ့တယ်။ လူ့ အခွင့်အရေး အလံကို အမြင့်ဆုံးလွှင့်ထားတဲ့အမေရိကန်ဟာ သုံ့ပန်းတွေကို လိင်စိတ္တဇဝေဒနာသည်ဆန်တဲ့ လုပ်ရပ်တွေနဲ့ အဆိုးဆုံးလူ့ အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အီရတ် ပြည်သူလူထု အသိဆုံးပါ ။ သို့ သော်အာဖဂန် ရဲ့ စိတ်ပိုင်းဆိုင်ရာအနေအထားနဲ့ အာဖဂန် လွတ်မြောက်ရေး
သမားတွေရဲ့ ရပ်တည်မှုက အီရတ်နဲ့မတူပါဘူး ။ ဒီတော့ အမေရိကန် တပ်မတော်ဟာ အာဖဂန် မှာ ခုထိ လက်နက် အင်အား နည်းပညာ အင်အားသာသော်လည်း နှာခေါင်းကျည်ပွေ့ တွေ့ နေတုန်းဖြစ်ပါတယ်။တပြိုင်နက်ထဲမှာ အီရတ်မှာ ပြန်ထကြွလာကြတဲ့ ဘာသာရေးအလံထူထားတဲ့  ခုခံတော်လှန်သူ အင်အားစုတွေဟာလဲ နေ့ စဉ်နဲ့အမျှ အားကောင်းလာသလို
နည်းဗျူဟာလည်းကြွယ်ဝလာတာတွေ့ ရပါတယ် ။ အမေရိကန်တပ်မတော် အီရတ်က အကုန်ပြန်ဆုတ်ပြီး လေးနှစ်အတွင်း ပြည်တွင်းစစ်ကြီးတခုထပ်ဖြစ်လာနိုင်ပါတယ်။ အာဖဂန် ပြသနာနဲ့ အီရတ်ပြသနာကို အမေရိကန် နိုင်ငံရဲ့ နိုင်ငံရေးပါတီကြီးနှစ်ခုလုံးကောင်းကောင်းသိပါတယ်။ သူတို့ သုံးခဲ့တဲ့ စစ်စားရိတ်တွေနဲ့ အမေရိကန်ဟာ အထည်ကြီးပျက်ဖြစ်လာရတာလဲ
တကြောင်းအပါအ၀င်ဖြစ်ပါတယ်။
တရုတ်၊ ကုလား ၊ အိုဘားမား နှင့် အမေရိကန် ပေါ်လစီ
ဒီတော့ အမေရိကန် က အိုဘားမားရုံးအဖွဲ့ ဟာ နအဖ နဲ့အင်မတန် ပတ်သက်စကားပြောချင်နေကြတာဖြစ်ပါတယ်။ မြန်မာ့သယံဇာတ နဲ့လူသားအရင်းအမြစ်ဟာ အမေရိကန်လိုနိုင်ငံအတွက် ကြီးကြီးကျယ်ကျယ်မက်လောက်စရာမရှိပေမယ့် ဒေသန္တရ ဆိုင်ရာ မဟာဗျူဟာမြောက်မှုကို ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတွေမှာ မြန်မာနိုင်ငံက ပိုင်ဆိုင်ထားပါတယ်။
ကမ္ဘာ့ရေပြင်ကြီးကို ပြိုင်ဖက်မရှိလွှမ်းမိုးထားနိုင်တဲ့အမေရိကန် ဟာ မြန်မာနိုင်ငံလို တိုင်းပြည်ကို မွေးစားလိုက်ခွင့်ရရင် သူ့ ရဲ့ အဆင့်နေရာနဲ့ သြဇာလွှမ်းမိုးမှုကို ပို ချဲ့ ထွင် နိုင်လာမှာဖြစ်သလို တရုတ်နဲ့အိန္ဒယ ကိုလည်း အချိန်မရွေး လှမ်းထောက်ထားလို့ ရတဲ့ အနေအထားဖြစ်ပါတယ်။
တဖက် က တရုတ်ဟာ ကွန်မြူနစ်ပျက် နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အမျိုးသားဆိုရှယ်လစ် လမ်းကိုသွားနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဦးဆောင်တဲ့ လူရိုက် ၊ ထမိန်ရုပ်၊ ဇိမ်ခန်းထောင်၊ လူမိုက်မွေး ၊ ပစ္စည်းသိမ်း၊ လောင်းကစားရုံထောင် တဲ့ မဟာဗျူဟာကြီးတွေနဲ့ စစ်အာဏာရှင်နိုင်ငံငယ်လေးတွေမှာ အလကားမတ်တင်းနဲ့ သွေးစုတ်နေတဲ့
တရုတ် နိုင်ငံဖြစ်ပါတယ်။
တရုတ်ဖက်က ပြန်မေးစရာတွေရှိလာပါလိမ့်မယ် ။ ဒါဆို တခြား ထိုင်းတို့ အိန္ဒိယတို့ က ၀င် ပြီးအမြတ်ထုတ်တာကျတော့ အိုကေတယ်ပေါ့ ဟ လား.... ဟု မေးလာနိုင်ပါတယ်။ မအိုကေပါဘူး .....။ သို့ သော် ကွန်မြူနစ် အလံ ထူထားတဲ့ တော်လှန်တဲ့ ပါတီတရပ် ဦးဆောင်နေတယ်ဆိုတဲ့နိုင်ငံဟာတော့ အဲသလောက် အောက်တန်းမကျသင့်ပါဘူးဆိုတဲ့
အမြင်နဲ့ ဆွေးနွေးတာဖြစ်ပါတယ်။
စကားကို ပြန်ပြီး အစသပ်ရမယ်ဆိုရင် Jim လာတာဟာလဲ သူ့ အကျိုးစီးပွားအတွက်ဖြစ်တယ်။ မြောက်ကိုရီးယား ကိစ္စကို တဖက်လှည့်နဲ့ မြန်မာ စစ်တပ်ကိုသုံးပြီးထောက်လှမ်းရေးအချက်အလက်တွေ လာယူတာပဲ ဖြစ်တယ်။ တဖက်က ယက်တော ကို ပြန်ခေါ်သွားနိုင်တယ်ဆိုတဲ့ သံတမန်ရေးအောင်မြင်မှုကိုအကြောင်းပြတာလဲဖြစ်တယ်။ ဒါဟာလဲ stereotype ပါပဲ
impress ဖြစ်လောက်စရာမရှိပါဘူး ။ ဇရက်တောင်ပံကျိုး က စောင့်နေတုန်း ကြောင်ခံတွင်းပျက်က ရောက်လာတာပါပဲ ။
အကျဉ်းချုပ် အချက်အလက်အနည်းငယ်ကိုဆွေးနွေးပါမယ်။ မိတ်ဆွေများ လည်း မပျင်းအောင် ကျနော်လဲ လက်မညောင်းအောင်ပေါ့။
စကားကိုဆက်ရမယ်ဆိုရင် ဒေသဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုတွေအစပျိုးဖို့ အတွက်
လာတဲ့ သံခင်းတမန်ခင်းလဲဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကို မြန်မာပြည်သူလူထုကြီးကလွဲလို့  တကမ္ဘာလုံးက ကိုယ်ကျိုးစီးပွားကိုပဲကြည့်တဲ့ နိုင်ငံတိုင်းက အဆင်ပြေစေချင်ပါတယ်။ ဖြစ်မြောက်စေချင်ပါတယ်။ နအဖ စစ်အာဏာရှင် ထာဝရ မြန်မာနိုင်ငံမှာ တည်ရှိ အနိုင်ကျင့်နေတာသူတို့ အတွက်ပြသနာမဟုတ်ပါဘူး ၊အဲဒီပြသနာက ကျနော်တို့ မြန်မာပြည်သူပြည်သားတွေအတွက်သာ ဖြစ်ပါတယ်။ သူတို့ အတွက်ကတော့ ဘာဖြစ်ဖြစ် ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားတဲ့ အသင်းအဖွဲ့  ဆိုရင် နောက်မှာ မာဖီးယား ပဲ ရှိနေရှိနေ ၊
သူတို့  အနေနဲ့အသိအမှတ်ပြုဆက်ဆံ အမြတ်ထုတ်မှာဖြစ်ပါတယ်။ တောင်အမေရိကား နိုင်ငံတစ်နိုင်ငံမှာ အစိုးရကို ပြန်ဆန့် ကျင်တဲ့သူပုန်တွေကို အမေရိကန်က အထူးတပ်ဖွဲ့ တွေပို့ ပေးပြီး ကူခဲ့ဖူးပါတယ်။
ရွာလုံးကျွတ်ကိုလည်း မီးရှို့ သတ်ခဲ့တာတွေရှိပါတယ်။ အမေရိကန်ဆိုတာဟာ တကယ်တော့ သူတို့ ဟာသူတို့ လူ့ အခွင့်အရေးအလံထူပြီး ကမ္ဘာပတ်ပြီးရမ်းနေတဲ့  လူယဉ်ကျေး ၀တ်စုံထဲက မာဖီးယားနိုင်ငံပဲဖြစ်ပါတယ်။
ဒီတော့ သူတို့ အမေရိကန်ဟာ တရုတ်တွေလိုပဲ သူတို့ တိုင်းပြည်အတွက် ကမ္ဘာ့မြေပုံပေါ်က တက္ကဆက် အရွယ်အစားလောက် မြန်မာပြည်လေးမှာဆင်းရဲ မွဲတေ စုတ်ပြတ်နေတာတွေ ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အားလုံးသောယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူတွေ
အဲသဟာတွေကို တကယ်တန်း သူတို့ရဲ့ algorithm မှာ ထည့်တွက်ထားတာမဟုတ်ဘူး ဒီတော့ သူ့ အလုပ်သူလာလုပ်ပြီး သူ့ အကျိုးစီးပွားအတွက် အပြန်အလှန်အာမခံချက်တွေပေးဖို့ လာတာယူဖို့ လာတာပဲဖြစ်ပါတယ်။
ပန်းတိုင်မပျောက်ရေး
ကျနော်တို့ မြန်မာလူမျိုးများလဲ မျှော်ရပေါင်းများလို့  လည်ပင်းညောင်ရေအိုးတွေဖြစ်နေကြပါပြီ။ မမျှော်ပါနဲ့ ၊ အမေရိကန်လာသွားပြီး သူ့ လူ သူခေါ်ထုတ်သွားလို့ လဲ ဒေါသမဖြစ်ပါနဲ့ ။ သူ့ ကိစ္စသူလုပ်တာပါ ။ ကျနော်တို့ ကိစ္စကတော့ စစ်အာဏာရှင် စနစ်ကြီး သက်ဆိုးရှည်မယ့်ကိစ္စမှန်သမျှ ကို ဆန့် ကျင်နိုင်တဲ့ နည်းနဲ့ ဆန့် ကျင်နိုင်သလောက်ဆန့် ကျင်သွားကြဖို့ပါပဲ။
၂၀၁၀ မဖြစ်ဘူး မပြောနိုင်သလို ဖြစ်မယ်လဲ တထစ်ချမပြောနိုင်ပါဘူး။ ခုလောလောဆယ်မှာ မြန်မာ့မြေပုံကို မြင်ယောင်ကြည့်ပါ မြောက်ပိုင်းအဖွဲ့ တွေ နဲ့ စစ်အာဏာရှင်အစိုးရကြားမှာတင်းမာနေပါတယ်။ အဲဒီတင်းမာမှုကို နအဖ ဟာ ယာယီ အနေနဲ့ပြန်လျှော့ဖို့ ကြိုးစားမှာပါ ။ ရဟန်းသံဃာတွေဟာ ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် အဘ ဦးတင်ဦးတို့ နဲ့မခြား သူတို့ သီတင်းသုံးတဲ့ကျောင်း သင်္ခန်းတွေမှာ အနှစ်သာရအရ အကျယ်ချုပ် ကျနေကြတာဖြစ်ပါတယ်။ အကျယ်ချုပ်ကျနေတဲ့  ရဟန်းသံဃာပေါင်း လေးသိန်းကျော်ရှိပါတယ်။ တပ်မတော်ကို စိတ်ပျက်ပြီး လတ်တလောအခြေအနေတွေ ဆုံးပါတော့လို့  ဆုတောင်းနေကြတဲ့  တပ်မတော် က အရာရှိအရာခံအကြပ်တပ်သားတွေဟာလည်း သိန်းနဲ့ချီရှိပါတယ်။
အလယ်တန်းကနေ တက္ကသိုလ်အထိ တက်နေတဲ့ ကျောင်းသားကျောင်းသူပေါင်း သန်းချီရှိပါတယ်။
နအဖ စစ်အာဏာရှင်ကို မကြောက်ချင်တော့တဲ့ အဲဒီ ဘ၀ဆိုးကြီးကို
ခါးသီးနေ တဲ့ပြည်သူလူထုတွေကလေးဆယ့်ကိုးသန်းခွဲလောက်ရှိပါတယ် ။ ကျန်တဲ့ နအဖ နဲ့ပတ်သက် ပြီး အဆင်ပြေနေတဲ့ သူတွေ ၊ နအဖ အမာခံတွေက လွဲလို့  တကယ်တန်း က အားလုံးသော အသက်ရှင်ရပ်တည်နေသူအပေါင်းက စစ်အာဏာရှင်စနစ်ဆိုးကြီးကို မလိုချင်တော့ပါဘူး။
ထို့ အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ လည်း ရှိနေသေးသလို ၊ အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ထောင်ထဲ မှာ ထည့်ထားခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိနေပါသေးတယ်။ မူလတန်းအဆင့် ဓါတုဗေဒ စကားနဲ့ပြောရမယ်ဆိုရင် ကျနော်တို့ မှာ အောက်ဆီဂျင်တွေလဲရှိနေတယ် ဟိုက်ဒရိုဂျင်တွေလဲရှိနေပါတယ်။
မှန်ကန်အချိုးညီ တဲ့ ပေါင်းစပ်ချက်နဲ့သာ ပေါင်းစပ်လိုက်ရင် အင်မတန်ကြီးမားတဲ့  မိုးသက်မုန်တိုင်းနဲ့ပင်လယ်ကြီးတွေ နေ့ ချင်းညချင်းဖြစ်လာပြီး အဲဒီကတဆင့် ကြီးမားတဲ့  ဆူနားမိလှိုင်းလုံးကြီးတွေနဲ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက် ရှင်းလင်းပစ်နိုင်မှာပါ။
အတိုက်အခံဆိုသည်
နောက်ဆုံးတခု ဆွေးနွေးချင်တာကတော့ ထိုင်းနယ်စပ်နဲ့တကွ နိုင်ငံတကာရောက်ရှိနေကြတဲ့  ဆရာသမားများက ကိုယ့်ကိုယ်ကိုယ် အတိုက်အခံ အတိုက်အခံဆိုတဲ့အသုံးအနှုန်းတွေ ကို လှိုင်လှိုင်သုံးနေသလို သတင်း ဌာနတွေ ကလည်း အတိုက်အခံဆိုတဲ့စကားကိုသုံးနေတာတွေ့ ရပါတယ်။
ဘယ်ပုံဘယ်နည်းနဲ့အတိုက်အခံလို့  အသိအမှတ်ပြု ပြီးသုံးလာကြသလဲဆိုတာတော့ ကာယကံရှင်တွေပဲသိမှာဖြစ်ပါတယ်။ NLD အတွက်လဲ အတိုက်အခံမရှိသေးပါဘူး ။ ပြည်ပ ကလူတွေအနေနဲ့လဲ အတိုက်အခံဆိုတာတကယ်တော့မဟုတ်လှပါဘူး။ နအဖဟာလည်း လွှတ်တော်မှာ တရားဝင် လူထုရွေးကောက်တင်မြှောက်မှုနဲ့ အာဏာရလာတဲ့
တရားဝင်အဖွဲ့ အစည်းလဲ မဟုတ်ပါဘူး ။ အတိုက်အခံဆိုတာ လွှတ်တော်တွင်း ဟိုဘက်ခြမ်းဒီဖက်ခြမ်း ထိုင်ပြီး မူ တခု ပေါ်လစီတစ်ခု အပေါ်မှာ နိုင်ငံတော်ဆိုင်ရာအရေးအရာတစ်ခုပေါ်မှာ ကိုယ် ယုံကြည်ရာ ကိုယ် ကိုင်စွဲရာ ပေါ်လစီ အတွက် ရပ်တည် ဆွေးနွေးပြီး ကိုယ့် မူ ကိုယ့်ပေါ်လစီ ကို အာမခံသူတွေကို ခေါ်ပါတယ်။
အတိုက်အခံရော အာဏာရ ပါတီရောဟာ တနည်းတဖုံ လူထု ကို သူ့  အဓိပ္ပါယ်နဲ့သူကိုယ်စားပြုပါတယ်။
နှစ်နှစ်ဆယ်ဆိုတဲ့ ကာလအတိုင်းအတာကလေးက ပကတိအဖြစ်မှန်တွေကို မှုန်ဝါးသွားလောက်အောင် မစွမ်းနိုင်ပါဘူး ။ Illusions တွေကို မျက်စိမှိတ်ပြီး ဒါဟာတော့ reality ပဲလို့  လူထုကိုဝိုင်းညာဖို့ မကြိုးစားသင့်ပါဘူး။ညာနေကြတာကိုလဲ လူထုက စိတ်ပျက်လက်ပျက် နဲ့ ရွံ ရှာတဲ့မျက်လုံးတွေနဲ့စောင့်ကြည့်နေတာပါ။
တကယ့်အနေအထားမှာက ကျနော်တို့ တိုင်းပြည်ရဲ့အရေးအရာမှာ အတိုက်အခံဆိုတဲ့ ဝေါဟာရ ကို သုံးဖို့ ရာတော်တော်ဂွကျပါတယ်။
NLD ပါတီဟာ ပြည်သူလူထုကို ခုထိ ကိုယ်စားပြုနေတုန်းဖြစ်သလို နအဖဟာလည်း ခုအထိ ပြည်သူလူထုကို အဓမ္မ နိုင်ထက်စီးနင်းပြုလုပ်နေတဲ့အင်အားစုဖြစ်ပါတယ်။ ပြည်ပ နဲ့နယ်စပ်ကိုရောက်လာကြတဲ့ သူတွေဟာလည်း စစ်အာဏာရှင်ကို တနည်းတဖုံဆန့် ကျင်နေကြတဲ့ဆန့် ကျင်ရေးသမားတွေဖြစ်ပါတယ်။
တော်လှန်ရေးသမားလား အတိုက်အခံလား ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိကြတော့တဲ့အခါ အတွေးအခေါ်ရှုပ်သွားတဲ့အခါ နအဖ ဆီက သနားသမှုနဲ့ပေးများပေးလာမလားဆိုတဲ့ ကုလားထိုင်ကိုမျှော်တော်မူတဲ့စိတ်ဓါတ်တွေဟာ အဲဒီက လဲ တနည်းအားဖြင့် ဖြစ်တည်လာပါတယ်။
ပြည်သူလူထုတရပ်လုံးအတွေးအခေါ်ရှင်းအောင် ပြောရမယ်ဆိုရင်ဖြင့် နအဖ စစ်အာဏာရှင်လား ၊ နအဖ စစ်အာဏာရှင်ရဲ့ အကိုင်းအခက်လား ၊ နအဖ စစ်အာဏာရှင်နဲ့ အခြေအနေတစ်ခု ကို အတူ ဖန်တီးယူနေကြသူတွေလား ဆိုတာနဲ့ ဒီဖက်က ဆရာများလဲ ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေးသမားလား၊
နိုင်ငံရေး အမှတ်တံဆိပ်တပ်ထားတဲ့ ကော်ပိုရေးရှင်းပိုင်ရှင်တွေလား ၊ နအဖ စစ်အာဏာရှင်နဲ့ ဝေစားမျှစားအတွက် သွားရေတမြားမြားကျ အမြီးနှုန့် တအီအီအသံပေး ခေါင်း ကလေးတွေ ကို တိုးဝှေ့ ပွတ်သပ်ပြီး ထိပ်ပုတ်ခေါင်းပုတ်ခံရေးအတွက် စွမ်းစွမ်းတမံကြိုးစားနေသူတွေလားဆိုတာကိုတော့ ပြန်ဆန်းစစ်ကြဖို့ နောက်မကျသေးဘူးဆိုတာ
အသိပေးရင်း ကျနော့်ဆွေးနွေးချက်ကို ဒီမျှနဲ့ဆယ်မိနစ်စာဆွေးနွေးပြီး နိဂုန်းချုပ်လိုက်ပါတယ်။ပြောရမယ်
ပြင်ရမယ် တွက်ချက်ကြမယ်ဆိုရင်တော့ ကုန်နိုင်ဖွယ်မရှိသလို ဆက်လက်လဲလုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။
တုတ်ကြီး တာဝတိံသာ
မှတ်ချက်။ ။ အသည်းဘ၀င်က ဆဲချင်လှသော်လည်း မိတ်ဆွေများ၏ စိတ်အနေအထား ညိုးလျော်မည်စိုးသဖြင့် မိုးပေါ်ကိုသာ မော့ကြည့်ရင်း သီချင်းတပုဒ်ဖြင့်နားရင်းအုပ်ချင်စိတ်အားဖျောက်ထားကာ ထောက်ထားညှာတာမှုအနည်းငယ်ဖြင့် ယခုဆောင်းပါးအား ရေးသားလိုက်ပါသည်။
ဂေါပက ဘောမ များနှင့် အနာဂတ် မြန်မာပြည်
Friday, August 14, 2009
ကျွန်ုပ် သည် ဆရာတော်ဘုရားကြီး ၏ ကျောင်းတော် ၀ိဟာရ်မှ အ၀တ်တစ်ထည်ကိုယ်တစ်ခု ဖြင့် ထွက်ခွာလာခဲ့ သူဖြစ်၏။
ကျွန်ုပ်၏ ခရီးမစမှီ တွင် ဆရာတော်ဘုရား အားခြေဆုပ်လက်နယ်ပြုပေးပြီးသကာလ ၊ ကျွန်ုပ်၏ ခရီးလမ်းနှင့်ပတ်သက်ပြီး တင်လျှောက် အသိပေးလိုက်၏။
ဆရာတော်ဘုရားက မည်သည့် စကားတစ်စုံတရာမှ မိန့် ကြားတော်မမူခဲ့။
ထို ညနေ ခင်း မှောင်ရီ ဖြိုးဖျတွင် ဆရာတော့် ကို ဦးချ ၀တ်ပြု၍ တိတ်ဆိတ်စွာပင် ထွက်ခွာလာခဲ့၏။
ကျွန်ုပ်၏ လမ်းခရီးတလျှောက်တွင် မေတ္တသုတ်ကို ရွတ်ဆိုခြင်း မောရသုတ်ကို ရွတ်ဆိုခြင်း ပဌာန်းဒေသနာကြီးအားရွတ်ဆိုခြင်းဖြင့် လိုရာသို့ချောမောဆိုက်မြိုက်စွာ
ရောက်ရှိလာခဲ့တော့၏။
တောပန်းတောင်ပန်းကလေးများ ကို ခူးကာ ၀ါးဆစ်ဘူးကလေးထဲ တွင်ထည့်လျှက် မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးအား မနောညွှတ်အာရုံပြုပြီး
'ယသာနုဘာဝတော ယက္ခာ.....' အစရှိသဖြင့် ရွတ်ဆို သရဇ္ဖယ်ပြီး လင်းအားကြီး မနက် လေးနာရီတွင် ဘုရားဝတ်ပြု၏။
----------------------
ရင်ဘတ်တွင် စွန်းလွန်းဆရာတော်ဘုရားကြီး ဓါတ်ပုံလေးအား ပလတ်စတစ်လောင်းကာ အ၀တ်ကြိုး ကလေးဖြင့် ဆွဲထားသော ကျွန်ုပ် မောင်တုတ်ကြီးသည်
ညာဘက် ပုခုံးတွင်လွယ်ထားသော မောင်းပြန် သေနတ်ကြီးဖြင့် တော အလည်တွင် မောတယ် မငြီးနိုင်အား။
လှုပ်ရှားစစ် ၏ သဘောသဘာဝအတိုင်း နေ့စဉ် စစ်ကြောင်းလျှောက်ရ၏။ညီရင်းအကိုသဖွယ် ဖြစ်သော ယုံကြည်ချက်တူ ဘ၀တူ ဖြူစင်သော ရဲဘော်ရဲဘက်
များဖြင့် တသွေးထဲ တသားထဲ လက်ရေ တပြင်ထဲ ရှင်သန်ခဲ့၏။ တိုက်ပွဲပေါင်းများစွာကိုလဲ အပင်ကောင်းကောင်း နောက် တွင် ပုန်းလျှက် ချောင်းကြည့်ခဲ့ဖူး၏။
ခံစစ်ကုန်းတိုက်ပွဲများတွင်လည်း အခြေအနေမကောင်းလျှင် ထပြေးရန်အတွက် အမြဲ အသင့်ဖြစ်ခဲ့ဖူး၏။
--------------------------
တကယ့်တကယ်တွင်တော့.....
ကျွန်ုပ် မောင်တုတ်ကြီးသည် ဘုန်းကြီးကျောင်းပညာရေးဖြင့် သဂြိ င်္ုလ် တန်း နှစ်နှစ်ကျလောက်အောင် ညံ့ဖျင်းသော်လည်း ကိုယ့်ကိုယ်ကိုယ်တော့ ဓမ္မကထိက
လောက် စိတ်နေမြင့်သူဖြစ်၏။တိပိဋကဓရ တစ်ဦးလောက်လဲ ကုံလုံကြွယ်ဝသူဟု အထင်ရှိ၏။
အမြဲတန်းပြုံးပြုံးကြီးနေကာ မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ၊ ဥပေက္ခာ ဖြင့် ဗြဟ္မစိုရ်တရားလက်ကိုင်ထားကာ နှိမ့်ချ နားလည်တတ်သော သူဖြစ်၏။
-----------------------------
ယင်းကဲ့သို့ သော တုတ်ကြီးဆိုသည့် ပုဂ္ဂိုလ်သည် အဘယ်အကြောင်းကြောင့်များ ဖရုဿဝါစာ ကြမ်းတမ်းယုတ်ပတ်သော စကားများအား ပြောထွက်ရလေသနည်းဟု
ဆရာတော်ဘုရားသာ သိခဲ့လျှင် သံဝေဂဖြင့်သာ ဆင်ခြင် တွေးတောလိမ့်မည်ဖြစ်ပေ၏။
ကျွန်ုပ် တွင် ပုဂ္ဂိုလ်ရေး ရန်သူ မရှိ၊ အဘယ်ကြောင့်ဆိုသော် ကြောက်တတ်သည့်နေရာတွင် ယုန် ပေါက်စ က စိတ်ပျက်ရလောက်အောင် ဖြစ်၏။ စကားလည်း တနေ့လုံး နေ၍မှ တလုံးမပြောသည့်အတွက်
သာလိကာ စိတ်ပျက်ရသော သတ္တ၀ါ တကောင်ဖြစ်ပြန်ပေ၏။
၁၉၈၈ ခုနှစ် တွင် ကျွန်ုပ် ဘုန်းကြီးကျောင်းသား ကလေး မောင်တုတ်ကြီး၏ နုနယ် ငယ်ရွယ်သော အသည်းဆိုင်ကို မွမွခြေလိုက်သည့် ဖြစ်စဉ်များ ကြောင့် လူမမယ် မောင်တုတ်ကြီး လေး တယောက်
ဆရာတော်ဘုရားနှင့် တောရ ကျောင်းကလေးကို လမ်းခွဲ၊ ဆီဦးထောပတ်ခဲဖွယ်ဘောဇဉ်များကို နောက်ချန်ရစ်၊ ခပ်ခွာခွာက တဖက်သတ် ချစ်ရသော ဘုတ်ဆုံကို ပစ်ခွာ၊ ထိုကဲ့သို့သော ဘ၀နှင့်မတန်သည့်
စွန့်လွှတ်ခြင်းများအား ကိုယ့်သဘောနှင့်ကိုယ် လက်ခံခဲ့ပြီး မည်သည့်အခါတွင်မှလည်း ငါ ကတော့ စွန့် လွှတ်လာတာလကွယ့်ဟု လူကြားထဲရောက်တိုင်း ထထ အသံကောင်းမဟစ်။
ကျရာနေရာ မှ တာဝန်ပေးရာကို မခိုမကပ် ၊ မငြီးမငြူ ပဲ နေထိုင် လိုက်နာခဲ့သည့် အညတရ ကလေးတယောက်ဖြစ်ခဲ့၏။
သို့သော် အနှီ မောင်တုတ်ကြီးဆိုသည့် လူငယ်ကလေးဘ၀မှလာသည့် ယခု မောင်တုတ်ကြီးသည်ကား အဘယ်အကြောင်းကြောင့်ပီယ၀ါစာစကားများ
အားမဆိုတတ်မပြောတတ်တော့လောက်အောင်ဖြစ်ရသနည်းဟူမူ..အကြောင်းရင်းကား ဤသို့ တည်း.....
------------------------------------
အကျဉ်းချုပ်ကာ ပြောရလျှင်ဖြင့်............
၁၉၉၀ ရွေးကောက်ပွဲ ၊ NLD အပြတ်အသတ်နိုင်၏။ အမတ်များ နယ်စပ်ထွက်လာ၏။ ပြည်ထောင်စု အစိုးရ ဖွဲ့၏။ နှစ်လမကြာခင် ၀န်ကြီးချုပ် ဦးသန်းကြွယ် တယောက် ရွှေတောင်ခြေမှာနေရစ်တော့... ဆိုသည့် သီချင်း ကို ညည်းကာ
ပြန်ပြေးတော့၏။ ဒေါက်တာစိန်ဝင်းတက်လာ၏။ အဲသည်တုန်းကတော့ တုတ်ကြီးတို့မှာ အားကိုးလိုက်ရတာ မျှော်လင့်လိုက်ရတာပေါ့ တို့ အစိုးရကြီးပေါ့........။
ဥက္ကဌ ရဲဘော်နိုင်အောင်ကလဲ ဇာတိစပြ ၏။ ရန်သူကိုစိတ်နာအောင်လုပ်နဲ့ ... ဟွန့် ... ဆိုပဲ။
၁၉၉၄ ကာလတွင် ကား များလှစွာသော ကျန်ရှိနေသည့် အဖွဲ့ အစည်းများ စစ်အာဏာရှင်နှင့် အပစ်အခတ်ရပ်ဆဲ၏။ ၁၉၉၅ နောက်ပိုင်းကာလ မာနယ်ပလောကျ၏။အဖွဲ့အစည်းအားလုံး ဖရိုဖရဲအဖြစ်ဆုံးထဲတွင် မ.က.ဒ.တ လို ကျောင်းသားအဖွဲ့ အစည်းအတွက်
အထိအနာဆုံးဖြစ်၏။ ကျန်အဖွဲ့ အစည်းများလည်း အထိနာကြသည်မှာပြောဖွယ်မရှိ ။ သို့ သော် မ.က.ဒ.တ အထိအနာဆုံးပြောရသည်မှာ ကား မိမိတို့ ရှိနေပြီးသော တပ်ရင်းများ သည်ကား အပစ်အခတ်ရပ်ဆဲလိုက်ပြီဖြစ်သော တိုင်းရင်းသား တို့၏ နယ်မြေများတွင်
လှုပ်ရှားရသောကြောင့်ဖြစ်၏။
၁၉၉၆ ကျောင်းသားများ ၏ အရေးတော်ပုံဖြစ်ပေါ်၏။
၁၉၉၈ ဒေါ်အောင်ဆန်းစုကြည် အားမြစ်ဝကျွန်းပေါ်ခရီးတွင် စစ်အာဏာရှင်က ပိတ်၏။
၂၀၀၃ တွင် ဒီပဲယင်းအရေးအခင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ အတူပါလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များအား လုပ်ကြံသတ်ဖြတ်မှုဖြစ်၏။
၂၀၀၇ ခုနှစ် သံဃာတော် အရှင်သူမြတ်တို့၏ ကျက်သရေရှိလှသော ဦးပြည်းစိမ်း များအား ၀ါးရင်းတုတ် ဆင်းသက်တော်မူ၏။သံဃာတော် အလောင်းများ ဒေါပုံ ချောင်း ၊ လှိုင်မြစ်ဝတို့တွင် ပေါလောပေါ်၏။ သံဃာ့ အာဇာနည်တို့အား ထောင်သွင်းအကျဉ်းချ ရိုက်နှက် ကန်ကျောက်၏။
၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက်၏ ။ လူနှစ်သိန်း ကျော် နေ့ ချင်း ညချင်း သေဆုံးခဲ့သည်မှာ နတ်စိမ်းလောကတွင် ရှန်ပန်းနီ ပင် ဈေးဆယ်ဆ ခုန်တက်သွားသဖြင့် မနှဲလေးတို့ အထည်ဆိုင် အင်မတန်အလုပ်ဖြစ်သွား၏။
ထို ၂၀၀၈ နာဂစ်မုန်တိုင်းကာလကြီးတွင်ပင် နအဖ စစ်အာဏာရှင်က နိုင်ငံတကာ အကူအညီများအား လက်မခံယုံမက ရလာသော အလှူများကို သူတို့ အမည်သညာကပ်ကာ ပဏာဝင်ယူသေး၏။ ထို့နောက် ယင်းတို့ရေးဆွဲထားသော တဖက်သတ် လမ်းပြမြေပုံနှင့် အခြေခံဥပဒေ ကို
လိမ်ညာ အတည်ပြု ခဲ့၏။ယခု တဖန် ယက်တောဆိုသည့် ပုဂ္ဂိုလ်အကြောင်းပြ၍ မတရားဖမ်းဆီး အနိုင်ကျင့်ချုပ်နှောင်ထားခံရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်း၏။ တရားစွဲ၏။ ထပ်မံ၍ မတရားစီရင်ချက်ချယုံမက ၊ "ဘ .. က တူမကြီးကို တနားယို့ "ဆိုသော အထာဖြင့်
အရှက်မရှိ လုပ်ပြန်၏။ ဒီကြားထဲ ရှစ်လေးလုံးနှစ်ပတ်လည် တွင် ဂျကာတာ ညီလာခံကြီးဆိုသည့် စာတမ်းများထွက်လာယုံမက ထိုအဖွဲ့ က ကိုမောင်မောင်တို့ ရေဒီယို တွင် NCUB ကို ကိုယ်စားပြုကာ အင်တာဗျူးသွား၏။
-----------------------------------------------------------------------------------------------
ကုလသမဂ္ဂမှ မြန်မာစစ်အာဏာရှင်အား ထိုင်ခုံသိမ်းရေး တုန်းက လေသံကတမျိုး ၊ ခု ကျတော့တမျိုး ။ နောက်တခါ NCUB ကို ကိုယ်စားပြုသော သူတယောက်၏ တရားဝင်စကားဖြစ်ပေ၏။
NCUB ဆိုသည့်အဖွဲ့ ထဲတွင် ပါသော အဖွဲ့ အစည်းများ အား ပြန်လည်လေ့လာပါ။ ကျောင်းသားတပ်မတော် ကအစ ပါဝင်နေသည်ဖြစ်၏။ ထိုကျောင်းသားတပ်မတော်၏ လက်ရှိ ဥက္ကဌ ရဲဘော်သံခဲတို့နှင့် လက်ရှိဗဟိုဦးဆောင်ကော်မတီက ထိုကိစ္စအား သဘောတူပါသလား ။
ကိုမောင်မောင်နှင့် ထပ်တူ သဘောထားရှိပါသလား ။ ဖထီးတို့ အဖူး တို့ ၏ ကရင့် တော်လှန်ရေးကရော ... ထိုကိစ္စတွင် သဘောတူညီမှုရှိပါသလား။
----------------------------------------------------------------------------------
ဒပ်ဘလင်ညီလာခံဆိုသည့် ညွန့် ပေါင်းအစိုးရ၏ ညီလာခံသို့ အဖွဲ့အစည်းများစွာတက်ရောက်ကြ၏။ ထိုတက်ရောက်ခဲ့သော ကာယကံရှင်တို့ ကိုယ့်ကိုယ်ကိုယ်သိကြမည်ဖြစ်၏။
ထိုသူများကရော တသဘောထဲရှိပါသလား။ ရှိလျှင်တော့ မည်သည့် တုန့် ပြန်မှု မှ ထွက်လာမည်မဟုတ်။ ဒီတော့ ယခု ကိစ္စတွင် ကျွန်ုပ်တုတ်ကြီး ဆဲခဲ့ခြင်းသည် ကား ရိုင်းသည်မှန်သော်ငြား နည်းပါသေး၏။
ဘာကြောင့်ဆဲသနည်း ။ သေသေချာချာ political development life cycle , trending, probability, scope , hypothesis များဖြင့် ရှင်းလင်း ဆွေးနွေးရင်ရောမဖြစ်နိုင်ဘူးလား.....ဟု မေးစရာရှိ၏။
ထိုကဲ့သို့ ကျွန်ုပ်က ကျကျနန data, graph, time line များနှင့် ဆွေးနွေးလာလျှင်လည်း ထိုသူများက သူတို့၏ လက်ကိုင်ဘုတ်အုပ်တော်ကြီးများဖြင့် လိုချင်သော အပိုင်းအစကလေးများအား ဖြတ်ညှပ်ကပ်ကာ မခိုင်လုံသော ဆင်ခြေများဖြင့်သာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား ရေးပြဿနာကို capitalize လုပ်ဦးမည်ဖြစ်၏။ စားတော့ ၊ နေတော့ ၊ တိုင်းရင်းသားများ ကျွေးတာ ၊ ပေးတာဖြင့် ပြီးတော့ တိုင်းရင်းသားများနှင့် အဖိနှိပ်ခံပြည်သူလူထုအား နားလှည့်ပါးရိုက်ကာ အသံကောင်းဟစ်ရင်း ဒီမိုကရေစီအရေးတော်ပုံကို နောက်ကျောဓါးနဲ့ ထိုးဖို့ ကြံ၏။ ဒေါ်အောင်ဆန်းစုကြည် ပြောသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ မောင်မောင်တို့  စိန်ဝင်းတို့ လုပ်မည့် လုပ်ဟန်မဟုတ်။ အနှစ်သာရမဟုတ်။ ချဉ်းကပ်နည်းမဟုတ်။
သိက္ခာရှိ၊ တရားမျှတ၊ ယုံကြည်မှု ပြည့်ဝ ၊ ခွင့်လွှတ်နားလည် နွေးထွေးမှုရှိသော စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်၏။
အခွင့်အရေးသမားများ၊ မျက်နှာဖြူကြီးများ၏ အလိုတော်အရ ကပြနေကြသော ၊ proposal politics ဖြင့် စိုပြေ ကြွယ်ဝနေသော လက်တဆုပ်လောက် ရှိသည့် လူတွင်ကျယ်များက ယခုကာလကဲ့သို့ တိုင်းပြည်နှင့်လူမျိုး ၊ အနာဂတ် မြန်မာ နိုင်ငံလုံးဆိုင်ရာ တပ်မတော်နှင့်အမျိုး ဘာသာ ၊ သာသနာ အကျိုးကို ထည့်တွက်မှုပင် အရင်းခံအရ လုံးဝ မရှိသည့် ကုလားထိုင်မျှထိုင်ရေး ကိစ္စရပ်အား သြဘာပေးရမည်ဆိုလျှင်တော့ ကျန်ရှိနေသေးသည့် အဖွဲ့ အစည်း များ ကိုယ်စီဖွဲ့ ထားကာ နောက်လိုက်ကိုယ်စီဖြင့် အမုန်းမခံလို သည့် ဂေါပက
များအနေဖြင့်သာ သြဘာပေး အမြီးနှုန့်ကာ လက်ဝါးခြင်းရိုက်ကြပါဟု ထပ်မံအသိပေးလိုက်ပါ၏။
လာပါဦးမည် အမေရိကန်လွှတ်တော် အမတ် နှင့် တွေ့ ဆုံဆွေးနွေးခြင်းနှင့်ပါတ်သက်သည့် သတင်းများ ..
သို့ သော် ထိုသတင်းများ၏ နောက်ကွယ် တွင် မြောက်ကိုရီးယားနှင့်ပတ်သက်သော ဆွေးနွေးအပေးအယူပြုမှုများနှင့် အတူ လူလည်ဝင်ကျလိုသော အမေရိကန်နှင့်
အမေရိကန် ကိုအသုံးချကာ အမြတ်ယူလိုသော စစ်အာဏာရှင်တို့  ၏ လက်ဝါးခြင်းရိုက် မှုအား လည်း မြင်ယောင်နေပါ၏။ နိဂုန်းချုပ် က တိုင်းပြည်အတွက်ကောင်းပါမည်လား ။
မကောင်းနိုင်ပါ။ ထို့ ပြင် မြောက်ပိုင်း မှ အဖွဲ့အစည်းများက စစ်ရေးမဟာမိတ်ပြုပြီးလေပြီ။ ယခု တခါ ပြည်တွင်းစစ်ကို တခွင်တပြင်ပြန်စလျှင်တော့ နအဖ အနေဖြင့် ခံနိုင်ဖွယ်မရှိ။ ပြည်တွင်း ပြည်သူ လူထု၏ မေတ္တာတော်နှင့် စောင့်ကြည့်နေမှု ကတဖက်၊ အင်အား ကောင်းကာ
မိမိနယ်မြေမိမိကာကွယ်သော တရားသောစစ်ကို ဆင်နွှဲမည့် တိုင်းရင်းသားများကတဖက်ဖြင့်...... ထို အခါ ရင်ကြားစေ့ ချင်သောသူများ ထပ်မံကာ အချိုးပြောင်း၍ ပုဆိုးရောင်းကြဦးမည်ဖြစ်ပေ၏။
ရှက်ဖွယ်လိလိ ပါတကား ဟရို့...ဟု သာ ကျွန်ုပ်မောင်တုတ်ကြီးတယောက် လေပြေကလေးနှင့် ဖရုဿဝါစာ မဆဲဆိုပဲ ညည်းလိုက်ပါဦးမည်ခင်ဗျား... မတော် ဂေါပကများ ၀တ်ဖြူစင်ကြယ်ထဲ ကျင်ငယ်ထွက်မတတ် မျက်လုံးပြူး မျက်ဆံပြူးကုန်ကြလျှင် .. ထိုနည်းလည်းကောင်း... အမိမြန်မာနိုင်ငံတော်ကြီး
မြန်မြန်ထွန်းကား တိုးတက်လာပေတော့မည်ကို အဆင်သင့်မဖြစ်ကြသေးသော သူများ ကလည်း မသဒ္ဒါရေစာများနင်သွားနိုင်ပေသေးသကိုး။
စကားမစပ် ကျွန်ုပ်တွေးမိသည်မှာကား...အမျိုးသားရင်ကြားစေ့ရေးဆိုသည်မှာ ယခုကာလတွင်တော့ အမျိုးသမီးရင်ကြားစေ့ရေးလောက် ရင်ခုန်ဖွယ်တော့ကောင်းမည်မဟုတ်။ မြင်ယောင်ကြည့်လိုက်ပါဦး ဘဘသန်းတို့ က တဖက် ကိုမောင်မောင်တို့က တဖက် ခန်းမကြီး တစ်ခုထဲတွင် တန်းစီကာ မျက်နှာချင်းဆိုင်
ရင်ကြားတွေစေ့နေကြရင်ဖြင့်...။
တုတ်ကြီး ခေတ္တ တာဝတိံသာ
မောင်မောင်၊ဘိုလှတင့် စိန်ဝင်းတို့ ၏ သိမ်ဖျင်းသော လုပ်ရပ်နှင့် အော်မလို့ လုပ်ရင်းကောင်းရင်း ဆရာများ
Sunday, August 9, 2009
မိုးကြိုးငှက်ငယ်လေးများ ၏ ကနဦး မူလ လက်ဟောင်းမိခင်ကြီး မာမီစိန်ဝင်း၊ မိဒွေးတော်ဂေါတမီ၏ ဟန်ပန် အတိုင်း ပဲပေး ညွှန်းဆို နေသော ဘိုလှတင့်နှင့် ကုတ်ချောင်းကုတ်ချောင်း အချီကြီးကြံကာ အလှပြင်ဆိုင် တက်သိမ်းရန်ကြံနေသည့်သောင်းထွန်း နှင့် အတူ ကျောက်ကုန်သည်လိုလို ဖာခေါင်းလိုလို ဖာဆွယ်လိုလို နှင့် မြန်မာ့ နိုင်ငံရေးဇာတ်ခုံပေါ်အား ထမီနားဆွဲကာ ပုဆိုးလှန်တက်လာသော မောင်မောင် တို့သည် အတိုက်အခံတို့၏ ခရေပွင့်အား ဆီ ပင် ဆွတ်ချိန်မပေးပဲ အား ရပါးရ၊ ထဲထဲဝင်ဝင် ပြည့်ပြည့်နှက်နှက် စွမ်းစွမ်းတမံ ခြွေလိုက်ချိန်တွင်ကား ဂျကာ တာ ညီလာခံကြီး ဟု ပေါ်ပေါက်လာပေတော့သတည်း။
အနှီကိစ္စအား ခရေစေ့တွင်းကျ ရှင်းရမည်ဆိုလျှင်................မောင်မောင်ခေါ်ပြည်သစ်ညွန့် ဝေသည်ကား လှဦး (မယားငယ် ဘရာစီယာဝယ်ပေးရာတွင် စံပြဆုရ ၀န်ကြီး)၏ လက်သုံးတော် ဘ၀မှ ပြည်ထောင်စု မြန်မာနိုင်ငံတော် ညွန့် ပေါင်း အစိုးရ ဟု ခေါ်ဆို တော်မူသော ဖာခေါင်း၊ အရက်သမား ၊ အခြောက် ၊ အငြိမ်းစား ချဲဒိုင်တို့ ၏ အဖွဲ့ တော်ကြီး အား ကပ်တွန်းတွန်းကာ ပဋိသန္ဒေပေးရန်အချီကြီးကြံခဲ့သည့် ကောင်တကောင်ဖြစ်ပေ၏။ ထိုကိစ္စအား ဂျီဘုန်းဘွဲ့ လွန် ရ ၀န်ကြီး ဘိုလှတင့် ဆိုသည့် ပုကွကွ ၀၀ မဲမဲ စပ်ဖြဲဖြဲ ဖြင့် မိခင် ဘာသာစကားအား လုံးစေ့ပါတ်စေ့မပြောတတ်တော့ပါသဖြင့် သိုးဆောင်းလိုပြောခွင့်ပေးရန် မြန်မာနိုင်ငံသားများ ၏ ညီလာခံတစ်ခုတွင် မေတ္တာရပ်ခံပြီး ငပိ ထောင်း လျှာလကာရေလောင်း၍ နှစ်ပေါင်းများစွာ စားသောက်လာခဲ့သည့် သုဘရာဇာ၏ လေသံဖြင့် ပွားများရသည်ကို ခံတွင်းတွေ့ နေသောကောင်က လုံး ၀ ဥဿုံ မဘုတ်ဆုံ ကြည်သည်မဟုတ်ပေ။
သို့ ဖြစ်သော်ငြား..........ယခုအခါ မောင်မောင်ဆိုသည့် ကောင်နှင့် ဘိုလှတင့် စိန်ဝင်း လင်မယား သည် အပေးအယူတည့်ကာ နိုင်အောင် ဟု အမည်သညာတွင်တော်မူသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအား ဖျက်ဆီးခဲ့သူ ခင်ဥမ္မာ၏ နောက်လင် နှင့် အပေးအယူတည့်ကာအနှီ သကောင့်သားတို့ သည်ကား ၀မ်းကိုက်ပိုး ရှစ်သောင်းလေးထောင် ထိုးနှက်မှုဖြင့် မနေနိုင်မထိုင်နိုင်အခင်းကြီးသွားတော်မူလိုချိန်တွင် အဟုတ်လိုလို အတည်လိုလိုဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ရွှေဂုံတိုင် စာတမ်းကြီးအား ဆွဲယူ ဆုတ်ဖြဲ ချီးကုန်း ရင်း ကုလသမဂဟု အမည်ရသော အိမ်သာ စုတ်ကြီးတွင် ပဲ့ပဲ့ကြီး ငုတ်တုတ်ထိုင်ကာ အားရပါးရ ၀မ်းတော်လားရင်း မှတ်သားဖွယ်ရာ ကိုးကား တော်မူလျှက် ၊ ဗ.က.ပ၊ ကေအန်ယူ ၊ မ.က.ဒ.တ ၊ ဗ.က.သ၊ သံဃာ့ ဘာညာ ဘာညာ အဖွဲ့ကြီး နှင့် အတူ အားလုံးသော အဖွဲ့ အစည်းများ ၊ ပေးဆပ်စွန့် လွှတ်သူများအား ၄င်းတို့ ၏ ငယ်မွေးခြံပေါက် ကျွန်သဘောက်များသဖွယ် အပိုင်ဆက်ဆံကာ မုဒိန်းကျင့် မယားပြု မောင်ပိုင်စီးခြင်းအား..... အားလုံးသော အတိုက်အခံအဖွဲ့ များ က ၊ ကျားဖင်ခွေးလိုး သည့်ယင်းအဖြစ်ကို အပိုးကျိုး စွာ ငြိမ်ခံနေကြသည်ကို လည်း အံ့သြ စွာ တွေ့ ရသည်ဖြစ်ပါသဖြင့် ဘဘကြီး သန်းရွှေသည်သာအခရာ ၊ ဘဘကြီးသန်းရွှေ ၏ မဲပြာ ရှုံ့ တွ ဘိုင်ယာဂရာ ကယ်တောင် မရတော့သော လီးတော်ကြီးအား ၀ိုင်းဝန်းစုတ်ကြရန် အတွက် အတိုက်အခံ ဖာသည် ဖာခေါင်း တိုင်းပြည်၏ အလားအလာရှိသော ခေါင်းဆောင်လောင်းများအားလုံးက တညီတညွတ်တည်း ချိုလိမ်စို့ သလို ဇိမ်တွေ့ နေကြသည်လည်း တမုံ့ ..............ဟု သာ ထင်မှတ်လိုက်ရပါတော့သတည်း။
တုတ်ကြီး (ခေတ္တ တာဝတိံသာ)
ပီတူတေဘာရုပ်နေယဲ
Friday, July 10, 2009
ပြည်သူတွေမှားတယ် လို့ ကိုကိုတို့  မမတို့ က ဆိုနေတဲ့သဘောမသက်ရောက်ဘူး
လို့ ယူဆချင်ပါတယ်။ ဒီမယ် ကိုလွဏ်းဆွေရေ....
မြန်မာနိုင်ငံမှာ ဗိုလ်အောင်ဆန်း ကို မဝေဖန်နဲ့
တီတီ စု ကို မဝေဖန်နဲ့ သူလေ လည်ရင်တောင်
'အို ...တီတီ ပေါက်တဲ့အီးလေးက သိပ်မွှေးတာပဲ'
လို့  ပြော.........။
မတော်ရင် ကိုယ်ကျိုးနည်းမယ်။
မြန်မာနိုင်ငံမှာ ဘဘသန်းရွှေကြီးကို မဝေဖန်နဲ့ စစ်တပ်က တစ်ရစ် အဆင့်ရှိတဲ့ကောင်ကိုတောင် မဝေဖန် နဲ့ ကျိန်းသေတာက ကိုယ်ကျိုးအပြတ်အသတ်နဲမယ်။
မော်စီတုန်း တို့ ခေတ်က ပြောခဲ့တဲ့ အာဏာဟာ သေနတ်ပြောင်းဝမှာရှိတယ်။
ခုအာဏာဟာ ၀ါးရင်းဒုတ်ဖျားမှာ သေနတ်တောင် မလိုဘူး ။
ဒီအနေအထားတွေဖြစ်လာရလောက်အောင်ပြည်သူလူထု
တရပ်လုံးဘာကြောင့် စိတ်ဓါတ်အခြေအနေတွေချွတ်ခြုံကျခဲ့ရသလဲ။
ကျိန်းသေတယ်။ နအဖကြောင့်ပဲ။ နအဖ ဘာကြောင့်ခုထိရပ်တည်နိုင်နေတာလဲ။ ကျိန်းသေတယ်
၁၉၉၀ ရွေးကောက်ပွဲကြီးမှာ ခုသူတို့ တွေ မေးနေတဲ့ပြည်သူတွေကဘာလုပ်နေသလဲဆိုတဲ့
စကားအမေးခံရတဲ့ ပြည်သူတွေက ပြတ်ပြတ်သားသား လှည်းနေလှေအောင်းမြင်းဇောင်းမကျန် လက်တွေ့ လုပ်ပြခဲ့ပြီးသားဖြစ်တယ် အဲဒီလက်တွေ့ လုပ်ပြခဲ့တဲ့ ပြည်သူရဲ့ယုံကြည်ကိုးစားလွှဲအပ်မှုကို ဘယ်သူတွေ ဖြုန်းတီးခဲ့သလဲ။
၁၉၈၈ အရေးတော်ပုံဆိုတာ အလကားဖြစ်လာခဲ့တာမဟုတ်ဘူး ။ ဒီတော့ နအဖ ခုထိ ရပ်တည်နေနိုင်သွားတာ NLD ကြောင့်ပဲ။
ဝေ့လည်ကြောင်ပတ် ထမင်းရေပူလျှာလွှဲတွေ ပြန်ပြောဖို့  မစဉ်းစားနဲ့ ဂန္ဒီခန်းမ ကိစ္စ မှာကတည်းက လည်း ပြည်သူတွေ က အောက်က ခန်းမကြီးကိုဝိုင်းကာပေးပြီး အစိုးရကြေငြာမယ် အထင်နဲ့ မြို့ နယ်အသီးသီးက အရွေးခံရသူတွေကိုလည်း
ဆိုင်ရာမြို့ နယ် တွေက မှာလိုက်ပြီး အားကျိုးမာန်တက်စောင့်ခဲ့ကြတယ်။
ဒီတော့စကားပြန်ဆက်ရရင် NLD ဘာကြောင့် ပေါ်လာတာလဲ။
ပြည်သူတစ်ရပ်လုံးကြီး အုံကြွ တော်လှန်ကြလို့ ။
အဲဒီ အရေးတော်ပုံကြီးကိုလဲ ဘယ်အသင်းအဖွဲ့ ၊ ဘယ် တဦးတယောက်ကမှ
ငါ တို့ ဦးဆောင်ခဲ့တာဆိုတဲ့ လေလုံးနဲ့ patent တင်ပြီး မူပိုင်လုပ်လို့ မရဘူး ။ အဲဒီ အင်မတန်ကြီးမြတ်တဲ့အရေးတော်ပုံကိုစခဲ့တဲ့ အသက်တွေ ဘ၀တွေ ပြည်သူတွေ ရဲ့ မျက်ရည်တွေ ၊
ခံပြင်းနာကျင်မှုတွေနဲ့ ကျည်ဆန်ကို ရင် ၀နဲ့ပြေးတိုးပြီး ပြတ်ပြတ်သားသားလုပ်ခဲ့ကြတာ ပြည်သူထဲက ပြည်သူတွေဖြစ်တယ် ၊ ကျောင်းသားဆိုတာလဲ ပြည်သူထဲက လူ့ အလွှာတစ်ခုဖြစ်တယ်၊
ဝန်ထမ်းဆိုတာလဲ လူ့ အလွှာတစ်ခုဖြစ်တယ် ။
အဲသလို လူ့ အလွှာပေါင်းများစွာ ၊ အသိရေချိန် အမျိုးမျိုးနဲ့ လူတန်းစားပေါင်းစုံပြည်သူလူထုကြီးတရပ်လုံး ဗြောင်းဆန်အောင် တော်လှန်အုံကြွလို့  အသည်းအသန် နှိပ်ကွပ်ခံရချိန်မှာ မာရီလင်မွန်ရိုး လဲ မပါဘူး ။ အမရာဒေ၀ီလဲမပါဘူး။ တီတီလဲ မပါဘူး။ တီတီတို့  ဦးထွန်းဝေကြီးတို့ တွေ ဟာ သင်္ကြန်ပွဲကြီးလို ဟွန်းတွေတီး လူတန်းကြီးတွေ ကားတန်းကြီးတွေနဲ့စကောတွေမှာ စာတွေရေး ၊ အခြောက်တွေ က အလှဖန်တီးရှင်များအုပ်စု ၊ အိမ်ရှင်မတွေကလဲ ယောက်မတွေနဲ့ထွက်လာတဲ့  ကာလ ပိုင်းမှာမှ
တီတီတို့ ထွက်လာတာ။
ဒါပေမယ့် တီ တီတို့ မထွက်လာခင် မှာ ထွက်လာနိုင်အောင် ထိုးကွင်း ထနိုင်အောင် ရှေ့ က ရင်ကော့ပြီးသေသွားကြသူတွေကဖင်ဆော့သူတွေမဟုတ်ကြပါဘူး(ကာရံသက်သက်အနေဖြင့်သာသုံးခြင်းဖြစ်သည် တခြား အနှစ်သာရမပါ ပါ)
ပြည်သူတွေပါ။ ဖြစ်ခဲ့တာအမှန်ကို ပြန်မြင်ကြည့်တာပဲဖြစ်တယ်။
မဲဆောက် က တောလန့် ရေး ဂေါက်ကြောင်တွေကတော့ နတ်စကားထွက်ကြည့်ပြီး ရောကျော်လုပ်နေတာပါ။
ဒီကောင်တွေကြောင့်၊ ဒေါ်အောင်ဆန်းစုကြည် ဆိုရင်ပဲ မိထွေးဖမ်းပြီး အပြတ်အသတ်တော်ပစ်ချင်တဲ့
ကောင်တွေကြောင့် ၊ တခါတခါ လက်လန်တယ်ခြေခွင်တယ် ဆိုသလို ဓါတ်ပျက်သွားခဲ့ကြရတဲ့အကြိမ်ပေါင်း နည်းတာမဟုတ်ပါဘူး။
ဒီတော့လဲ....ပီတူတွေဘာမအလုပ်ဝူး ပေါ့ဂျာ...။
ပီတူတွေမားဒယ် အတက်ပေးပြီးတေတွားတဲ့ တိုင်းဂျစ်ပီဂျစ် တွေ မားဒယ် ပေါ့ဂျာ။
ဒါပေမယ့် တခု ဒေါ်အောင်ဆန်းစုကြည် ကို နားလည်ပေးလို့ ရနိုင်တာကတော့ သူ့ ခမျာ လဲ ပင်ပန်းလှပြီ ဆိုတော့။
ကိုလွဏ်းဆွေဆောင်းပါးမှာ ထင်မြင်ချက် ရေးခဲ့တဲ့ ကိုဆန်းထွန်း နဲ့ မမ almost sexy girl ကြီး
ကိုတော့ဝေမျှချင်ပါတယ်။
ဟုတ်တယ် ပြည်သူတွေမှားတယ်။ ပြည်သူတွေ ဘာလုပ်နေလို့ လဲ။ ပြည်သူတွေ မှားတာက NLD ကို အပြတ်အသတ် ယုံကြည်မဲပေးခဲ့လို့ ။
ဒီမယ် ကတ်သီးကတ်သတ်တွေ စကားတတ်တိုင်း ပြောကြ လက်ညှိုးထိုးကြမယ်ဆိုရင် စကားအဖြစ်(စကားအဖြစ်)ပြောလိုက်ပါဦးမယ်။
ပြည်သူတွေက NLD ကိုအပြတ်အသတ်မဲမပေးခဲ့ပဲ တဆည ကို ရော NLD ကို ရော ပါတီရပ်တည်ခွင့်ရယုံသာ ရွေးကောက်ပွဲဝင်မယ်ဘာညာ လေကြီးလေကျယ်ပြောပြီး ကိုယ်ပြောတဲ့ စကားကိုယ် ပြန် ခေါက်ထားတဲ့ ပါတီ ကကောင်တွေကို ရော အောင်ကြီးလို ဆမူဆာကိုရော သာ မဲပေးခဲ့မယ်ဆိုရင် ကျုပ်တို့ 
ပြည်သူတွေခံရ လေးနှစ်ပဲဗျ။ အစိုးရသက်တန်းတစ်ခုပဲ။ ဒီတော့ ပြည်သူတွေက မယုံသင့်သူတွေကို ဘ၀ပေးပစ်ယုံပြီး အသက်အိုးအိမ်စည်းစိမ်နဲ့ လုပ်ပြခဲ့တဲ့ ပုံအပ်ယုံမှတ်လိုက်တဲ့ကိစ္စကတော့ ဖာခေါင်းနဲ့ ညားတဲ့ တောသူမ လို ကံကြမ္မာ ဆိုးကို ကိုယ့်ဟာကိုယ် ဖန်တီးလိုက်မိသလို ဖြစ်သွားတာပဲဗျ။ချစ်မိတာကိုး
ဒီတော့အသည်းထဲအေးကနဲ ဖစ်တွားတာပေါ့ ဟုတ်ဘူးလား ။
စကား ကို ပြန်ချုပ်မယ်ဆိုရင်တော့ ပြည်သူတွေ NLD ကိုမဲပေးခဲ့ပါသည်။
ထိုကဲ့သို့  NLD ဖြစ်လာရန် ပြည်သူတွေ အသက်ပေးခဲ့ကြသည်။
ထို့ ကြောင့်ပြည်သူတွေဘာလုပ်နေသလဲ ဟု မေးလိုလျှင် သင်တို့ အဖွဲ့ အစည်းများ၏ ဖြစ်တည်မှုကို ပြန်ကြည့်သင့်သည်။ သင်တို့ ဘ၀နေမှုကိုပြန်မြင်ကြည့်သင့်သည်။
ပြည်သူတွေ မဆလ ကို မတော်လှန်ခဲ့လျှင် ၊ NLD ဖြစ်လာစရာမရှိ။ ပြည်သူသာလျှင် အမိဖြစ်သည် ပြည်သူသာလျှင် အဖဖြစ်သည်။ မြန်မာပြည်ရှိတိုင်းရင်းသားပြည်သူလူထုကြီးတရပ်လုံး သည် သမိုင်းအစဉ်အလာကြီးမားသည့် တော်လှန်သော ပြည်သူပြည်သားတို့ ဖြစ်သည်။
ထိုတော်လှန်သော ပြည်သူပြည်သားတို့ က ဦးဆောင်မှုနေရာပေးထားသော တပ်ဦး ခေါင်းဆောင် များက တုတ်တုတ်မျှမလှုပ် ၊ ရထားသော mandate ကိုအကောင်အထည်မဖော် ခဲ့ပဲ ၀ဲလည်ဝဲလည် ပင်နီ ခမောက်ယိမ်းလှည့်ကရင်းဖြင့် နအဖ က ယုတ်မာ စွာ တကွက်ချင်းခြေမှုန်းခြင်းကိုသာ ခံလိုက်ရသည်။
အပြောကတော့ ဘီအီးဒီအောင်သိုက် ၊ ရွှေမန်း တင်မောင် ၊ ခုံတော်မောင်ကျဘန်း လောက် ၊ က တော့ ချိုမိုင်မိုင်များဖြင့် ဆိုတော့ အားကိုးမိသည့် ပြည်သူလူထု သည်လည်း ထမင်းဆီဆမ်းရွှေလင်ပန်း ကိုပဲ လမင်းကြီးဆီကမျှော်ရတော့မလိုလို၊ သမီးလေး ဖာသည် ဖြစ်သွားတာပဲ မသိယောင်ဆောင်ပြီး မျိုကျအောင်
တနပ်စာ တနပ် မျက်ဖြူဆိုက်အောင် အသက်ဆက်နေရသည့်ဘ၀များကိုပဲ လက်စတုံးပစ်ရမလိုလိုနှင့် ဖြစ်နေသည့်ကြားထဲ ပြည်သူတွေကရောဘာလုပ်နေလို့ လဲ ဟုမေးလျှင်...............။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူတွေကရော ဘာလုပ်နေသလဲ လို့  ပြန်မေးခြင်း ကိုအထက် က ပြောသလို နားလည်ပေးလို့ ရကောင်းရနိုင်မည်ဖြစ်သော်လည်း မဲဆောက် က ၀ဲပေါက်နေသော ကောင်များက ပြည်သူတွေကရောဘာလုပ်နေသလဲဟုမေးလျှင်ဖြင့် ကျွန်ုပ်တုတ်ကြီး၏
ကဗျာအဟောင်းကလေးဖြင့်ပင် မဲဆောက် ဆရာများအား ဂုဏ်ပြု လိုက်ပါဦးမယ်။ ဒီကဗျာကို တော့ တနှစ်အတွင်း အပြတ်သိမ်းမယ့်(တံမြက်စည်းနဲ့ ) ဆရာသမား ရဲ့ မဲဆောက်ကဗျာ ကိုလွဏ်းဆွေဘလော့မှာတင်တဲ့နေ့ မှာပဲချက်ချင်းပြန်ရေးဖြစ်ခဲ့ပြီး ညီညွတ်ရေး ကြောင့်
ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘယ်မှာမှမတင်ဖြစ်ခဲ့တဲ့ကဗျာဖြစ်ပါ့သဗျာ...။။
ဝဲပေါက်တဲ့မဲဆောက်
မစားဖူးတာတွေစားလို့ ဝဲပေါက်
မပြောဖူးတာတွေပြောလို့ ဝဲပေါက်
တချို့ က နေ၀င်းမြေး အတွက်အခါပေးဆရာလုပ်
တချို့ က သေတွင်းဘေးထွက် စာရေးဆရာလုပ်....။
တချို့ က မြင်းသည်တော် အချိုးနဲ့  နွားဆိုး ခွစီး...........။
တချို့က သူပုန်ကတ်နဲ့ ရင်ခုန်တတ်ချင်ယောင်ဆောင်။
တချို့ က ဟင်းချိုမှုန့် အချစ်နဲ့ မင်းကို မတုန့် မပစ် ...
သူ ပုန့် သစ္စာလို့  ကြွေးကြော်
တချို့ ကတော့ ဥပေက္ခာနဲ့ မှေးပျော်..အော်...အဲဒီမဲဆောက်...။
မဲဆောက်ဟာတခါတခါတော့ ...
ပဉ္စလက်တွေထွန်းကားတဲ့နေရာ..
တခါတခါတော့ အခင်အမင်ပျက်တွေ ယွန်းသွားတဲ့ဆည်းဆာ....
ငါတကယ်မနေတဲ့မဲဆောက်ပါကွယ်..............။
အရင်ကမောင့်အချစ်မြှားစူးတာကို မီးတောက်နဲ့ ဆေးတဲ့မဲဆောက်
အခုတော့ ၀ီစကီနဲ့ကွေး တဲ့မဲဆောက်
ပပ၀င်းခင် မရောက်တဲ့မဲဆောက်....
ညည သတင်းအရင်ပေါက်တဲ့မဲဆောက်...။
အဲဒီမဲဆောက်ကို သရဲကြောက်သလိုကြောက်ပါတယ်... အိုဘယ့်မဲဆောက်..။
မဲဆောက်မှာစွမ်းအားရှင်တွေ ရှိတယ်
မဲဆောက်မှာ အခန့် အညွတ်နဲ့ ကြံ့ဖွတ်တွေရှိတယ်
မဲဆောက်မှာ အားလုံးရှိတယ် ..
နောက်တော့ ဘောင်းဘီချွတ်တရုတ်မရှိတယ်....
ကျုပ်ဘ၀ကတော့ မဲဆောက်ပါပဲကွယ်
အဲသလိုနဲ့မဲဆောက်ဟာ အကဲဖောက်ခဲ့....။
လီနင်ဟာ ရဲဘော်ရဲဘော်လို့ 
စတာလင်ကိုခေါ်ခဲ့ချိန်မှာ
မော်စီတုန်းဟာ ဂေါ်လီလုံးလှိမ့် နေခဲ့တယ် ...
တကယ်တော့မဲဆောက်ဟာ
မော်စီတုန်းနဲ့ဂေါ်လီလုံးလှိမ့်ချင်ယောင်ဆောင်ခဲ့တာပါ...။
အဲဒီမဲဆောက်မှာ ငရဲမကြောက်တဲ့
သရဲ ငကောက်တွေလဲရှိတယ် ....
ဘ၀ပေးလို့  ခနလေးမှ အကျိုးမဖက်ပဲ
ငတ်ရဲသူတွေလဲရှိတယ်...။
အဲဒီမဲဆောက်မှာ လုံခြုံရေးခေါင်းစဉ်တပ်လို့ 
အကောင်းမြင်တတ်ရင်
သူတို့ ကားတွေကိုမက်မောမိလောက်တဲ့ ပြကွက်တွေရှိတယ်....။
ညထွက်နေ ရှိတယ်...
လမထွက်တဲ့ည....
အလှပျက်တဲ့ည...
ဘ၀ခက်တဲ့ညတွေလဲရှိတယ်...အိုဘယ့်မဲဆောက်...။
မဲဆောက်ဟာ တခါက တက်ကြွသူတွေရဲ့
လက်စလက်နနဲ့
ရှက်ပြတတ်တဲ့အပျိုမတစ်ယောက်ဖြစ်တယ် ။
မဲဆောက်ဟာ အခုအခါ ချုပ်ရိုးပွတွေဖရိုဖရဲနဲ့
မငိုရဲတဲ့မုဆိုးမတွေရှိတယ် ..
ပြီးတော့ အဲဒီမုဆိုးမတွေကို နှုတ်ချိုးပြတဲ့ မိစ္ဆာတွေရှိတယ်...
တကယ်တော့ မဲဆောက်ဟာမဲဆောက်ပဲဖြစ်ပါတယ်
အဲဒီမဲဆောက်ရဲ့သွေးကြောထဲမှာဈေးပေါမှုတွေနဲ့
ငါတို့ ကိုယ်တိုင်က ဈေးကွက်တခုဖြစ်တယ်....
ပြေးထွက်မှုဖြစ်တယ်... သွေးပျက်မှုဖြစ်တယ်...။
မဲဆောက်ညနေမှာ နယူး ယောက် ဘ၀တွေကို အိပ်မက်ခွင့်ရှိတယ်..။
ပြီးတော့ ထိမ်ဝှက်ခွင့်ရှိတယ်.................
ပြီးတော့ ငြိမ်သက်ခွင့်ရှိတယ်...အိုဘယ့်မဲဆောက်........။
အဲဒီမဲဆောက်မှာ နိုက်တင်ဂေးရှိတယ် မာသာထရီဆာရှိတယ်
အဲဒီမဲဆောက်မှာ ဒေါ်အမာပေါက်စတွေလဲရှိတယ်
မတော်တာ လျှောက်ဖွတွေလဲရှိတယ်...။
မဲဆောက်ဟာတကယ်တော့
အသည်းပေါက်အောင်ချစ်သူတွေကိုတော့
အပြစ်မယူတမ်း နမ်း ဖက်လို့  လမ်းတ၀က် ထိပို့ ဆောင်တဲ့ လမ်းပြဖြစ်တယ်...။
အဲဒီမဲဆောက်မှာ ရိုးသားတဲ့ကျောင်းသားတွေရှိတယ်... နိုးကြားတဲ့သူတောင်းစားတွေရှိတယ်
ခိုးစားတဲ့ ငသောင်းနွားတွေရှိတယ် အိုဘယ့်မဲဆောက်...။
တကယ်တော့မဲဆောက်ဟာ ၀ဲပေါက်နေတဲ့မြို့ ကြီးပါကွယ်....
သူ့  ချွေးခံအင်္ကျီ စုတ်ကြီးဆွဲလှန်..
နို့ သီးဗျောက်ဗျက်ကြီးကို တဗြင်းဗြင်းကုတ်နေတဲ့.....မဲဆောက်ပါကွယ်.။
ကဲဝဲပေါက်နေတဲ့မဲဆောက်ရေ.......။
ငနဲတစ်ယောက် ငနောက်တစ်ကောင်
ခြောက်ထောင်စားတွေနဲ့မဲဆောက်...
ဟောက်ယောင်ကြွားတွေနဲ့မဲဆောက် ..
ဘီဘီစီကို ၀ါးလုံးထောက်ခုန်တဲ့မဲဆောက်...။
အီစီကလီလို ငတုံးတယောက်မယုံတဲ့မဲဆောက်..... ။
ချင်းမိုင်မှာ ..ဟဲ့ အိုင်တို့ က မင်းမနိုင် ဆိုတဲ့ မမတွေ ထမင်းထိုင်စားခဲ့တဲ့မဲဆောက်။
အဲဒီမဲဆောက်ဟာ နယူးယောက်ရဲ့ မြို့အ၀င်ဝပါကွယ်..။
အဲဒီမဲဆောက်ဟာအရူးတစ်ယောက်ရဲ့ ပြို့ ချင်စရာ
အညှီအဟောက်ပါကွယ်
ဒါပေမယ့်အတည်ပေါက်တွေလဲ ကတတ်တဲ့မဲဆောက်..။
သောင်ရင်းမြစ် မှာ ထောင်တွင်းအဖြစ်တွေကို ဖွင့်ချခွင့်ရှိတဲ့မဲဆောက်
မြ၀တီရဲ့ ညပန်းချီမှုန်ဝါးကို ငုံထားတဲ့မဲဆောက်
စွန့် လွှတ်သူတွေ စကားမဲ့ရတဲ့မဲဆောက်... ။
တရားမဲ့ လှိမ့်လုံးတွေနဲ့အငြိမ့်သုံးပွဲ မိုးလင်းပေါက်ကြည့်ချင်တဲ့မဲဆောက်
မငိုရဲပေမယ့် ချိုရဲတဲ့ အရသာတွေ လိမ်းကျံထားတဲ့မဲဆောက်...။
အဲဒီမဲဆောက်ဟာ
တကယ်တော့ နှစ်ချို့ မိန်းမပျက်တစ်ယောက်ရဲ့ ဗိုက်က
ချုပ်ရိုးတွေ ကိုငှားပြီးခမ်းနားနေတဲ့မဲဆောက်...။
အဲဒီမဲဆောက်မှာ မာယာကော့ဖ်စကီး ပုဆိုးဝတ်တယ်
အဲဒီမဲဆောက်မှာ ဘားတော့ဘရက် သူခိုးဖြစ်တယ်
ဖူးချစ်ဟာဦးချစ်ဆိုင်က စားပွဲထိုးဖြစ်တယ်...။
ရက်ဖ်တူရှင်ကို ဟာ ရင်ဖိုတတ်တဲ့ အပျိုမဖြစ်သွားတယ်
သူဖမ်းလိုက်တဲ့ဘောလုံးဟာချို င့်ဆွဲ မနုသဖြစ်သွားတယ်...
ရှုပ်ပါ့မဲဆောက်ရယ်....။
တော်လ်စတွိုင်းဟာကော်ကိုင်းမျက်မှန်နဲ့
အန်နာကာရီနီကို နောက်လင်သုံးယောက်ယူခိုင်းတဲ့မဲဆောက်ဖြစ်တယ်
ရာဘင်ဒျာနတ်တဂိုးပတ်ပျိုးတွေငြီးတဲ့မဲဆောက်ဖြစ်တယ်
ကပ်ကိုဘိန်း ထပ်သတ်သေချင်တဲ့မဲဆောက်ဖြစ်တယ်
ဘင်ဂိုးရင်ကျိုးတဲ့မဲဆောက်ဖြစ်တယ်
ဟဲမင်းဝေး ငရဲတွင်းပြေးတဲ့မဲဆောက်ဖြစ်တယ်
ဂျိမ်းဂျွိုက်စ်ကိုအစိမ်းလိုက်ဝါးမယ့်မဲဆောက်ဖြစ်တယ်
ဂျွန်စတိမ်းဘက်ကို ကျွန်တသိန်း လက်ဖွဲ့မယ့်မဲဆောက်ဖြစ်တယ်
ဒဂုန်တာရာကို မယုံစရာတွေနဲ့ စန္ဒယားတီးခိုင်းမယ့်မဲဆောက်ဖြစ်တယ်
ဒေါင်းနွယ်ဆွေကို ကင်ဆာနဲ့ တမင်တကာထပ်သတ်မယ့်မဲဆောက်
ချစ်ဦးညိုကိုမဖြစ်ဖူးအကိုလို့  ညာမယ့်မဲဆောက်
အောင်ခြိမ့်ရဲ့ ဂန္ဓ၀င်မမကို ညည သားမယားပြုမယ့်မဲဆောက်
ကိုချောနွယ်ကို ဆတ်သွား က မချစ်ချက်တဲ့အရက်နဲ့အသက်ပါယူမယ့်မဲဆောက်
မောင်ဒေါင်းကို အောင်သောင်းလားမေးမယ့်မဲဆောက်
သန်းရွှေကို အနမ်းတွေနဲ့ ခိုး ချစ်မယ့်မဲဆောက် ...။
အဲဒီမဲဆောက်ဟာ
တခါတခါလူယောင်ဆောင်ထားတဲ့ မှင်စာတစ်ကောင် ရင်ချောင်တဲ့မဲဆောက်.... ။
အဲဒီမဲဆောက်ဟာ ဆေးခြောက် တဖွာလဲဖြစ်ပြန်...။
အမူးသမားနဲ့အရူးပါး
ထူးခြားမှုတွေ ရေတွက်တဲ့မဲဆောက်...
ပြီးတော့အသရေပျက်တဲ့မဲဆောက်...။
လွမ်းလို့ သေသွားတဲ့မဲဆောက်
သေသူတွေကိုမလွမ်းတဲ့မဲဆောက်...။
မဲဆောက်ရယ်တကယ်တော့
ခလောက်ဆွဲလို့ တယောက်ထဲ အသံပေး
အကြံ ဝေးတဲ့မဲဆောက်
ပန်းကန်ဆေးတဲ့မဲဆောက်...
တန်ဆေးနဲ့ အမြဲ ပျောက်တဲ့မဲဆောက်
လွန်ဘေးနဲ့ ဘ၀ဆုံးမှာစိုးတယ်မဲဆောက်..။
ကျွန်အတွေးနဲ့တညလုံးအေးစက်တဲ့မဲဆောက်....။
အနွေးထည်စုတ်ကြီးအောက်က၀ဲပေါက်နေတဲ့မဲဆောက်
မလှုပ်မရှုပ်မပြုတ်တွေနဲ့မဲဆောက် ကျွန်ုပ်မဟုတ် အရှုပ်တွေနဲ့မဲဆောက်....။
အရှိန်တစ်ခုနဲ့စိန်အတုတွေထွက်တဲ့အရပ်မှာ
ဖိနပ်မပါ မိုးကာမရှိနဲ့ရိုးပါ၏ဆိုတဲ့ တကယ့်ဘ၀တွေ
ကျနေနဲ့ မှောင်မဲအကြောင်ရိုက်ခံတဲ့မဲဆောက်ရေ....
ဝဲပေါက် နေဦးတော့......................။
တုတ်ကြီး တာဝတိံသာ
သေနင်္ဂဗျူဟာ ၊ပျော့စိဗျူဟာ .. ဟဲ့ မြန်မာပြည်သား ဟဲ့.. မြန်မာပြည်သား.........
Wednesday, June 3, 2009
ကျွန်ုပ်သည် လွယ်အိတ်ဟောင်းကလေးကို လွယ်ကာ မောကြီးပမ်းကြီးဖြင့် အိမ်သို့  ခပ်လေးလေးပင်ပင်ခြေလှမ်းများဖြင့် ပြန်လာ၏။
မှောင်မဲ နေသော ကျွန်ုပ်၏ အိမ်ခန်း တံခါးသော့ကလေးကိုဖွင့်ပြီး နောက် ၊ မီးတိုင် မထွန်းအားပဲ အခန်းထောင့် နံရံတွင် ကပ်နေသော သုံးတိုင်စင်သောက်ရေအိုးစင်မှ
ရေခပ်အေးအေးလေးတစ်ခွက်ကို ညစ်ထပ်ထပ် ဒန်ခွက်ကလေးဖြင့် ခပ်သောက်လိုက်၏။
လွယ်အိတ်အဟောင်းကလေးကို စစ်တာလပတ်ဖြင့် ပြုလုပ်ထားသော ပက်လက်ကုလားထိုင်ကလေးပေါ် တင်လိုက်ပြီး မီးခြစ်ဘူးထဲမှ လေးငါးခြောက်ဆံကျန်သေးသော
မီးခြစ်ဆံကလေးများထဲမှ တချောင်းကိုယူ၍ မီးခြစ်ကာ ရေနံဆီမီးတိုင်ကလေးကို ထွန်းလိုက်၏။
ပက်လက်ကုလားထိုင်ပေါ်မှ လွယ်အိတ်ကလေးကို ဘေးကြမ်းပြင်သို့ အသာချရင်း ဖြေးလေးစွာပင် ထိုင်လိုက်မိ၏။
ဆေးပေါ့လိပ်တိုကလေး မီးညှိပြီး အဆုတ်အပြည့်ရှုရှိုက်ရင်း ဝေ့ ၀ဲ မြင့်တက်သွားသော ဆေးလိပ်မီးခိုးငွေ့များ ပေါ်စိတ်အာရုံတို့  ကိုပို့ လိုက်ရင်း ရီဝေေ၀မျက်လုံးများဖြင့်
အခန်းဒေါင့်မှ ဒုံမင်းကြီးကို ကြည့်လိုက်မိ၏။
သြော် ..... တကယ်တော့ ဒီ ဒုံမင်းကြီးမှာ မြောက်မြားလှစွာသော အတိတ်သမိုင်းတွေရှိခဲ့၏။ ရှိခဲ့ဖူးပါပေ၏။
ဟိုးတုန်းကအနုပညာသည်ဖြစ်လိုစိတ်ဖြင့်လျှမ်းလျှမ်းတောက်ဂီတ ပညာရှင်တယောက်ဖြစ်ရေးအတွက် ၀ါးလက်ခုတ် ပညာရပ်ကို ငါးနှစ်တိုင်တိုင် လေ့ကျင့်ဆည်းပူးခဲ့ပြီး ပါရမီ ပြည့်ဝသည့်အလျှောက်
နယ်လှည့်ကသည့် နတ်ပွဲတစ်ခုတွင် ကျွန်ုပ်တုတ်ကြီးသည် နတ်ရုပ်ထမ်း ယပ်တောင်ခတ် အလုပ်ကို ရ၍ တင့်တောင်းတင့်တယ်နေခဲ့ရစဉ်ကာလက ၀ယ်ယူထားခဲ့သော ဒုံမင်းကြီးဖြစ်၏။
'သောက်တော် ဗူးရယ်တဲ့အိုမကွာ... အိုမကွာ...' '၀ုန်း' ... ။
'ဟဲ့....သောက်ခွေး... ကလူ..ကလူ....' ကျွန်ုပ်၏ လိပ်ပြာလွင့်မတတ် ။
ကြောင်အိမ်ပေါ်မှ ခုန်ချလာသော ကြောင် ကြီး ကြောင့် လဲပြိုသွားသော ဖြာလိပ်သံသည်ကားတကယ်တန်းမကျယ်လှသော်လည်း ကိုယ့်အတွေးဖြင့်ကိုယ် မျောနေသောကျွန်ုပ်အတွက်တော့ ဗုံးကွဲသလို။
အတိတ် ၏ အရိပ်တို့ အားပျောက်ပျက်သွားစေသည်မှာလည်း ရေကန်ထဲ ငုံ့ ကြည့်ရင်း ရှူရှူပေါက် လိုက်မိသကဲ့သို့ ................။
ဒုံမင်းကြီးကို ငေးနေမိရင်း အမောပြေလာသည်ကလည်းရှိ ဆိုတော့ အသာအယာထကာ ပြတင်းပေါက် ကဲလား ကလေးကို ဖွင့်ရင်း ၀ါးရင်းဒုတ်ဖြင့်ထောက်လိုက်၏။
ကောင်းကင်တွင် လရောင် ကတော့ ၀င်းပ လင်းမြ ရွှန်းလှပေ၏။
လရောင်သည် ပေါ်လစ်ရှ်ရောင်နှင့်တောက်ပြောင်နေသေးသော ဒုံမင်းကြီးပေါ်သို့ ဖိတ်စင်ကျကာ အေးမြသော ရောင်ပြန် ရေးရေးကိုပင်မြင်နေရ၏။
ပြတင်းပေါက်ဘေးနား နံရံတွင်ကပ်ထားသော စာကြည့်စားပွဲကလေးပေါ်တွင် ဖိတ်စာ နှစ်စောင်ရောက်နေ၏။
ထူးထူးဆန်းဆန်းပါကလား။
ခေါက်ကုလားထိုင်ကလေးကိုဆွဲ ယူလိုက်ပြီး ထိုင်ချလိုက်၏။ မီးတိုင်ခွက်ကို ယူကာ စားပွဲပေါ်တင်လိုက်ရင်းမီးစာမြှင့်လိုက်၏။
ပထမဖိတ်စာမှာ ယခု ကဲ့သို့ ဖြစ်ပေ၏။
Unknown Parameter Value
Publish at Scribd or explore others:
သြော်............။ ကောင်းလိုက်တာ............။ သင့်တော်လျှောက်ပတ်လိုက်တာဗျာ.... ခုလိုအခါမျိုးမှာ ဒါမျိုးတွေ ရှိလာသင့်သပေါ့ ဟုတွေးရင်း ဒုတိယဖိတ်စာကိုထပ်ဖွင့်ပြန်တော့...........။
သို့ - နေ့စွဲ - ဇွန် လ (၃) ရက် ၂၀၀၉ ခုနှစ်
ဗီရို ရေစည် လိုလား သော တိုင်းရင်းသား လူမျိုးစုံ ညီအစ်မများ ၊ အဖွဲ့ အစည်း များ၊ မိတ်ဆွေများ ၊ ရဲမေများ...။
အကြောင်းအရာ ။ ။ စစ်အာဏာရှင် စံနစ် ဖြဲ သိမ်းရေး ၊ မြန်မာ့ ဗီရို ရေစည် အင်အားစုများ အဂ္ဂ မဟာဗျူဟာ ၊ သေနင်္ဂဗျူဟာ ညည်းလာခံ တက်ရောက်ရန်ဖိတ်ကြားခြင်း။
အထက်ပါအကြောင်းအရာနှင့် ပါတ်သက်၍ အမေရိကန်ပြည်ထောင်စုရောက် ဘီရို ရေစည် တိုက်ပြဲ ၀င် ရဲမေ ညီအစ်မများ၏ ၂၀၀၉ ခုနှစ် ဧပြီ လ (၁) ရက်နေ့ တွင် ကျင်းပွ ခဲ့သော
တယ်လီဖုန်း အတင်းပြောပွဲမှ လက်ရှိဖြစ်ပေါ် နေသော မျက်ဖြူဆိုက် နိုင်ငံရေး အခြေအနေအား ယားယား ညည်းလာခံ တရပ် ကျင်းပွရန် လိုအပ်လျှက် ရှိသည်ဟု တညီတညွတ်တည်း
ဆုံ ဖြုတ် ခဲ့ကြပါသည်။
၎င်းညီလာခံကို...
-၂၀၁၀ ရွေးကောက်ပွဲတွင် ရေခဲရေဆိုင် ဖွင့် ရေး
- အရံမီးသတ်တပ်ဖွဲ့ အား ဆိုင်နေရာ မရရအောင် အပူကပ်ရေး
- ဖက်ထုတ် ကောက်ညှင်းဆိုင်း ဆိုင် ထပ်မံတည်ဆောက်ရေး
ဟူသော အခြေခံ နင် ခံ ရေး ဦးတည် ချက်များဖြင့် ကျင်းပွ ပြုလုပ်သွားမည်ဖြစ်ပါသည်။
သို့ ဖြစ်ပါ၍ အထက်ပါ အခြေခံမူ (၃) ချက်ကို လက်ခံသော မည်သည့် အဖွဲ့ အစည်း၊ အိမ်ကြီးရှင်မ၊ ရဲမေ များကို မဆို ဤ ညည်းလာခံ သို့ တက်ရောက်ပွာ ရန် လေးစားစွာဖတ်ကြားအပ်ပါသည်။
ကျင်းပမည့်အချိန်။ ။ မရေမရာ
ကျင်းပမည့်နေ့ ရက်။ ။ အလှပြင်ဆိုင်ပိတ်ရက်
ကျင်းပမည့်နေရာ ။ ။ အလှဖန်တီးရှင်များ ရပ်ကွက်
ပုံ ။ ။ အလှဖန်တီးရှင်များသမဂ္ဂ္ဂ
ကြွေးကြော်သံ။ ။ တို့ အရေးပါ ဆိုနေမှ ..............ဟင့် တို့ အရေးကွယ့်နော်.... ဟင့်။
ဆက်သွယ်ရန်လိပ်စာ ။ ။ welovemakeup@gmail.com
ဖိတ်စာကိုဖတ်မိတော့ ကျွနုပ်စိတ်ထဲဝယ်
သြော်....ရဲနီမယ် နန်စီပြူးပြဲတို့ ရဲနီမယ် မစ်ချယ်ရွစိမဲပြာတို့ ရိုစီပျားတုတ်တို့ ၏ အလှဖန်တီးရှင်များ အဖွဲ့ ကလဲ အရေးပေါ်အခြေအနေတစ်ရပ်ကို နားလည်နေကြသည်ကိုး.. ဟု ကောက်ချက်ချမိ၏။
တဆက်တည်းတွင်လည်း နန်စီ တို့  ရိုစီတို့ မစ်ချယ်တို့ က လူတကာဖိတ်ထား သည်ဆိုတော့ လူတကာ ဘယ်သူတွေ ဘယ်ကလာမှန်းမသိ ။ အလှဖန်တီးရှင်များ ဟုတ်မဟုတ်လည်းမသိ။
ဘာအတွက်လာမှန်းလဲမသိနှင့် ... ကောင်မတွေရယ် ညည်းတို့ တော့ခက်ပါပေါ့လား ဟု လည်း စိတ်ထဲတွေးမိ၏။
ပြီးတော့ ကျင်းပမည့်အချိန်ကလဲ နာရီ ဒိုင်ခွက်ထဲတွင် မပါသည့်အချိန် မရေမရာတဲ့ မရေမရာဆိုတာ နေ့လည်နှစ်နာရီနဲ့ ငါးနာရီကြားကိုပြောချင်တာလား ဘာလားလဲမသိ။
ကျင်းပမည့်နေ့ ရက်ကတော့ ခန့် မှန်းလို့ ရနိုင်ပါရဲ့။ ကျင်းပမည့်ရပ်ကွက် ကျပြန်တော့လဲ အလှဖန်တီးရှင်များရပ်ကွက်တဲ့  .. အဲသဟာကျပြန်တော့လဲ ကျယ်မှကျယ်...ဘယ်ဂလိုလုပ်ပြီးများ ကောက်ပြီး စီစဉ်လိုက်တာတုန်း အေ..ညည်းတို့ မလဲ ... ဟု
ရှောက်သီးဆေးပြားသည် ၀ဲပေါက်သည့် အခွက်ဖြင့် ရှုံ့ မဲ့ကာ စိတ်ထဲတွင် မေးလိုက်မိ၏။
သေနင်္ဂဗျူဟာ တွေ ဆွဲကြတော့မယ် ပေါ့လို့ .............။ တကယ်အတည်ကိုလုပ်ကြတော့မယ်ပေါ့လို့............။ အမှန်အကန်တွေကို ဆွဲကြတော့မယ်ပေါ့လို့.............။
ပေါ့လို့.................။ ပေါ့ လို့ ................။ ပေါ့လို့ ...............။
နန်စီတို့ ရှေ့ တွင် ဆယ်မီနာ ကြီးတွေ လုပ်သွားသော အမီနာတွေ ဒုနဲ့ဒေး ။ နန်စီတို့ ရှေ့ တွင် အင်တာနက် အတင်းပြောပွဲ တွေ တယ်လီဖုန်း အတင်းပြောပွဲတွေတပုံကြီးလုပ်သွားခဲ့ကြပြီး ။ သေနင်္ဂဗျူဟာတွေ ပိဋကတ်တိုက်ကြီးတစ်လုံးစာ ပါးစပ်တွေနှင့်ဆွဲသွားကြသည်မှာဒုနှင့်ဒေး။
တောင်ပြုံးကိုယ်တော်ကြီးများနှင့် ၀င်ပြုံးမယ်တော်ကြီးများ၏ ဂိုဏ်း ပြိုင်ပွဲတွေဒုနဲ့ဒေး ရှိခဲ့ပြီးသားဖြစ် သလို ဘာမှဖြစ်မလာခဲ့ကြ။
မပြောလိုပါ... မပြောလို ပါ ဟု သာ ဗိမ္မသာရ ပြဇာတ် က သီချင်းကို ညည်းရင်း ပဲပုတ်ထောင်းလေးနှင့် ထမင်းအေးအေး တခဲကို ပန်းကန်ထဲ ထည့်ပြီး ဗိုက်အင့်အောင်စားလိုက်ကာ အိပ်ပစ်လိုက်မိ၏။
အိပ်မက်ထဲတွင် ကျွန်ုပ် တုတ်ကြီး၏ ရပ်ကွက်ထဲမှ ဆိုက်ကား သမားလေးတစ်ယောက်က 'ကိုတုတ်ကြီးဗျာ.................၁၉၉၀ ရွေးကောက်ပွဲမှာ တစည သာ နိုင်ခဲ့ ရင် ကျုပ်တို့  ခံရတဲ့ ဒီမသာတွေရဲ့ ဒုက္ခက လေးနှစ်လောက်ကြာမှာ...ခုတော့ NLD ကိုမဲပေးမိပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်ုးစုကြည်ကို
ဖမ်းထားပြီး ၊လူထုခေါင်းဆောင် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး တင်ဦးကို လွှတ်ပေးရမှာကို လွှတ်မပေးပဲ ဆက် ဖမ်းထားတာတောင်မှ တချက် အပြင်ထွက်ပြီး လူထုကိုမဦးဆောင် နိုင်တော့ ကျနော်တို့မှာ ထာဝရခံရတော့မလိုဖြစ်နေတော့တာပေါ့ဗျာ'
ဟု ပြောရင်း ရဲနီမယ် နန်စီ အား သူမ၏ အလှပြင်ဆိုင် သို့  ဆိုက်ကားဖြင့် လိုက်ပါ ပို့ ဆောင်ရန်ထွက်ခွာသွားပါတော့သတည်း။
နန်စီကလဲ လက်သည်းများအား ကော့နေအောင် အရှည်ထား ကာ ခရမ်းပြာရောင်ဆေးဆိုးထားသော လက်ကြမ်းကြီးကို ကော့လျှက် အပြင်းအထန်ရိတ်ထားသော နှုတ်ခမ်းမွှေးမုတ်ဆိတ်မွေးများကြားမှ ဖြူ ညစ်ညစ်မိတ်ကပ်များဖွေးနေသောမျက်နှာကြီးကို ရှုံ့ ကာ ... ပြန်ပေတော့ မစဉ်းစားနဲ့ ပြန်ပေတော့ မစဉ်းစားနဲ့ 
ပြန်ပြန်...နောက်လှည့်ပြီးတော့ ပြန်............. ဟူသော သီချင်းကို တပိုင်းတစဆိုရင်း ထို ဆိုက်ကား ကလေး သည် ဖုံတထောင်းထောင်း ကတ္တရာလမ်းဟောင်းပေါ်တွင် တရွေ့ ရွေ့ ဖြင့်ပျောက်ကွယ်သွားပါတော့သတည်း။
တုတ်ကြီး တာဝတိံသာ
နှစ်ထောင့်တစ်ဆယ် သို့ ရက်ပေါင်း နှစ်ရာတစ်ဆယ့်သုံး
Sunday, May 31, 2009
ကျွန်ုပ် တုတ်ကြီးသည် နိုင်ငံရေးခေါင်းဆောင်တယောက်မဟုတ်။ ပညာဟုတ်တိပတ်တိ တတ်လှသည်မဟုတ်။ လုပ်ချင်ရာလုပ် သလို နေချင်ရာနေတတ်သည့် လူတယောက်ဖြစ်ကြောင်းကနဦးအသိပေးလို၏။ သို့ သော် တုတ်ကြီးသည် အမိမြန်မာ အဖမြန်မာမှ မွေးဖွားသော
မြန်မာပြည်သူ တယောက် ဖြစ်၏။ ထို့ ကြောင့် ပြည်သူ တယောက်အနေဖြင့် ပြည်သူတယောက်၏ အမြင်အား တင်ပြ ခြင်းသာဖြစ်၏။ ရှင်းရှင်း ကလေးပင်။
ထိုအချက်အလက်များအား လက်ခံမှသာလျှင် သင့်အနေဖြင့် ဆက်လက်ဖတ်ရှုသင့်ကြောင်း အသိပေးမေတ္တာရပ်ခံပါ၏။
ဂရုစိုက်သည်မစိုက်သည် က ကိုယ်တော်တို့ ၏ ကိစ္စဖြစ်ပေသည်ဆိုသည်ကိုလည်း ကျွန်ုပ်အနေဖြင့် ကောင်းကောင်း အသိအမှတ်ပြုပြီးဖြစ်ပါကြောင်း.....
မျှော်လင့်ခြင်းဖြင့် မူးယစ်ခြင်း
တောင်းကြ၏။ မေတ္တာရပ်ခံကြ၏။ ဟုတ်ပြီ။
လက်မှတ်များစွာလဲ ထိုးလိုက်ကြ၏။ တင်လိုက်ကြ၏။
နအဖ စစ်အာဏာရှင် အား တကမ္ဘာလုံး က ရှုံ့ ချကြ၏။ ဒါက သိပ်ထူးဆန်းလှသည့်ကိစ္စမဟုတ်တော့။ ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီ မှ လည်း စာထုတ် အပြစ်တင်၏။ နိုင်ငံတကာရောက် မြန်မာပြည်ဖွားတို့ လည်း တတ်နိုင်သည့်နည်းပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ်ကိုမလိုလားကြောင်း
စစ်မှန်သော ဒီမိုကရေစီတိုင်းပြည်တရပ် ကိုလိုလားကြောင်း နအဖ သံရုံးများ ကုလသမဂ္ဂ ရုံးများရှေ့ မှောက် ဆန္ဒပြ ကြွေးကြော် ကြ၏။
တိုင်းပြည်တွင်းမှ ပြည်သူလူထု တရပ်လုံးမှာလည်း ခံပြင်း ဒေါသထွက်ကြ၏။
တပ်မတော်အတွင်းမှ ပြည်သူလူထု ကိုစာနာသော ဒေါ်အောင်ဆန်းစုကြည်ကို လေးစား မြတ်နိုးသော တပ်မှူး တပ်သားရဲဘော်အပေါင်းတို့ လည်း မီးစင်ကြည့်က နေရင်း ရင်တမမ ဖြင့် အခွင့်အခါကောင်းကိုစောင့်မျှော်နေကြ၏။
ဤနေရာတွင် အာဆီယံအဖွဲ့ အစည်း ၊ တရုတ် ၊အိန္ဒိယ ၊ရုရှား ၊ဂျပန် နှင့်အတူ အီးယူ အဖွဲ့ အစည်း အမေရိကန် ၊ကုလသမဂ္ဂ တို့ ၏ အသံကို ဆန်းစစ်လေ့လာကြည့်ရမည်ဆိုလျှင်။
ကမ္ဘာ့ နိုင်ငံများအား ချဉ်းကပ်ခြင်းအကျဉ်း
တရုတ်ကတော့ ခပ်ပြောင်ပြောင်ပင် ။ သူ့ ပြည်တွင်းရေးဖြစ်သည် မိမိတို့ဝင်မရှုပ်ဟူသော စကားတစ်လုံးဖြင့် လူကြီးလူကောင်းလိုလို လေသံပစ်ကာ ခေါင်းရှောင်၏။ တကယ်တော့ ထိုကဲ့သို့ ခေါင်းရှောင် စကားကိုပြောခဲ့သည့်
တရုတ် အစိုးရသည် တရုတ်ပြည်တော်လှန်ရေးတွင်အသက်ပေးသွားကြသော ၄င်းတို့ ၏ ရဲဘော်ရဲဘက် များ၏ ရုပ်အလောင်းများကို တက် မုဒိန်းကျင့်လိုက်သည် နှင့် အတူတူပင်ဖြစ်သည့် ကိစ္စဖြစ်၏။
တရုတ် အစိုးရလောက်ဖောက်ပြန်သည့် ကွန်မြူနစ် အစိုးရ ဤ ကမ္ဘာပေါ်တွင်မရှိသေး။ ကမ္ဘာ့ အဖိနှိပ်ခံအလုပ်သမားထုကြီးအတွက် အလုပ်အကျွေးပြုနေသည် ဆိုသော ကွန်မြူနစ်ဝါဒကို ၀ါသနာအရ ဖြစ်လာသည့် ဖာသည်မ ဓမ္မတာလာသည့် ဂါဝန်ဖြင့် အလံထူပြီးတရုတ်အစိုးရက အကြိမ်ကြမ် ဗလက္ကာရ တ၀ပြုကျင့်ရင်း
နအဖ ဖာခေါင်းနှင့်အကြောင်းသင့်သောကြောင့် ဖောက်ပြန်ပါသည်ဆိုသည့်အရင်းရှင် နိုင်ငံများထက်ပင် ဖောက်ပြန်သည့် လုပ်ရပ်ဖြင့်တောက်လျှောက် မျက်နှာပြောင်နေခဲ့၏။
နယ်ချဲ့ လက်ပါးစေ ၊ မြေရှင် ချစ်တီးတို့၏ ဇာတိသား ၊ ရထားလမ်းမြင်လျှင် ဖင်မလှန်ပဲ မနေနိုင်သော ကုလား တို့ ကလည်း နအဖ စစ်အာဏာရှင်ထံမှ ပေါချောင်ကောင်း အလကားနီးနီးရနေသော မြန်မာ့ သယံဇာတအရင်းအမြစ်တို့ အတွက် နအဖ ၏ ယုတ်ချင်တိုင်းယုတ် ရမ်းချင်တိုင်းရမ်းနေသော
ကိစ္စရပ်တိုင်းအား တုံဏှိဘာဝေ သူနှင့်မဆိုသလို နေ တတ်သလို နေကာ ရသမျှ နှိုက်ယူ၏။
တောက်လျှောက် အမြဲ တန်း နအဖ ဖက်က ရပ်တည်ကာ အမြတ်ထုတ်နိုင်သမျှ ထုတ်ဖို့ ရန်သာ စိတ်ကူးရှိသည့် အာစီယံနိုင်ငံများကတော့ ယခုအခါ အီးယူ ၏ ဖိအား ၊ကမ္ဘာ့ဖိအားတို့ ကြောင့် အပြင် အနည်းငယ် စောက်ရှက် ရှိပုံရသေးသော ထိုင်းဝန်ကြီးချုပ်၏ ကောင်းမှုတို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား
မတရား အမှုဆင် ဖမ်းဆီးသော နိုင်ငံရေးလုပ်ကြံမှုကြီး ကို ပထမအကြိမ်အဖြစ် ပြစ်တင်ရှုံ့ချလိုက်ကြ၏။
အမေရိကား က ဟီလာရီတို့ ၊ အိုဘားမားတို့ ကလဲ ဒေါသတွေ ထွက်ပြနေကြ၏။ ဘန်ကီမွန်းဆိုသည့် မျက်မှေး ချဉ်ဖတ် သည် ကလည်း ကမ္ဘာကြီးနှင့် တလေသံထဲထွက်စေရန်သူ့ ခမျာ ကြိုးစားသေး၏။
ပကတိ ဖြစ်စဉ်အား ချည်းကပ်ခြင်းအကျဉ်း
ဘိုသန်းရွှေတို့  လေဒီ ဒန်ဒရိုဘီယံသိန်းစိန်တို့  ကတော့ မမှု။
တကယ်တန်း သူတို့ အနေနှင့် အာစီယံထဲမှ အချိန်မရွေးထွက်သွားနိုင်လောက်သည့် အနေအထားများရှိနေ၏။
နအဖ သည် ဆမူဆာ နှင့် အီကြာကွေး ရှိနေသမျှ အထီးကျန်ဖြစ်မှာ သိပ် ဂရုစိုက်လှသည်မဟုတ်။ မြောက်ကိုရီးယား ၏ အနုမြူစီမံကိန်းအတွက် ကုန်ကြမ်းရောင်းခြင်း ၊ ရုရှား ၏ အနုမြူ စီမံကိန်းများအတွက်ကုန်ကြမ်းရောင်းခြင်း၊ လောင်စာနှင့်စွမ်းအင် ဆာလောင်နေသော တရုတ်နှင့် ကုလားအား
သဘာဝအရင်းအမြစ်များရောင်းချခြင်းတို့ ကို လုပ်နေနိုင်သမျှ ၊ နအဖ အနေဖြင့် နည်းနည်းမျှ မမှု။
အမေရိကန် ၊အီးယူနိုင်ငံများနှင့် ထိုင်းပါသော အာစီယံတို့က စာတွေထုတ် ၊ ဒေါသတွေထွက်ပြ အပြစ်တွေပြောနေကြသော်လည်း တကယ်တန်း တော့ အမေရိကန် သည် နအဖ ထံမှ သွယ်ဝိုက်သောနည်းဖြင့် အကျိုးအမြတ်ရှိနေ၏။
အမေရိကန် အစိုးရအနေဖြင့် မြန်မာပြည်သူလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီရေးအတွက်အကျဉ်းကျခံနေရသော လွတ်မြောက်ရေးတိုက်ပွဲဝင် သူအပေါင်းအား စာနာပါလျှင် ၄င်းတို့ နိုင်ငံမှ ချယ်ဘရွန် ကုန်မဏီ အား နအဖ နှင့်ပူးတွဲလျှက် အကျိုးအမြတ်ရှာနေသည်ကို
ချက်ချင်းရပ်တန်းကရပ်ရန် ဆောင်ရွက်ရမည်ဖြစ်သလို အီးယူ အုပ်စုသည်လည်း တိုတယ် ကုန်မဏီကို မြန်မာပြည်တွင်းမှ ပြန်လည်ထွက်ခွာလာစေရန် လုပ်ဆောင်သင့်၏။
ပခြုပ်ဆိုင်စကားနှင့်ပြောရသော် အိုဘားမားသည်လည်း ကတုံးရိတ် ဦးထုတ်ဆောင်းလာသည့် အသစ်ကလေး သာဖြစ်၏။ တကယ်တော့ သူလည်း American interest ကို အထိခံကျော်လွန်ပြီး မြန်မာပြည်သူတွေအတွက် စွမ်းစွမ်းတမံလုပ်မည့် လူမဟုတ်။
နအဖအနေဖြင့် American interest ကို တည့်တည့်ထိမှသာလျှင် ထိထိရောက်ရောက်တုန့် ပြန်မည့် သူဖြစ်သည်။
ကုလသမဂ္ဂ သည်လည်း ကမ္ဘာ့ အခွက်အပြောင်ဆုံး ဗျူရိုကရက်များ ၏ စုရပ်ဆုံရပ်ဖြစ်၏။ အားကိုးလောက်ဖွယ်မရှိ။ နအဖစစ်အာဏာရှင်အနေဖြင့် ထိုအရာအားလုံးအား ကောင်းကောင်း သိပြီးသားဖြစ်၏။ နိုင်ငံတကာ ခုံရုံးတော်အထိ ဘို သန်းရွှေနှင့်အပေါင်းပါများ၏ ကုတ်ကို ဆွဲပြီး ပို့ ဖို့ ဆိုသည့် ကိစ္စ
စာရွက်ပေါ်မှာပင် အတည်ပြုနိုင်ဖို့  က ခက်နေသေး၏။ သို့ သော် ထို သူတို့ လားရာလမ်းမှာ ထိုလမ်းကိုပင်ဆိုက်ဆိုက်မြိုက်မြိုက်ဖြစ်နေ၏။ သို့ သော် ယခု အခါသည်ကား ၂၀၀၉ ခုနှစ် ဂျွန် လ အတွင်းသို့ ရောက်ရှိလာပြီဖြစ်၏။ နအဖ ၏ ၂၀၁၀ ရွေးကောက်ပွဲသည်ကား ဘာမျှမလိုတော့။
ယခု အချိန်တွင် နအဖ စစ်အာဏာရှင် တို့ အား စားမ၀င်အိပ်မပျော်စေသောကိစ္စသည် ၂၀၁၀ ရွေးကောက်ပွဲဖြစ်၏။ တပ်မတော်သားများဖြစ်၏။ ပြည်သူလူထု ကြီးဖြစ်၏။
နအဖ သည် ၂၀၁၀ ကိုဖြစ်အောင်လုပ်မည် ဖြစ်၏။ထို သို့ ဖြစ်အောင်လုပ်သည့်လမ်းခုလတ်တွင် ၂၀၀၇ ခုနှစ်အတွေ့ အကြုံကိုရရှိထားသော ရဟန်းရှင်လူပြည်သူလူထု၏ အုံကြွတော်လှန်မှု ၊တပ်မတော်တွင်းအုံကြွ လာနိုင်မှု စသည့်အလားအလာများအား ၄င်းတို့ လည်း ကောင်းကောင်းမြင်ကြ၏။
ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးကလည်း နအဖ စစ်အာဏာရှင်အား ရိုဟင်ဂျာကိစ္စဖြင့် ကျပ်၏။
ရိုဟင်ဂျာတွေ ဘာဆိုသည် ၊ ရိုဟင်ဂျာ၏အရင်းအမြစ်ဘာဖြစ်သည်ကို လည်း ၄င်းတို့ ကောင်းကောင်းသိ၏။ တရုတ်ပြည်ကျောထောက်နောက်ခံယူထားသော ၀ သ ပ လို အဖွဲ့ အစည်းကလဲ ယခု အခါ သူတို့ ကိုယ်သူတို့ အစိုးရဟု တရားဝင် အမည်တပ်ကာ အမြဲတန်း တပ်မတော်တစ်ခု ကို
အခြေတကျတည်ဆောက်ထားပြီး နအဖ၏ နယ်ခြားစောင့်တပ်မလုပ်နိုင်ဟူသော လေသံပစ်လာ၏။ ဓါးပြသာသာ ငြိမ်းချမ်းရေးအဖွဲ့ အစည်းများ ကိုတော့ နအဖ က တကယ်တန်း ဂရုမစိုက်။
ယခုအခါ နအဖ သည် အလောသုံးဆယ် တွက်ကာ ဂွင်ရိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အားဖမ်းဆီးလိုက်မှု သည် ပြည်သူလူထုတရပ်လုံး၏ စိတ်နှလုံးကို ကြိမ်မီးအုံးးအောင် လုပ်လိုက်ခြင်းဖြစ်၏။
ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ် သည်ဖြစ်စေ မလွှတ်သည်ဖြစ်စေ ၄င်းတို့ အနေဖြင့် နိုင်ငံရေး ၊သံတမန်ရေး ၊စစ်ရေး ၊ လူမှုရေး၊စီးပွားရေး အမြတ်ရလာစရာမရှိ။ ထို့ ကြောင့် ၄င်းတို့ အနေနှင့်လုပ်လာနိုင်သည်မှာ ၂၀၀၇ အရေးတော်ပုံအပြီး ချက်ခြင်း တက်သုတ်ရိုက် အာရုံပြောင်း ၍ အခြေခံဥပဒေ
အတုအယောင် အား အသက်သွင်းရေးလှုပ်ရှားမှုကဲ့သို့  ၂၀၁၀ ရွေးကောက်ပွဲနှင့်ပါတ်သက်သော ကြေငြာချက် တစုံတရာထွက်လာနိုင်စရာအကြောင်းရှိ၏။
အလံနီ လက်နက်ချ သုဝေနှင့် ပေါကြောင်ကြောင် အချောင်သမား ရဲထွန်းတို့  ကဲ့သို့ သော ခွေးမသားကြီးများ အနေဖြင့်ကတော့ ဘယ်သူသေသေ ငတေမာဖို့ လိုသည့်မူအတိုင်း ဆက်လက် စိုင်းပြင်းလုပ်ဆောင်မည်မှာမုချဖြစ်၏။
တတိယအုပ်စု ဆိုသည့်ကောင်များကလည်း လူလည် လူနပ် လူတွင်ကျယ် တို့ ၏ ထုံးစံအတိုင်း ကျားအို ချီလာသော သားကောင်မှ အရိုးအရင်း ကိုက်ရန် ၀ိုင်းအုံစောင့်စားနေကြသော ခွေးအ များကဲ့သို့ အခြေအနေနှင့်အချိန်အခါကို အသုံးချဖို့ ရန်ကြိတ်ပုန်း ခုတ်နေကြမည်ဖြစ်၏။
လူထုသည်သာ သမိုင်းကိုပြောင်းလဲနိုင်သည့် အင်အားစုဖြစ်၏။ လူထုသည်သာ အာဏာရှင်စနစ်ကို ဖြိုချနိုင်သည့် စွမ်းပကားရှိ၏။ ထို့ ကြောင့် လူထုကြီးတရပ်လုံး အနေဖြင့် ငတ်မွတ်ခေါင်းပါးသိက္ခာမဲ့နေသည့်ဘ၀များမှ ရုန်းထွက်ပြီး အုံကြွတော်လှန်မှုမရှိသမျှ စစ်အာဏာရှင်သည် နာမည်ပေါင်းစုံပြောင်း
မျက်နှာဖုံး ပေါင်းစုံ ထည်လဲ သုံးကာ သာ နိုင်ငံတော်၏ အချုပ်အချာအာဏာကို မတရား လုယူ ရက်စက်နေဦးမည်ဖြစ်ပေ၏။
လုပ်ဆောင်သင့်သည်များ
နိုင်ငံခြားရောက်မြန်မာတို့အနေဖြင့်လည်း ၊ နအဖ သံရုံးတို့  အား သွားရောက် ဆန္ဒပြသည်ထက် တရုတ် ၊ ကုလားတို့ ၏ စောက်ရှက်မဲ့လုပ်ရပ်များအား သူတို့ ၏ သံရုံးများ ရှေ့ တွင် ဖွင့်ချ တောင်းဆို ဆန့် ကျင်ခြင်းဖြင့်လည်းကောင်း ၊ ချယ်ဘရွန် နှင့်တိုတယ်ကဲ့သို့ သော ကုန်မဏီများ၏ ရုံးစိုက်ရာ ဌာနချုပ်များ
ဌာနခွဲများရှေ့ တွင်ဆန္ဒပြ ဆန့် ကျင်ခြင်းဖြင့်လည်းကောင်း ၊ အမေရိကန် ပြည်ထောင်စုလိုနေရာများတွင် ချယ်ဘရွန် ဓါတ်ဆီဆိုင်များအား အမေရိကန် ပြည်သူလူထု တရပ်လုံးမှ ဘွိုင်းကောက်လုပ်လာနိုင်သည်အထိ ကန်ပိန်းများ ပြုလုပ်ခြင်းဖြင့်လည်းကောင်း ၊ ခေါင်းဆောင်များဆိုသူတို့ ကလည်း
လေကြီးလေကျယ်တွေ ကွန်ပြူတာရှေ့ ထိုင် ကာ စိတ်ကူးပေါက်တိုင်း ဟိုဟာဖြစ်ပြန်ပြီ ဟိုဒင်းဖြစ်ပြန်ပြီ ခင်ဗျားတို့ ချ ကျနော်တို့ ထိုင်ကြည့်မယ် ဆိုသောလုပ်ပေါက်များ ဖြင့် ရေပွက်ရာငါးစာချမနေတော့ပဲ ။ အစီအစဉ်ရှိရှိ ၊ မူပေါ်လစီ တကယ်ခိုင်ခိုင်ခန့် ခန့်ဖြင့် ရေရှည် တိုက်ပွဲဆင်နွှဲမည့် အမြုတေများကို
မွေးထုတ် ကူညီ အားပေးမြှင့်တင်ခြင်းအား ပြင်ဆင်ချိန်ကျန်နေသေးသည်ကို အလွဲသုံးစားမလုပ်မိကြဖို့ လို၏။
ယခုအချိန်တွင် ပြည်ပရောက် ခေါင်းဆောင်များ ၊တော်လှန်ရေးအင်အားစုများအနေဖြင့်၊ ရောင်တော်ပြန်လွှတ်ခြင်း ၊ သူကြီးသမီးလင်နောက်လိုက်တိုင်း ပုတ်ထဲဝင်ပုန်းခြင်း ကိစ္စရပ်များအတွက်ခြေရှုပ်လျှက် ပီတိတွေအဖြာကြီးဖြာကာ မနောခွေ့ နေခြင်းများအားရပ်တန်းကရပ်၍ တိုက်ပွဲဝင်ပြည်သူလူထုကြီးကို ဆရာလုပ် ပဏာယူခြင်းများ မပါပဲ ထိထိရောက်ရောက် ကူညီခြင်းဖြစ်သော တိုက်ပွဲ နည်းနာ ၊ အတွေ့ အကြုံ ၊ အတွေးအခေါ် ၊ အယူအဆပြတ်သားခိုင်မာမှုများဖြင့် ကူညီရန်အချိန်ကာလဖြစ်သည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
တုတ်ကြီး တာဝတိံသာ
တလေးတစားမမြည်း နဲ့ ခွေးလျားသီးဟဲ့
Saturday, May 23, 2009
စာပေအနုပညာ၊ တော်လှန်ရေး၊ အခွင့်အလမ်းနှင့် ကျင့်ဝတ်ဆိုင်ရာ
လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု အတိမ်အနက်ကို ထို လူမျိုး၏ စာပေ အနုပညာ အတိမ်အနက်ကိုလေ့လာခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ခန့် မှန်း သုံးသပ်နိုင်၏။
တိကျသော အဖြေထွက်လာမည်ဟုတော့မဆိုလို ၊သိပ္ပံနှင့် နည်းပညာ၊နိုင်ငံရေးစနစ်၊ စီးပွားရေးနှင့် ဆက်ဆံရေးကိစ္စရပ်များ နှင့်အတူ အခြားသော ကျယ်ပြန့် သည့်ကိစ္စရပ်များ အားလုံးကို စနစ်တကျလေ့လာပြီးမှသာလျှင် ပကတိအနေအထား၏ အဆင့်အတန်းအမှန်နှင့် အနီးစပ်ဆုံးအဆင့်အထိ
ကောက်ချက်ချနိုင်၏။
လွတ်လပ်ပွင့်လင်းသော လူ့ အဖွဲ့အစည်းတရပ်တွင် ပဋိပက္ခများ ရောပြွန်း နေသကဲ့သို့  ထို ပဋိပက္ခများ ကိုလည်း တခုချင်း တဆင့်ချင်းသို့ မဟုတ် တူရာတူရာကဏ္ဍအလိုက် အဖြေရှာသွားရင်း တိုးတက်ဖြစ်ထွန်းကြ၏။ ထို ကဲ့သို့ တိုးတက်ဖြစ်ထွန်းရေးအတွက် ဆိုင်ရာဆိုင်ရာ
အချင်းချင်း ဆွေးနွေးညှိနှိုင်းအဖြေရှာ ဆုံးဖြတ်ချက်ချ ရှေ့ ဆက် လုပ်ဆောင် အကောင်အထည်ဖော်မှုဖြင့် လျှောက်လှမ်းကြရ၏။
စာပေအနုပညာတွင် တင်ပြပုံအမျိုးမျိုးရှိကြသလို အနှစ်သာရအမျိုးမျိုးရှိကြ၏။ ရည်ရွယ်သော စေတနာ အမျိုးမျိုးရှိကြ၏။
တိုင်းပြည်တပြည်အတွက် အကျိုးပြုစာပေ နှင့် အာဏာရှင်အလိုကျ ဖင်လျှက်ဆားဖြူး အမြီးနှန့် လျှာထုတ် စာပေ ဟု အကြမ်းအားဖြင့် သတ်မှတ်ကြည့်ပါမည်။
ဖင်လျှက်ဆားဖြူး စာပေသည် မျက်နှာလုပ် ၊ ညာဝါး ဖား သော အရေးအသားနှင့်ဦးတည်ချက်ဖြစ်သဖြင့် အကောင်းပြောခံရသူ ရေးခံရသူ အတွက်တော့အကျိုးရှိသည့်စာမျိုးဖြစ်၏။ မှန်ဖို့မလို ၊ တတိုင်းပြည်လုံး တကယ် အကျိုးရှိဖို့ မလို ၊ ကိုယ် ဖားလိုသူ က သဘောကျဖို့ သာလိုသည်။
ထိုအတွက် ထိုကဲ့သို့ စာမျိုး၏ ပရိသတ်သည်ကား အဖားခံ အသိုင်းအ၀ိုင်းနှင့် အရိုးအရင်းကိုက်အသိုင်းအ၀ိုင်းသာဖြစ်၏။ လူထုကြီးတရပ်လုံးအတွက်တော့ ခွေးအံဖတ်ထဲက အမူးသမား၏ ချီး တုံး သာဖြစ်၏။
ကျွန်ုပ်သည် အမိမြန်မာပြည်ကြီး ဒီမိုကရေစီပြည့်ဝစွာ၊ ပြည်သူလူထုကြီးတရပ်လုံး ပျော်ရွှင် ချမ်းမြေ့ အပူအပင်ကင်းလျှက် ၊ တခြား နိုင်ငံမှ အိမ် အကူအလုပ်သမားများအားငှားရမ်းလျှက် ၊ ထိုအိမ်အကူအလုပ်သမားများကိုလည်း လေးလေးစားစား လူသားဆန်ဆန် မစော်ကားပဲ ဆက်ဆံမှုဖြင့်
ချမ်းသာသော နိုင်ငံကြီးဖြစ်စေချင်၏။ အမိမြန်မာပြည်၏ တပ်မတော်ကြီးသည် တကယ်ဂုဏ်သိက္ခာရှိ ၊တကယ်လေးစားထိုက်ဖွယ် ဗိုလ်ချုပ်ကြီးများ ဗိုလ်မှူးကြီးများ အရာရှိအရာခံအကြပ်တပ်သားများချည်ပဲဖြစ်ပြီး ပြည်သူလူထုကြီးတရပ်လုံးက မေတ္တာထား ချစ်ခင်၍ တပ်မတော်သားကြီးများကိုမြင်လျှင်
ရပ်ကွက်ထဲ ကမူးရှူးထိုး ခွေးရူး ၀င်လာသလို ရှဲကနဲရှောင်မသွားကြပဲ အားရှိပါးရှိ ပြုံးပြနှုတ်ဆက်ရင်း မိသားစုဝင်များကဲ့သို့ ဆက်ဆံသည်ကိုမြင်ချင်၏။ အကျဉ်းချုံးပြောရမည်ဆိုလျှင် ပြည်သူတယောက်အနေဖြင့် တပ်မတော်နှင့်တိုင်းပြည်ကိုယခုအနေအထားနှင့်ဆန့် ကျင်ဖက်အနေအထားကို မြင်ချင်၏။
သည်တော့ ယခု လက်ရှိတပ်မတော်ကိုအတင်းရောအဓမ္မပါ သေခါနီး ပင်စင်ယူရမည့်အချိန်ကို ကျော်လွန်သည်မှာ မေ့လောက်လျော့လောက်သည်ရှိသော်လည်း အရှက်မရှိ ကုတ်ကတ်နေလျှက် ဗိုလ်ကျနေသော လူယုတ်ကြီးများ၏ လက်အောက်မှ ထုတ်ဝေရေးသားသည့် သတင်းစာများ ၊ဂျာနယ်များထက်
ပြည်ပရောက် သတင်းဌာနများ အား ပိုမိုအဖတ်များ၏။ ပိုမို၍လဲ အားကိုး မိ၏။
ပြည်ပရောက်သတင်းဌာနများ
မြန်မာစကားမြန်မာစာဖြင့် ဖော်ပြရေးသား ထုတ်လွှင့်ကြသော
ပြည်ပရောက်သတင်းဌာနများ အား အကြမ်းအားဖြင့် အမျိုးအစားခွဲရမည်ဆိုလျှင် ၊ နိုင်ငံခြားအစိုးရများ ၏ ကိုယ်ပိုင်သတင်းဌာနများ ၊ နိုင်ငံခြားအစိုးရမှ မတည်ထောက်ပံ့ထူထောင်ပေးထားသော သတင်းဌာနများ နှင့် နိုင်ငံခြား အဖွဲ့ အစည်း လူပုဂ္ဂိုလ် တို့ ၏ ထောက်ပံ့ ပေးကမ်းမှုဖြင့် ရပ်တည် နေသော
သတင်းစာ ဂျာနယ်များ အင်တာနက် စာမျက်နှာများဟူ၍ မြင်ရ၏။ ထို့ နောက် ဘလော့ဆိုသည့် အင်တာနက်စာမျက်နှာ များ ပေါ်လာ၏။ ဘလော့ဆိုသည်များကတော့ ငွေကြေးအထောက်အပံ့ရဖို့ မလို ၊ တနိုင်တပိုင် အချို့ ကရေးသားကြ၏။ အချို့ က အဖွဲ့ငယ်လေးများဖြင့်ရေးသားကြ၏။ ယခုဆွေးနွေးသော
ဤအမျိုးအစားသုံးခုသည် အကြမ်း အားဖြင့်သာ ဖြစ်၏။
အသံလွှင့်ဌာနများ
ဆိုတော့ကာ နိုင်ငံခြားသတင်းဌာနများ၏ မြန်မာဘာသာဌာနခွဲများသည် ဆိုင်ရာတိုင်းပြည်၏ အာဘော်နှင့် နိုင်ငံခြားရေးပေါ်လစီ ၊ ၀ါဒဖြန့် ချီရေး ပစ်မှတ်တို့ အပေါ်မူတည်၍ သတင်း များ အာဘော်များ တွေ့ ဆုံမေးမြန်းခန်းများ ကို တင်ပြကြ၏။ ထိုသို့ တင်ပြကြရာတွင် သက်ဆိုင်ရာကဏ္ဍအား ပင်တိုင်တာဝန်ယူ
ရသော သူတို့ ၏ မိမိမွေးဖွားရာဇာတိ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားရှိသော စိတ်စေတနာ ၊ ကိုယ်ပိုင် နိုင်ငံရေး ခံယူချက် ၊ ပညာရေးနောက်ခံ ၊ တွေးခေါ်နိုင်မှုအရည်အသွေးပေါ်မူတည်ကာ ထိုသတင်းကဏ္ဍ၏ အကျိုးသက်ရောက်မှုကို တိုင်းတာကြည့်၍ ရ၏။
တချို့  သော တွေ့ ဆုံဆွေးနွေးမေးမြန်းခန်းပိုင်ရှင်များ၏ အရည်အသွေးနှင့်တိုင်းပြည်ပေါ်ထားသည့် စိတ်ဓါတ်က အိမ်ခြေ သုံးဆယ်ခန့် စီရှိသော ရွာနှစ်ရွာ နွေခေါင်ခေါင် လယ် ကွင်းထဲတွင် ဘုန်းကြီး၏ ကမကထ ပြုမှုဖြင့် ဘောလုံးချိန်းကန်သည်ကို မန်ကျည်းပင်ထိပ်တက် ၊
အရင်ခေတ်လမ်းလျှောက်ထီရောင်းသမားများ ရွာထိပ်ရေအိုးစင်တွင် မေ့ ခဲ့သော အော်လံကို အပီအပြင် ကိုင်ကာ လိပ်ခေါင်းထွက်အောင် အော်ဟစ် ကြေငြာ သော ကျပ်မပြည့်သည့် သူ ၏ အော်လံကိုတောင် ကိုင်နိုင်သည့်အဆင့်မရှိ။ထိုသူများသည် မြန်မာ စကား တတ်ပြီး အင်္ဂလိပ်လို လေး နည်းနည်းပြောတတ်ရေးတတ်ယုံသာရှိကြ၏။
အသံလွှင့်ဌာနများ တွင်အလုပ်မလုပ်ပဲ အပြင်ထွက် အလုပ်လုပ်မည်ဆိုလျှင် စက်ရုံထဲ ပြူးတူးပြာတာ ဆူပါဗိုက်ဇာ ကို ရက်ဆာ..ရက်ဆာနှင့် တဆာထဲဆာနေကြမည့် ဆရာများဖြစ်၏။ သို့ သော် သူ့ အရပ်နှင့်သူ့ ဇာတ်ကတော့ တင့်တယ်နေ၏ ။ တကယ် ကိုယ်ကျိုးနည်းသည်က ကိုယ့်တိုင်းပြည်ဖြစ်၏။ ၀ံသာနု
စိတ်ဓါတ် ၊ မှန်ကန်သော တွေးခေါ်မှုဖြင့် အသံလွှင့်ဌာနများ အား ဆိုင်ရာတိုင်းပြည် ဆိုင်ရာအသံလွှင့်ဌာနတို့ ၏ မူ ၊လုပ်ထုံးလုပ်နည်းတို့ နှင့် လည်း မဆန့် ကျင် ၊ ကိုယ့် ပြည်သူ ပြည်သူများအားလည်းကူညီနိုင်သော အနေအထားကို ဖန်တီးယူ လို့ ရ၏။ သို့ သော် ပုံမလာ ပန်းမလာ များသာ မြင်နေကြားနေရ၏။
အင်တာနက်သတင်းဌာနများ
ကဲ.. သို့ ကလိုဖြင့် အခြားသော ပါးစပ်ကြီးများဖြင့်မအာနိုင်သည့် သတင်းဌာနများကရော။နာမည်ကြီးသတင်းဌာနများ ကိုကြည့်ကြပါစို့ ။
အိန္ဒိယပြည် အခြေစိုက် သတင်းဌာနနင့်၊ ယိုးဒယားပြည် အခြေစိုက်သတင်းဌာနများ ကိုတစေ့တစောင်းအကဲခတ်ရမည်ဆိုလျှင်.....အိန္ဒိယပြည်အခြေစိုက်သတင်းဌာန မှဆရာသမားများက ယိုးဒယားပြည်မှ ဆရာသမားများထက်စာလျှင် လူစကား နားလည်သေးသည်ဟု ကောက်ချက်ချရမည်။
သို့ သော် သူတို့ သည်လည်း စွတ်ရေး စွတ်တင် အကျင့်က အပြည့်။
ယိုးဒယားပြည်သတင်းဌာနများ အား တစေ့တစောင်းကြည့်မည်ဆိုလျှင် ခေတ်ပြိုင်နှင့် ဧရာဝတီဟူ၍ အထင်ကရမြင်ရမည်ဖြစ်ပြီး ဧရာဝတီ ကတော့ ဟိုက်စကူး ကျောင်းသား အရေးအသားဖြင့် အင်္ဂလိပ်လို စာမျက်နှာလည်းရှိပြန်၏။
ဧရာဝတီ သတင်းဌာနအားထူထောင်သူ ဘယ်သူဘယ်ဝါဆိုတာ စိတ်မ၀င်စား၊ ဘယ်သူတွေ ရေးသားလုပ်ကိုင်နေသည်ကို စိတ်မ၀င်စား ။ ပြူးတူးပြဲတဲ လုပ်တိုင်း စာလုံးကြီးကြီးဖြင့် အလန့် တကြားဖော်ပြတိုင်း လူဖတ်များမည် စောင်ရေတက်မည် ဆိုသည့် အမြင်ဖြင့် ရပ်တည်သော သတင်းဌာနသည်ကားခပ်ညံ့ညံ့ သတင်းဌာန နှင့် ချာတူးလန် ဂျာနယ်လစ်စ်ဆိုသူများတို့ သာ စုဝေးနေသော သတင်းဌာနဖြစ်၏။
အိုးဝေ ဦးညိုမြလို လူမျိုး တကောင်မှ မရှိ။ ပျိုးမွှေ အရူးလိုဖွ အဆင့်ပဲဖြစ်ပါလိမ့်မည်။ ပြောလိုက်လျှင် ကျနော်တို့ မီဒီယာသမား ကျမတို့ မီဒီယာသမား သူ့ မေဟိုဒင်း ကင်းကိုက်ပျားထိုး မီးလောင်သလို အထာတွေနှင့် မီဒီယာသမားလိုက်ရသည့်ဖြစ်ခြင်း တကယ် အရည်အသွေးပြည့်မှီသည့် သတင်းသမားတွေ
တော့ဖြစ်လာဖို့ လမ်းမရှိ။
သရော်စာ
သရော်စာ ဆိုပြီး တကယ်အတည်ပေါက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကရေးသလိုလို impersonate လုပ်သလိုလို အရေးအသားဖြင့် လည်း သရော်စာ ပါဟု ဖော်ပြလိုက်သေး၏။ မှတ်ချက် ။ ။ သရော်စာဖြစ်သည် ဆိုပဲ။လေးစားဖွယ် အတိ။ အော် အဲဒါသရော်စာကိုး လို့ ဖတ်ပြီးမှ ပဲ သရော် စာ ဟု ယူဆလိုက်ရ၏။
မရယ်ရပါ။ မတရားဖမ်းဆီးခံထားရသော လူထုခေါင်းဆောင်ကို သေးသိမ်အောင် ၊ လူရယ်စရာဖြစ်အောင် ၊သန်းရွှေ ကို လျှော့ပေါ့တွေးအောင် ၊ အော် ဒီလူကြီးက ဟာသကြီးပါ ဆိုတာလောက်ပဲဖြစ်သွား အောင် ဆိုသည်ကလွဲလို့  တခြား ရယ်ဖွယ် တခုမရှိ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အားမရသည်မှာ
မှန်ပါ၏။ ကိုယ်တိုင်လဲအားမရပါ။ သို့ သော် ကျန်ုပ်တို့ က နိုင်ငံခြားနေပြီး သေနတ်နှင့်အဝေးကြီး ။ ကြံ့ဖွတ်ဝါးရင်းဒုတ်နှင့်အဝေးကြီး ။ အချုပ်နှင့်ထောင်နှင့်အဝေးကြီး ကိုယ်ကျိုးနည်းမှုများနှင့်ယူဇနာတသိန်းလောက်က ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် အဖွဲ့ချုပ်၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ် မြင်ကြည့်ရန် ကြိုးစားခြင်းသည် မလျှော်ကန်ပါ။
ယခုထိ တိုက်ပွဲထဲတွင် ရန်သူ့  ၀ိုင်းပိတ်မှုကြားတွင် အတွေးအခေါ်လက်နက်မချပဲ မိမိအဖွဲ့အစည်း၏ အလံကို ခိုင်ခိုင်မြဲမြဲကိုင်ကာ ရပ်တည်ရင်း ပေးဆပ်လုပ်ကိုင်နေသော သူများ အား အားမရသည်မှန်သော်လည်း စော်ကား ရန်အကြောင်းမရှိပါ။
ဆရာကြီးဦးပုည၊ဆရာကြီးအချုပ်တန်းဆရာဖေ၊ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ဆရာကြီး အီကြာကွေး ဆရာကြီး သော်တာဆွေ ၊ ဆရာကြီးဂျက်(ကွမ်းခြံကုန်း) တို့ ၏ သရော်မှုများ ဟာသများ ၊ ကမ္ဘာ့ သရော်စာ သမိုင်းတွင် Medieval Europe ခေတ်၊ ဘော်လတဲယားတို့ ခေတ်မှသည် ယခုခေတ် Talk-show များဖြစ်သော အမေရိကန်ပြည်မှ ဒေးဗစ်လက်တာမန်း၊ ကိုနန်အိုဘရိုင်ရမ်တို့ အထိ ထိုသူတို့ ၏ ဟာသများ သရော်မှုများ ကို ပြန်ကြည့်လျှင်သိနိုင်ပါသည်။ စောက်ပေါနာမည်ဖြင့်ရေးချင်ရာရေးတိုင်းသရော်စာဟု ပြော၍မရပါ။ မကျိန်းသေလိုက်ပုံက လဲ မှတ်ချက်ပါ ထည့်ပေးရသည့်ဘ၀ဖြင့်ဆိုတော့ အင်မတန်သနားဖွယ် ဖြစ်ပေတော့၏။ ဤနေရာတွင် ကျွန်ုပ်အနေဖြင့် ငပွအရေးကျွမ်းကျင်သူ ဆိုသည့်ကောင်များ လို "ဟိုနိုင်ငံတုန်းကဟိုလိုလေ၊ ဟို ဟာက ဟိုလိုလုပ်မယ်ဆိုရင် ၊ လေ့လာမိသလောက်က ၊ ဒါက ဒီလိုပါ" ဆိုသည့် ရမ်းရွှီးအာဝါး မှုများကြောင့် ကိုးကားပြောဆိုမှု ပြုရသည်ကို မြင်ပြင်းကပ်သော်လည်းကိုးကား ပြောဆိုမှုများလိုအပ်ပါသဖြင့် ကိုးကားပြောဆိုပါမည်။ ကိုးကားပြောဆိုမည်ဟု ပြောမိသဖြင့် စာအုပ်စင်မှ Dictionary of Literary terms & literary theory စာအုပ်ထဲမှ စာကြောင်းအချို့ ကို ကိုးကား တင်ပြပါမည်။" The satirist is thus a kind of self-appointed guardian of standards, ideals and truth; of moral as well as aesthetic values. He is a man(women satirists are very rare)who takes it upon himself to correct, censure and ridicule the follies and vices of society and thus to bring contempt and derision upon aberrations from a desirable and civilized norm.Thus satire is a kind of protest, a sublimation and refinement of anger and indignation.As Ian Jack has put it very adroitly:'Satire is born of the instinct to protest;it is protest become art.'" ဒီတော့ ခပ်ညံ့ညံ့ ခပ်ချာချာ အရေးအသား ၊ ဗဟုသုတ ၊ညာဏ်ရည် ၊ကိုယ်ရည်ကိုယ်သွေးနိမ့်ကျမှုမှ ထွက်ပေါ်လာသည့် အတည်ပါအဟုတ်ပါ မိုးကြိုးပစ်သရော်စာပါဟူသော အမှိုက်သရိုက်မျိုး မျက်စိစူးဖွယ်ရာဖြစ်လာတော့၏။
ဝေဖန်ရေး
ဝေဖန်ရေး ကို ကိုင်တွယ်ရာတွင် မိတ်ဘက်ဆိုင်ရာဝေဖန်ရေး နှင့်အပြုသဘောဆိုင်ရာဝေဖန်ရေး ဆိုသည့်ကိစ္စကို ကြည့်ကြပါစို့ ။
ဝေဖန်ရေးတွင် အရိပ်အမြွက်ပြဝေဖန်ရေးရှိ၏။ သွယ်ဝိုက် အသိပေး ဝေဖန်ရေးရှိ၏။ ထိုအဆင့်များကိုကျော်လွန်၍ ကျွဲပါး စောင်းတီးဖြစ်လာချိန်တွင် ဗြောင် ပြော ဗြောင် ဆန့် ကျင်ဝေဖန်ရသော ဝေဖန်ရေးရှိ၏။
ဝေဖန်ရေး (Critique) လုပ်ရာတွင် နည်းပညာတစ်ရပ်ကို ဝေဖန်သော technical critique , လေ့လာ စမ်းသပ်မှုတရပ်ကို ဝေဖန်သော ဝေဖန်ရေး research critique ၊ အင်အားစုတရပ်အဖွဲ့ အစည်းတရပ် ကိုဝေဖန်သော ဝေဖန်ရေး organizational critique စသည်ဖြင့်ရှိကြ၏။
နည်းပညာ နှင့် လေ့လာစမ်းသပ်မှုများကိုဝေဖန်သော ဝေဖန်ရေးတွင် Data, variables, qualitative or quantitative , end results, trends, method, analytical approaches, စသည်ဖြင့် ရှိသကဲ့သို့ နိုင်ငံရေးအဖွဲ့ အစည်းတခု ခေါင်းဆောင်မှုတရပ်အင်အားစု တခု ၊လူတဦးတယောက်ကိုဝေဖန်ရာတွင်လည်း
အလားတူ ချည်းကပ်မှုများဖြင့် ဝေဖန်ကြ၏။ ငါ့စကားနွားရ ပြောဆို ငြင်းခုန်ခြင်းသည် ဝေဖန်ရေးမဟုတ်။ ငါ့အင်တာနက်စာမျက်နှာ ဘယ်သူတွေပဲလှူလှူ တကယ်တန်း ကိုင်ထားတာငါ ၊ငါရေးချင်တာရေးမယ် ငါတင်ချင်တာတင်မယ် ဆိုသည့် လုပ်ရပ်သည်လည်း မူမှန် အဆင့်ရှိသော သတင်း ဌာနမဟုတ်။
ကျွန်ုပ်ဝေဖန်ရေး တော်တော်များများ ရေးဖူးပါ၏။ သရော်စာတော်တော်များများရေးဖူးပါ၏။ကဗျာပေါင်းများစွာရေးဖူးပါ၏။ ကျွန်ုပ်ရေးသားသော စာများ ၊ ဝေဖန်ရေးများ ၊သရော်စာများ၏ end results အဘယ်ကဲ့သို့ ဖြစ်သည်ကို ကျွန်ုပ်ဝေဖန်သော ကွန်ုပ်သရော်သော ရေးသားချက်များကိုခံရသောသူများသာလျှင်သိပေလိမ့်မည်။ ကျွန်ုပ်မသိ။ သို့ သော်
ရည်ရွယ်ချက်မှန်ရန်တခုကိုသာကျွန်ုပ်အဓိကထား၏။ စာလုံးရွေးချယ်မှု မလုပ်၊ တန်း ချရေး တန်း ပို့ လိုက်သည်သာဖြစ်၏။ သို့ သော် ကျွန်ုပ်ရင်တွင်းဆန္ဒနှင့် စေတနာသည် မုန်း၍ မဟုတ် ။ ချစ်၍လဲမဟုတ်။ ပြည်သူလူထုထဲကပြည်သူတဦးအနေဖြင့် ရေးသင့်သည် ရေးမည်ဟုဆုံးဖြတ်ကာရေးချင်းဖြစ်၏။
ထိုသို့ ရေးသားရာတွင်လဲ သတင်းဌာနများ အင်တာနက်ဆိုက်များကို မပို့ ။ မိတ်ဆွေဖြစ်သူ ဆီသာ ပို့ သည်ကများသလိုကိုယ့်ဟာကိုယ်ဖန်တီးထားသောနှစ်ပဲ တပြားမကုန်သည့်ဘလော့လေးတွင်
တင်သည်လည်းရှိ၏။
ကျွန်ုပ် ၏ စာလုံးများသည် ရိုင်းသည်။ တုတ်ထိုးအိုးပေါက်ဖြစ်သည်။ စသည်ဖြင့်ပြောချင်ရာပြောစေတော့ ကိစ္စမရှိ ။ လွန်ခဲ့သော အခါတပါးက ဘလော့အကယ်ဒမီကိစ္စ ကျွန်ုပ်ကောက်ရေး၏ ။ ငှက်ကထကိုမောင်မောင်မြင့်က ၀မ်းနည်းပက်လက်လာရေးသွား၏။ ဟုတ်ပြီ အဲသည်နောက်ပိုင်း သူပြောသည့်အထဲက ယူသင့်သည့်ဆင်ခြင်သင့်သည့်ကိစ္စရပ်များ အား ဆင်ခြင်၏။ ယူ၏။ (နို့ ....
မုန်းကြလို့ မှဟုတ်ပဲကိုး၊ ကိုးယိုးကားယား လမ်းစဉ်လူငယ် မီးသတ်ဝတ်စုံဝတ် ဘုရားပွဲမှာမြောက်ကြွမြောက်ကြွဖြစ်သည်နှင့်တူသကဲ့သို့  ကမောက်ကမဖြစ်၍သာရေးလိုက်ခြင်းဖြစ်၏။ )
တော်လှန်ရေး နှင့် အဖွဲ့အစည်း
နောက်ဆုံး ကောက်ချက်ချရမည် ပြောရမည် ဆိုလျှင်တော့ ဧရာဝတီ သတင်းဌာန၊ မဇ္ဈိမ သတင်းဌာန ၊ခေတ်ပြိုင်သတင်းဌာနတို့ သည် ၁၉၈၈ တော်လှန်ရေး၏ အသီးအပွင့်များထဲမှ သတင်းလောကတွင်အောင်မြင်လာသော အသီးအပွင့်များဖြစ်ကြပါ၏။ ထိုကြောင့်လှပမွှေးပျံ့ ကာ အမှန်သတင်းနှင့်ပြည်သူလူထုအကျိုးပြု အသီးအပွင့်များအဖြစ်မြင်ရပြီး ခွေးလျားသီး နှင့်ခွေးသေးပန်းဘ၀မှ ပိုမိုလှပ တင့်တယ်သော ပန်းများအဖြစ် လူထုအား အဟာရပေးနိုင်သော အသီးများအဖြစ် တိုးတက်ဖြစ်ပေါ် ပြောင်းလဲသင့်ချိန်တန်ပြီဖြစ်ကြောင်း တင်ပြလိုက်ရင်းပါးစပ်ကြီးဖြင့် အာနေကြသော
သူများကိုကားလောလောဆယ် ဘေးမဲ့ပေးထားမည်ဖြစ်ကြောင်းအသိပေးရင်း နိဂုန်းချုပ်အပ်ပါ၏။
တုတ်ကြီး (တာဝတိံသာ)